Wednesday 2 March 2011

အချစ်မဟုတ်တော့ဘူး ရှင်းရှင်းဘဲပြောမယ်။

့စိတ်အေးအေး နားရတဲ့ ဒီရက်ကလေး တွေ နက်ဖန်ဆို ပြီးပြီ အလုပ်များတော့မယ်။ ရာဟူး ထဲက တစ်ခု ကို ဆီလျှော်သလို ဘာသာပြန်ပြီး ပိုစ့် လေးတစ်ခု တင်လိုက်ပါတယ်။

လူနှစ်ဦးချစ်ကြကြိုက်ကြတယ်ဆိုရင် အချိန်တိုင်းရဲ့  ၈% လောက်မှာ လုံခြုံနွေးထွေး မှု ရှိသင့်ပါတယ်။


ချစ်သူနဲ့  နောက်ဆုံး ဘယ်အချိန် ဘယ်နေ့ မှာ ရန်မဖြစ်ဘဲ ပျော်ပျော်ရွှင် ရွှင် ၊ ငြိမ်းငြိမ်း ချမ်းချမ်း ရှိနေခဲ့တာကို တောင်မှ မမှတ်မိ နိုင်အောင် နေ့ တိုင်း စကားများ ရန်ဖြစ် နေခဲ့ ရရင်တော့ ဒီ relationship ဟာ အစစ် အမှန်မှ ဟုတ်ရဲလား လို့စဉ်းစားသင့်ပါတယ်။






ပျော်စရာ သက်သက် စတာနောက်တာ လောက်ကတော့ ခွင့်လွတ်လို့ ရပါတယ်။ ဒါပေမဲ့ လူရှေ့ သူရှေ့ မှာ ကို ယ့်ကို သူများရယ်စရာ သတ္တဝါ လို အကြည့်ခံရအောင်လုပ်တာ ချိုးနှိမ်တဲ့  သဘောသက်ရောက်အောင် လုပ်ခဲ့ရင်တော့ ဒီ relationship ရဲ့ အခြေအနေ ဟာ အက်ကွဲသံထွက်နေပြီ လို့ ပြောချင်ပါတယ်။

ပြသနာ ရင်ဆိုင်စရာ ကြုံလာတိုင်း ဒေါသတွေကို ကိုယ့်ဆီ ယူလာ တတ်တာမျိုး တိုင်တိုင် ပင်ပင် ဖြေရှင်းဖို့  ဘယ်တော့မှ ရှိခဲ့ဘူး ကိုယ့် ကို ပါ moody ဖြစ်လာပြီ ဆိုရင် လမ်းခွဲသင့်တဲ့  အချက်တစ်ခု ဖြစ်ပါတယ်။

အချစ် မမြင်ရင် အပြစ် ဝင်တတ်သတဲ့  ။ အရင်တုန်း က ချစ်သူ ဟာ ဗရုတ်သုတ်ခ ဖွတတ်တာ ရှင်းဖို့ လင်း ဖို့၊ သိမ်းဖို့  စိတ်ကူးနည်းနည်းမှ မရှိတာ ကို ချစ်စခင်ခမှာ တော့ အပြစ် မမြင်ပေမဲ့  ကြာတော့ စိတ်အချဉ် ပေါက်လာရင် ခြေသလုံး မွေးထူတာ ၊ရေချိုးခန်း ထဲမှာ သီချင်း အော်ဆိုတာ လူရှေ့  မှာ အာဘောင် အာရင်းသန်တာ စတဲ့ မနှစ်မျိုစရာ လေးတွေကို ကိုယ်စိတ်ထဲမှာ လက်မခံစရာ အပြစ်မြင်လာခဲ့ ရင် လမ်းခွဲဖို့  စဉ်းစားပါ။




ရင်းနှီးတဲ့  လူတွေဆို ရင် ကျေးဇူးပဲနော်ဆိုတဲ့  စကားမျိုး ပြောလေ့ပြောထ မရှိပါဘူး။ ဒါပေမဲ့  အချစ်ခံချင်သူတိုင်း ဟာ ကိုယ့်တစ်ခုခု ချစ်သူအတွက်လုပ်ပေးတိုင်း အသိအမှတ်ပြုတာ ချီးမွမ်းတာလေး တွေတော့ မျှော်လင့် တတ်ကြပါတယ်။ ပါးစပ်နဲ့  ဖွဲ့ ဖွဲ့  နွဲ့  နွဲ့  ထုတ်ပြောမှ ဒါတွေကို သိတာမဟုတ်ပါဘူး။ "ဒီဟာလေး မင်းပြင်ပေးထားတာ ကောင်းတယ်။ တော်တော်အသုံးတည့်တယ် " ..... "တော်သေးတာ ပေါ့ မင်းသတိပေးလိုက် လို့  မို့ လို့ ဆို ငါရုံးမှာ အထောင်းခံရမှာ " "မနေ့ က မင်းချက်တဲ့ ဟင်း အစပ်တည့်တယ်" တို့  ဆိုတာမျိုးတစ်ခွန်းနဲ့ တင် လုံလောက်ပါတယ်။ အပိုတွေပြောတာမျိုးမှ မဟုတ်တာ သူငယ်ချင်းချင်းချင်းတောင် ပြောဖြစ်ကြမှာပါ။ ကိုယ့်သူငယ်ချင်းက ကိုယ့်အတွက် တစ်ခုခု အဆင်ပြေအောင်လုပ်ထားပေးရင်လေ။ ဒါတွေမှ မရရင်တော့ အင်း ..... စဉ်းစားပါ။




