Sunday 27 February 2011

My home is my palace ကိုယ့်အိမ်ဟာ ကိုယ့် နန်းတော်

လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ခင်းထားသည့် အောက်ထပ် လျှာထိုးအထပ်သား ကြမ်းခင်း တော်တော် အိုဟောင်းလောက်ပြီ။ မိုးအခါ စိုစိ စိုစိဖြင့် အိမ်ရှေ့ ဖိနပ်ချွတ်နေရာ ခင်းထားသည့် သံမံတလင်းမှ တဆင့် အောက်ထပ် အခင်းကို ဆက်တက်ရသဖြင့် ရာသီဥတု ဒဏ်တော်တော် ခံထားရပြီ။ နွေအခါ အပေါ်ထပ်မှာ အပူရှိန် ပြင်း သောကြောင့် အောက်ထပ်မှာဘဲ မိသားစု အချိန်ဖြုန်းတတ်ကြသဖြင့် ဒီကြမ်းခင်း ကိုပြုပြင်မှ ဖြစ်တော့မည်။

စိတ်ထဲ ရှိတဲ့ အတိုင်းသာ လုပ်လို့ ရရင်တော့ ဒီဇိုင်းအသစ်ဆွဲကာ အသစ် ပြန်ဆောက်လိုက်ချင်သည်။ နွေရာသီ ပူစပ်ခါးကြီး ကို အန်တု နိုင်မည့် အဲယားကွန်း တပ်လို့ ရသည့်အိမ်မျိုး ဆောက်ချင်သည်။လက်ရှိ ပြတင်းပေါက်တွေကို မကြိုက်။ တပ်ထားသည့် သံတိုင်တွေကိုလဲ မကြိုက် စိတ်သာရှိသည် ခေတ်ကာလ နှင့် အလုပ်အကိုင်က မကောင်းသေး မီးကလဲ ပုံမှန် မရှိ လာတစ်ချက်မလာတစ်ချက် (ထုံးစံအတိုင်း) နေရောင်ချည်သုံး အဲယားကွန်း၊ မီးဖို၊ တွေ ခေတ် ဘယ်တော့ထွန်းကားမလဲ မသိသေး။ နွားချေးဖြင့် လျှပ်စစ်မီးထုတ်တဲ့ စီမံကိန်း လဲ ဘာသံမှမထွက်တော့။ ပြောရ အကုသိုလ်များသည်။ ဒါတွေထားလိုက် ဦး အသစ်ဆောက်လျှင် ကြီးကြပ်မည့်သူ နားလည်သူ က မောင်လေးတစ်ယောက်သာ အိမ်တွင်လောလောဆယ် ရှိသဖြင့် သူဝန်ပိနေတော့မည် သူလဲအမြဲ အလုပ်ရှုပ်နေသူ မို့  အသစ်ပြန်ဆောက်ဖို့  က စဉ်းစားစရာ။

အိမ်ဘေး ပတ်လည်မှာ စိုက်ထားတဲ့ သရက်ပင် တွေကလဲ အသက် ၂၀ ကျော်ပြီမို့ ပင်အိုတွေလို့ ပြောနိုင်သည်။ သူတို့ ဆီက အရွက်တွေ သွပ်မိုးပေါ် တင်တော့ အမိုးလဲ အရင်ကလို သွပ်ရောင်တလက်လက်ဖြစ်နေတော့မည်မထင်။ ရေနံချေးသုတ်ထားသည့် အိမ်အပေါ်ထပ် ဘေးနံရံများလည်း ခုဆို ရာသီဥတုဒဏ်ကြောင့် ကောင်းတော့မည်မထင်။ အိမ်ဝင်းထဲမှာ ဆွမ်းခံ ကိုယ်ရင်လေးများ၊ မယ်သီလများ ကြွလာလျှင် ထိုင်နားစရာ ခိုင်ခိုင်ခန့် ခန့်  ခုံလေးတွေရိုက်ချင်သည်။ သစ်ပင်ပန်းပင်တွေလဲ အမြဲတန်းစိမ်းနေအောင် အော်တိုမစ်တစ် ရေပန်းတစ်ခု တပ်ချင်သည်။ အိမ်ရှေ့ လမ်းကိုလဲ ဖုန်မထအောင် ရေဖြန်းလို့ သည့် လူအားမစိုက်ရသည့် ရေပန်းမျိုးပေါ့။ ဒါတွေထား အခု လောလောဆယ် ကြမ်းခင်းကို ဘယ်လို ပြင်ကြမလဲ လောလောဆယ်တော့ ကြွက်တွေ အခေါင်းဖေါက် တဲ့ ရန်က ကင်းအောင် ဘုန်းဘုန်း လက်စွဲ အင်ဂျင်နီယာ ဦးဂွတို ကို ငှားပြီး အင်္ဂတေ သာခင်းလိုက်ဖို့  အကြံပြုလိုက်တော့မည်။

ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ကိုယ့်အိမ်ဟာ ကိုယ့်နန်းတော် ပါဘဲလေ။ အိမ်ကိုလွမ်းသည်။

3 comments:

  1. အဲကွန်းကိုလုံးဝမှီခိုတဲ့ အိမ်တော့ တပ်ဖို့  မဖြစ်နိုင်ဘူး... အပြင်က ဓါတ်တိုင်တွေလည်းကြည့်ဦး.. သာခွေယိုင်ကုန်ကြပြီ ပါဝါကေဘယ်တွေ မှမကောင်းပဲ မီးမှန်ဖို့ လဲ မစဉ်းစားတော့တာကြာပေါ့...

    အိမ်ကိုတော့ ၁ ထပ် ကျယ်ကျယ်လေး ဆောက်တာ ကောင်းတယ်လို့  စိတ်ကူးမိပေမယ့် စိတ်ကူးသာရှိပြီး ကျန်တာဘာမှမရှိ....

    စိတ်နဲ့  ကိုယ် တစ်ထပ်တည်းကျကြပါစေသား..... :P

    ReplyDelete
  2. ရဲဘော်တို့ ၇ယ်...အခုစိုက်မြေပြန်ကိုထွက်ရတော့မယ်....
    ငတ်မယ်...ပြတ်မယ်...
    ချစ်ပြုံးနှင်းဆီတပွင့်နဲ့ တော့...တိုက်အိမ်ဆောက်ဖို့ ....မကြံစည်နိုင်ပါကွယ်...တကယ်ဘဲ..တိုက်အသစ်ဆောက်ဖို့ ..
    ဆင်းရဲဒုတ်ခခံစရာမလိုပါတယ်....
    ငှဲငှဲ...ရဲဘော်တို့ စိုက်မညစ်ကြပါနဲ့ ...ဘိုးဘိုးအောင်နဲ့ ရှင်အစ်ဇဂေါနတို့ ..
    မတဲ့ (၀ိတ်မတာမဟုတ်) နေ့ ကျရင် ..ဆောက်ကြတာပေါ့.
    လောလောဆယ်မရှိအေးအေး..ရှိအေးအေး...ထမင်းအေးယပ်တောင်
    ခပ်စားပီး..၀မ်းဖောဝမ်းယောင်ဖြစ်တာရှောင်ကြတာပေါ့အေ။
    အဟီး။
    ငါတို့ လူမျိုး သူခိုးတဦး။

    ReplyDelete
  3. ရိုးရိုး28 February 2011 at 11:25

    တနေ့ တလံ ပုဂံဘယ်ပြေးမလဲ။
    အိတ်ထိယ တို့ လုံးလ သေခါမှလျှော့မကွဲ့ ။
    ခဲထားတာ ခဲထားတာ လေ။

    ReplyDelete