Friday 11 March 2011

ဒါ ဘယ်သူ့ ကြောင့်လဲ

ဂျပန် (အာရှနိုင်ငံ) ချမ်းသာတယ်။ စက်မှုတိုးတက်တယ်။ ခု ဆူနာမီဖြစ်တယ်။ International Aids ကိုချက်ချင်းလက်ခံတယ်။ ကယ်ဆယ်ရေး ကို ချက်ခြင်း လုပ်တယ်။

မြန်မာ (အာရှနိုင်ငံ) ဆူနာမီဖြစ်ခဲ့တယ်။ နာဂစ်မုန်တိုင်းကျခဲ့တယ်။ ဂီရိ မုန်တိုင်းလဲ နှိပ်စက်ခဲ့ တယ်။ International Aids ကို လက်မခံခဲ့ ဘူး။ အထောက်အပံပေးချင်ရင် သူတို့ လက်ထဲက နေ တဆင့်ပေးရမယ်တဲ့။

အစားအသောက်လေးတွေပုံ ပါတဲ့  ဈေး ဆိုတဲ့  ဘလော့ဂ်ပိုစ် http://vistazplanet.blogspot.com/ က တင်ထားတဲ့ပုံတွေကိုကြည့်ရင်း အဖွားအိုတစ်ယောက် ကျုံ့  ကျုံ့ လေး ထိုင်တောင်းနေတာ တွေ့ တော့ မျက်ရည်ကျမိတယ်။

တွေးမိတိုင်း ရင်ထဲမှာ မချိဘူး။ ဒါ့ကြောင့် အားအားရှိ ထမိန်ဝတ် အုပ်ရှောင် ကိုဘဲ လွှတ် ဆဲ ချင်နေမိတယ်။

5 comments:

  1. ဟေ ... ဘယ်နှာ့ အစားအသောက်ပို့ စ်နဲ့  ဟိုအုပ်ရှောင်နဲ့  ပတ်သတ်သွားရတာတုန်း.... လင်းစမ်းပါဦးလေ.... :)

    ReplyDelete
  2. ရိုးရိုး12 March 2011 at 00:46

    မှားသွားတယ်။ အစားအသောက်တွေ တင်ထားတဲ့ ပိုစ့် တစ်ခု နာမည်ရေးတာ။

    ReplyDelete
  3. စာကြောင်းတွေ ပြင်လိုက်ပြီ ။ ဂ နေ့  အိန်တာ နက်က ရွာသူနှောက် ယှက်နေလို့ ။ ဂါထာမန္တယားတွေ နဲ့  မန်း ပြီး တင်လိုက်ရတာ။ သန်းကျူး ပါ မောင် ဖိုးတက် ရေ။

    ReplyDelete
  4. ဟုတ်ပနော် .. ဂျပန်မှာ ငလျှင်လှုပ်ပြီးတာနဲ့ ရွက်ဖျင်တဲတွေရော ..စားစရာတွေရော .. လူနာတင်ကားတွေရော ချက်ချင်းစီစဉ်ပေးနိုင်ဒယ်... ရွှေပြည်ကြီးမှာတော့ ဟိုလူအမိန့် စောင့် ၊ ဒီလူညွှန်ကြားတာ နာခံရ .. နောက်ဆုံးကျ လူဂျီးတွေပဲ ခွဲဝေယူသွားကြရော ... ပြောနေအပိုပါပဲ .. တိုးတက်မှာလည်း မဟုတ်ပါဘူး... ဒီလူကြီးတွေ ရှိနေသ၍ ..

    ReplyDelete
  5. ဟာ..အဖွားတွေအဖိုးတွေတောင်းတာတွေ...မရေးကြပါနဲ့ဟာ။
    စိတ်မကောင်းလို့ ပါ။
    မွဲခြောက်နေတဲ့မျှော်လင့်ချက်မဲ့တဲ့မျက်လုံးလေးတွေကိုမြင်ယောင်ရင်
    စိတ်မကောင်းဘူးဟာ။

    ReplyDelete