Wednesday 1 December 2010

Pigeon = Flying Rats?


ရန်ကုန်မှာ ခိုတွေကို အစားကျွေးဖူး လို့ ဒီမှာ ကျမ သူငယ်ချင်းနဲ့ အတူ shopping center မှာ ထိုင်နေတုန်း အစာလာတောင်းတဲ့ ခိုတွေ ကို တွေ့  လို့  အစားနည်းနည်းလေး ချကျွေးမိတာ ဈေးလုံခြုံရေး က လာ တားမြစ် ပါတယ်။


ခိုတွေကို ပျံသန်းနေတဲ့  ကြွက်တွေလို့  ပြောကြပါတယ်။ ကြွက်တွေလို ကပ်ပါးရောဂါပိုးကို သယ်တတ်တယ်ဆိုလို့ ပါ။ဒါအပြင်ခိုတွေဟာ Eat & Breed and Poop ဘဲလုပ်လို့  ဘာမှအကျိုးရှိတဲ့ ကောင်တွေမဟုတ်ဘူးလို့  ဆိုကြပါတယ်။ စားမယ်၊ သားမွေးမယ်၊ အိမ်သာသွား မယ် ဒါတွေဘဲခိုတွေလုပ်နိုင်တယ် လို ဆိုကြပါတယ်။

အခုနေတဲ့ အိမ်ရဲ့ အနောက်ဖက်လမ်းမှာ ခိုတွေ အများကြီးပါဘဲ။ ဒီရပ်ကွက်မှာ နေထိုင်ကြတဲ့ သူတွေကတော့ ဒေသခံအင်္ဂလိပ်တွေ အပြင် အိန္ဒိယန်၊ ပါကစ်စတန်၊ အရှေ့ ဥရောပ နိုင်ငံသားများနဲ့  ဆိုမားလီယာန် နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ တချို့ ဈေးဆိုင်ပိုင်ရှင်တွေကတော့ လူတွေမသိခင် အစာချချကြွေးတတ်လို့  ခိုအုပ်အင်အားကတော်တော် တောင့်တင်းပါတယ်။

အစာ ကိုမက်နေတဲ့ ခိုတစ်ချို့ ဟာ တခါတလေ ကားကို မရှောင်နိုင်ကြပါဘူး။ ကားတွေက လဲ မနင်းမိအောင်သတိထားပေမဲ့  နည်းနည်း ရဲတဲ့ ကောင်တစ်ချို့  အကြိတ်ခံရတာ မြင်ရပါတယ်။

ခိုတွေကို ဒီကလူတွေက flying rats လို ဆိုကြပေမဲ့  ကျမအထင်တော့ ခိုတွေဟာ ကြွက်ထက် ပိုပြီး smart ကျပါတယ်။ သူတို့ မိုင်၆၀၀ လောက်အထိ ပျံသန်း နိုင်ပြီး တနာရီကို မိုင် ၄၀ မှ ၅၀ အတွင်းအရှိန်နဲ့ ပျံနိုင်ကြပါတယ်။

Pigeon ကိုကျတော့ လူတွေ မကြိုက်ကြပေမဲ့ Dove ကျတော့ ဘာလို့ လူတွေ ကြိုက်ကြတာလဲ ကျမ မစဉ်းစားတတ်ပါဘူ။။ ငြိမ်းချမ်းရေးငှက်လို့ ဆိုတဲ့ Dove ဟာလဲ Pigeon မျိုးစိတ် ဆင်တူ ထဲက ဘဲမဟုတ်ပါလား။ Dove က အကောင် နည်းနည်းညှပ်ပြီး ဖြူတယ် ပို လှတယ် Pigeon ကတော့ ခဲရောင် ခပ်မှိုင်းမှိုင်း၊ အကောင်နည်းနည်း ဖွံ ပြီး လူကြားထဲမှာ အစားရှာ တတ်တယ် ။ယဉ်ပါးလွယ်တယ်။ ဒါနဲ့ ဘဲ Pigeon နဲ့  အဆင့်အတန်းချင်းတော်တော်ကွာသွားတယ် ထင်ပါတယ်။ သူတို့ ဟာ မျိုးစိတ်ဆင်ပြီး အသွင်နည်း နည်း ကွဲတဲ့ ဆိတ်နဲ့ သိုးလို မျိုးလို့ ထင်ပါတယ်။


အခု ဒီမှာ ရာသီဥတုတော်တ်ာလေး ပြင်ထန်းလာပါပြီ။ သူတို့ တွေဘယ်လို နေကြတယ်ဆိုတာ တခါတစ်လေတွေးနေမိပါတယ်။ ခွေးအ လို့ ခေါ်တဲ့  တောခွေးတွေ ဟာလဲ ညဘက်ညဘက်ဆိုရင် ဆာလို့ ထင်ပါတယ်။ အမှိုက်အိပ်တွေ လာလာ ဖေါက်စား ကြတယ်။ အိမ်မွေးတိရိစ္ဆာန်တွေ ကတော့ အိမ်ထဲမှာ မီးလင်းဖို နဲ့ ငြိမ့် နေနိုင်ပေမဲ့  လမ်းဘေးက လူတွေ မကြိုက်တဲ့  ခိုတွေ၊ ခွေးအတွေ ကတော့ သူတို့  survival အတွက် အစားရှာ ထွက်နေကြရ စမြဲ မဟုတ်ပါလား။




တခါတစ်လေ အစားခိုးကြွေးချင်ပေမဲ့  မြေကြွက် အကောင်ကြီးတွေ သောင်းကျန်းမှာ ရယ် ရပ်ကွက် ကောင်စီ ကနေ လာပြီး သတိပေးမှာရယ်ကို ကြောက်တာနဲ့  မကြွေးဖြစ်ပါဘူး။ ဖြစ်နိုင်ရင် ခိုတွေ ခွေးအတွေ ကို ဒီနားမှာ မရှိစေချင်ဘူး။ မနေ့ ကတောင် အိမ်နားက ကြွက်အော်သံကြားမိတယ်။ ဒီအိမ်က ကြောင်ကြီး၂ ကောင်က ဝဝ ဖီးဖိးကြီးတွေ သူတို့ လဲ ကြွက်ခုတ်တတ်ပုံမပေါ်ဘူး။


ကိုင်း ဒီလောက်ပါဘဲ။

2 comments:

  1. Dove နဲ့ Pigeon ဘယ်ဟာက ဘယ်ကောင်မှန်းတောင်မသိ.....

    ReplyDelete
  2. ရိုးရို3း December 2010 at 02:48

    Dove = ခိုဖြူ (ငြိမ်းချမ်းရေးငှက်) သူ့ နာမည်နဲ့  ဆပ်ပြာထုတ်တယ် နာမည်ကြီးပါသည်။
    အသံထွက် ကတော့ ဒပ်(f) လို့ ထွက်ပါသည်။ ဒုတ်(f) လို့ မထွက်ရပါ။

    Pigeon = ခို (သူကတော့ ခဲရောင်မျိုးဖြစ်ပါသည်။ အစာတောင်းစားတတ်ပါသည်။ ဘုရားတွေနားမှာ နေပါသည်)
    ညည်းသံကြီး ပြုတတ်ပါသည်။ ခို ညည်းသံ ကိုကြားပြီး သူရဲခြောက်သည် ထင်ပြီး ကြောက်ဖူးပါသည်။

    ReplyDelete