Monday, 16 May 2011
မယ်လမင်း ရဲ့  ကြက်ဍီကာ
တနေ့သနှိုက် ကျွန်ုပ်ဧ။်သူငယ်ချင်း ၀တိုတိုအမျိုးသမီးသည် နာလန်ထလူမမာထုံးစံစားချင် သောက်ချင် စိတ် များတဖွားဖွားဖြစ်ပေါ်လျက်ရှိရာ သူဧ။် သူငယ်ချင်း ခပ်ပျင်းပျင်း ကျွှန်ုပ်ကိုလည်း အားမကိုးရသည့် အလျောက် အပ်တာဟိအပ်တာနော နာထော ထုံးနှလုံးမူလျက် မီးဖိုထဲဝင်ကာ ဂါဝန်ကို ခါးတောင်း ကျိုက်လျက် ချက်ပြုတ်ရှာလေသည်။
ကျွှန်ုပ်မှာကား အလကားနေသည်မထင်လိုက်ပါနှင့်။ ထိုအမျိုးသမီးချက်ပြုတ်နေချိန်တွင် ဓါတ်သဘာဝ တို့ ဧ။် ဖေါက်ပြန်သော သဘောကြောင့် လေအေးပေးစက် ခရစ်တော်နှိုက်အိပ်ပျော်သွားရာ အပူဒဏ်ကို အန်တုနိင်ရန် လျှပ်စစ်လေဒလက် တလုံးကို နေပူပြင်းပြင်းအောက်မှာချွေးတလုံးလုံးနှင့် သွားဝယ်ပြီးသကာလ မြတ်စွားဘုရားဟောကြားခဲ့သည် လမ်းစဉ်အတိုင်း ကိုယ့်အားကိုယ်ကိုးကာ ပင်ပန်းတကြီးတပ်ဆင်လျက်ရှိပေသည်။
(စကားချပ်….ဗဟုသုတအရာနိုက် ကျွမ်းကျင် လိမ်မာလှသော အကျွန်ုပ်သည် မတ်တပ်ရပ် လျှပ်စစ်လေဒလက်ဧ။် ရှည်အောင်ထုတ်ရသော သံအရိုးတံကိုမတွေ့ သဖြင့် ရောင်းလိုက်သောဆိုင်မှ သကောင့်သား မောင်ကုလားများကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ရှစ် (နွားချေး) ဟုမကြာခဏ စိတ်ဆိုးတိုင်း ဂါထာစုတ်လျက်ရှိရာ သံအရိုးတံမှာ မနေနိုင်တော့ဘဲ အောက်ခံ အရိုးတံထဲမှ ထွက်ကျကာ ကိုယ်ရောင်ပြရလေသတည်း)။
ထိုသို့  ၂ယောက်သားကိုယ်သန်ရာသန်ရာကဏ္ဍတွင် လုံ့ လစိုက်ထုတ်ကြရာ နာရီ ၂မောင်းတီးအချိန်တွင် ထမင်းဟင်းများ လည်းကျက် ကာ ကျွန်ုပ်ဧ။် လေဒလက်သည်လည်း သူ့ ဂျူတီကိုစ၀င်နေပေပြီ။ အာရုံစိုက်မှုတခုခုမရှိလျင် မရပ်တည်နိုင်သော လူ့ သဘာဝအရ အာရုံနောက်တမျိုးပြောင်းကာ ဆာသော ဝေဒနာကို အလွန်အမင်းခံစားရလေသည်။
သို့ နှင့် နေ့ လည်စာ အချိန်လွန် အဟာရမှီဝဲခန်းစလေရာ ကျွန်ုပ်သူငယ်ချင်းချက်ပြုတ်ထားသောဟင်းနှင့် စားကောင်းခြင်းမက ဘိုက်ကားအောင်စားမိကာ လေဒလက်မှအေးသောအရသာကြောင့် စားပီးသည်နှင့် ခင်းထားသောအိပ်ယာပေါ်သို့  ကျောဆန့် ကာထမင်းလုံးစီမိလေသည်။
ထိုသို့ မှေးတေးတေးအိပ်ပျော်မလို မပျော်မလို ကာလတွင် ကျွန်ုပ်စိတ်နှိုက် စားခဲ့သောဟင်းကိုပြန်တွေးကာ ကြက်ဋီကာ ဖွင့်သည်ကို ကြားသော ၀တိုတိုသူဝယ်ချင်းသည် စိတ်ဆိုးရလိုရီရမလိုဖြစ်ပေတော့သည်။
ကျွန်ုပ်။ ဟဲ့..ငါတို့ စားတာဒီနေ့ ကြက်သားဟင်းနော်။ နောက်တခုက ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့  ကြော်တာ။
သူငယ်ချင်း။ အေးလေ. ဘာဖြစ်လို့ လဲ
ကျွန်ုပ် ။ ဘာမှမဖြစ်ပါဘူး…စဉ်းစားမိလို့ ပါ။
သူငယ်ချင်း ။ ဘာကိုတုန်း။
