Saturday 26 March 2011

မြန်မာ စစ်သားတစ်ယောက်အကြောင်း

ပြည်တွင်းစစ် ကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့  မြန်မာ စစ်သားတစ်ယောက်ရဲ့  အတွေ့  အကြုံကို အရှိကို အရှိအတိုင်း တင်ပြထားတဲ့ ဗွီဒီယို တစ်ခုဖြစ်ပါတယ်။ ဦးမျိုးမြင့်ဆိုတဲ့ စစ်သားဟောင်းကြီးတစ်ယောက်ရဲ့  ရိုးရိုးကြီး ရှင်းပြထားတဲ့ ဗီဒီယိုပါ။

မြန်မာစစ်တပ်ကို ကျမ ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး။ မြန်မာစစ်တပ်မှာ နှလုံးသားရှိတဲ့ ဝါဒမှိုင်းတိုက်မခံတဲ့ ဦးနှောက်ရှိတဲ့ စစ်သည်တော်တွေ အများကြီးပါ။ ဒါပေမဲ့ စစ်တပ်ကို အုပ်စိုးတဲ့  အာဏာရှင်တွေ ဟာ မတရားအတ္တဝါဒီနဲ့  တိုင်းပြည်ရဲ့  အသွးအသားကို ဝါးမြို ခဲ့တာ ကြာခဲ့ပါပြီး ။

ဒါကြောင့် ဒီမတရား အစိုးရ ဘယ်တော့ ကျဆုံးချုပ်ငြိမ်းမလဲ ဆိုတာကို မျှော်လင့်နေမိပါတယ်။ ဒီပိုစ့်  ဟာ စိတ်လက်ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့ ဗွီဒီယို ပိုစ့် တစ်ခု မဟုတ်လို့  စာဖတ်သူတို့ ကို အားနာပါတယ် ဒါပေမဲ့ ဒီ ဗွီဒီယိုလေးကို စာဖတ်သူတို့  ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။ vimeo site ကနေ တိုက်ရိုက် ကြည့်ချင်တယ် ဆိုရင်တော့ http://vimeo.com/21435257 မှာကြည့်ပါ ။


1 comment:

  1. ဒါမျိုးတွေ အများကြီးပါပဲလေ.... ပြည်တွင်းထဲမှာ တောင်းစားနေတဲ့ ခြေပြတ် တွေ အကုန် နီးပါး စစ်သားဟောင်းတွေချည်းပဲ..

    ReplyDelete