အရေးကြီးတဲ့  အနာဂတ်လမ်း အတွက် တိုင်ပင်ကြရင် သူ လျှောက်မဲ့ လမ်းနဲ့  ကိုယ်လျှောက်မဲ့ လမ်း ဟာ မတူရင် တော့ ရှေ့  လျှောက် ဒီချစ်သူနဲ့ ဆက်ပြီး လက်တဲ့ဖို့  သေသေချာချာစဉ်းစားသင့်ပါပြီ ။ တနေ့ နေ့ ပြောင်းလာနိုးနဲ့  မျှော်လင့်နေရင်တော့ ဒါဟာ လောင်းကစားတစ်ခုလို ပါဘဲ ။ မသေချာတဲ့ ဖြစ်လာနိုးပြောင်းလာနိုးဆိုတာ သိပ်မျှော်လင့်ဖို့  အားမရပါဘူး။ ကိုယ့်လက်ထဲ ရောက်မှ ပြုပြင်ယူမယ်လို့  ဆိုတဲ့ အတွေးရှိနေရင် နှစ်ခါပြန်စဉ်းစားပါ။ ကိုယ်ပြောင်းလဲတာကို သူက တကယ် ခံမှာလား။ ကိုယ်ဘဲ သူပုံစံချတဲ့ ဘောင်ထဲကို ရောက်သွားမလားဆိုတာ ။




တွဲလာတဲ့  တစ်လျှောက်မှာ အရေးကြီး အမှတ်တရ နေ့ 
လေးတွေ ဖြစ်တဲ့ ချစ်သူရဲ့  မွေးနေ့ ၊ နှစ်ပတ်လည်နေ့  ၊ဒါတွေကို မေ့ နေရင်တော့ စဉ်းစားပါ ။ နောက်ကျပြီးမှာ သတိယ ခဲ့ ရင်တောင် အလုပ်တွေများလို့  ၊ သတိမေ့တာတို့  အလုပ်ထဲက pressure ကြောင့်မေ့တာ တို့ ဆိုတဲ့ excuses တွေ အကြိမ်ကြိမ် များလာရင် သူဟာ ကိုယ့်ကို အလေးအနက်တကယ်ထားသလား ဆိုတာ ဆန်းစစ်ကြည့် ဖို့ လို ပါတယ်။




တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုးတဲ့ သင့်ချစ်သူ ရဲ့ အပေါင်းအသင်းတွေ ဟာ သင့် စရိုက်၊ စိတ်နေ သဘောထားနဲ့  မကိုက်ညီဘူး။ သင့်စိတ်ထဲမှာ လက်မခံနိုင်ဘူးဆိုရင် စဉ်းစားပါ သူဟာ ကိုယ့်အတွက် the one လားလို့ ။

အရင် စပြီး date လုပ်တုန်း က phone call တွေ text msg တွေဟာ စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပေမဲ့ အချိန်တွေ ကြာလာခဲ့ ရင် ရိုးသွားတတ်ပါတယ်။ အခုလက်ရှိအခြေအနေမှာ ကော အရင်က လို စိတ်မျိုးမဖြစ်လာနိုင်ရင်တောင်မှ အဲဒီ msg တို့ call တို့ လာရင် စိတ်ထဲမှာ မသက်မသာဖြစ်နေ ခဲ့ရင် စဉ်းစားပါ ကိုယ်ဘက် က သူ့  ကို long term relationship အဖြစ် ဆက်တွဲ နိုင်ပါ့ အုန်းမလား။





သင့်ကို တကယ်ချစ်ရင် သင်နဲ့ ပတ်သက်တဲ့ မိသားစုကို လဲ သူဟာ လက်ခံ ပါလိမ့်မယ်။ ခင်ခင်မင်မင်ရှိပါမယ်။ ကိုယ့်မိသားစုကို အဆိုးဘက်က ဝေဖန်မှတ်ချက် ခဏခဏပေးနေရင်၊ ကိုယ့်မိသားစု ကို ယဉ်ယဉ်ကျေးကျေး မဆက်ဆံရင် ဘယ်တော့မှ သင်တို့  နှစ်ယောက်ရဲ့  အနာဂတ်ဟာ ပျော်ရွှင်စရာဖြစ်လာမှာမဟုတ်လို့  ဒီလို လူမျိုးကို လမ်းခွဲဖို့ စဉ်းစားပါ။

5 comments:

  1. တယ်ကောင်း။

    ReplyDelete
  2. တကယ်ကောင်းတယ် အစ်မရေ ...
    btw,can u guess wht today is? ပုံမှာ ဖယောင်းတိုင်တင်ထားတော့ နှစ်ပတ်လည်နေ့ ဆို ဘာပုံတင်မလဲ မသိဘူးနော် ... :)

    ReplyDelete
  3. နံပါတ်ကလေးနဲ့  ဖယောင်းတိုင်များတင်မလားမသိဘူး ညယံ ရေ။

    "ရှင်မေ့ပြီမဟုတ်လား၊ ဒီနေ့  ကျုပ်ကရှင့်ကို အဖြေပေးတဲ့ နေ့ လေ။ "

    "အေ ဝုတ်လား ညက များသွားတယ်။ ဆောဒီးဆောဒီး "

    ဒီလိုနဲ့  နောင်ဂျိမ့် နောင့် ဂျိမ် ပေါ့နော်။ ဟားဟား

    ReplyDelete
  4. အို သိပ် သိပ် ကောင်း :)

    ReplyDelete
  5. အေ....... တို့ က အရွယ်မရောက်သေး ဒါတွေ မစဉ်းစားဘူး ခုမှ ၂၉ စွန်းစွန်းပဲဟာကို .... :D :D :D

    ReplyDelete