ကျွန်ုပ် ။ ကြက်ခေါင်းဆိတ်မခံလို့ ပြောရအောင်ဆူဆူညံညံ အသံထွက်နေတဲ့ အ၀တ်ခြောက်စက် ရှိတဲ့  မီးဖိုထဲမှာ ချက်ထားတဲ့ ကြက်သားဟင်းရယ် ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့ေ၇ာကြော် ထားတဲ့ဟင်းကို ကြက်သီးထအောင်စားပီးတော့ အခုအိပ်ယာထဲမှာ ကြက်အိပ်ကြက်နိုးနဲ့  မှေးနေမိတယ်။
သူငယ်ချင်း။ အဲဒါဘာဖြစ်လဲ။ နင်ကငါချက်တာစားပီးတော့ ဘာမကောင်းဘူးပြောချင်တာလား
ကျွန်ုပ်။ မဟုတ်ပေါင်သူငယ်ချင်းရယ်။ အ၀တ်ခြောက်စက်လို အသံနဲ့ ကြက်ခေါင်းဆိတ်မခံပြန်မပြော ပါနဲ့ ။ ငါ့မှာသက်ကြီး ခေါင်းချကြက်တွန်သံ ကြားတည်းကနိုးနေတာ အိပ်ရေးတွေမ၀လို့  စကားပြောမှားတယ် ထားပါ။ နင်ရန်တွေ့ တာကြားရတာငါအံ့သြလွန်း လို့ ကြက်သေတောင် သေသွားတယ်။
သူငယ်ချင်း ။ နင်ကဘာလို့ အိပ်မပျော်ရတာလဲ
ကျွန်ုပ် ။ အော်ဘ၀အကြောင်းတွေးနေမိလို့ ပါ။ သူများတွေပြောကြတဲ့စကားလို ဘ၀ဆိုတာကြွေတလက် ကြက်တခုန်လို ဆိုတာ ငါ့အတွက်ဘယ်တော့ကြက်ခုန်ပါ့မလဲလို့ လေ။ ဒါပေမဲ့လဲ ကြက်မဘယ်လောက်တွန်တွန် မိုးမလင်းဘူးဆိုတာလဲ ကြားဖူးသား။ မမျှော်လင့်တော့ပါဘူး။ ဒီလအတွက်တော့ နှမလက်ကောက်ပေါင်ပေဦးလို့ ဘဲသဘောထားလိုက်တယ်။
သူငယ်ချင်း။ အေးဟေ့။ ဒါဆိုလဲ ပြေးနေတွေးနေတဲ့ နင့်ရဲ့ စိတ်ကို ကြက်ပေါင်ကွင်းနဲ့ ခိုင်ခိုင်ချည်ပြီး ကြက်မ၀ပ်ကျင်းထဲမှာထဲ့ထားလိုက်။ ငါတော့ကြက်ပေါင်သီးငါးပိချက်လေး စားချင်လာလို့  စဉ်းစားရင်း အိမ်မက်မက်လိုက်ဦးမယ်။
ထိုသို့ ဆိုပြီးသကာလ သူငယ်ချင်းသည် သူဧ။် စက်ခုအာရုံမျက်လုံး ၂စုံကို ကြက်အိပ်ကြက်နိုးပုံစံနဲ့ မှေးပြီး
မကြာမှီပင် ကြက်သေသေခြင်းေ၇ာက်လျက် အလာအရှင်မြတ်နှင့် ယေရှုခရစ်တို့ ဧ။် ခေတ္တ (ယာယီ) ခေါ်ဆောင်ရာသို့အိမ်မက်မက်ရင်း ကြက်မွှေးလေထဲလွှင့်သကဲ့လို့ခရီးနှင်လေရာ တခေါခေါ ဟောက်သံများပင် ထွက်လာခိုက် အဝေးမှ ကြက်တွန်သံများကိုပင်ဖုံးလွှမ်းသွားလေသတည်း။
ဖြည့်စွက်ချက်
ဤစာကိုကြက်ကန်းဆန်အိုးတိုးသလိုအတွေးပေါ်သခိုက်ရေးပီးသကာလအလုပ်မလုပ်ချင်ပျင်းရိငြီးငွေ့ သောကြောင့် ကြက်လည်လိန်ထားသလိုကြက်နာကျပြီးညနေအချိန်အိပ်တန်းတက်ရန်အချိန်ရောက်ဖို့ ကို
စောင့်မျှော်နေမိပါကြောင်း။
ကြက်ဍီကာ ပြီးဧ။်
ရေးသူ။ ကျမ မဟုတ်ပါ။
Subscribe to:
Post Comments (Atom)
ဟဟ ပန်ကာရိုးတန်ပျောက်နေတာပဲ ရီရပါတယ်... ကြက်ကန်းဆန်အိုးတိုးပြီး ရှာတွေ့ သွားတာ .... ကြက်အိပ်ကြက်နိုးနဲ့  ငါလဲ ငါ့စိတ်ကို ကြက်ပေါင်ကွင်းနဲ့ ချည်ထား၇မလို ဖြစ်နေပြီ... ဟိဟိ။
ReplyDeleteကြက်တောကကိုမထွက်ဘူးပဲ..ရယ်ရတယ်..ဖတ်ပြီးတော်တော်နဲ့ကိုပြုံးမိနေသေးတယ်
ReplyDelete