Monday 30 March 2009

(4)ဂျူနီယာ my flate mate

သူမ ရဲနာမည်က ဂျူနီယာ၊ she is my flat mate . သူမမှာ ကိုယ်ဝန် ၂၂ပတ်ရှိပြီ။ ဒီမနက်စောစော လာနှိုးတယ် ပိုက်ဆံအကြွေလာလဲတာ။ သူ့ ကို ကျမမှာ၇ှိတဲ့ ငွေအကြွေ တချို့  ကိုချေးလိုက်တယ်။ ကိုယ်ဝန် ကို ultersound သွားရိုက်မလို့ ကားခတဲ့။ သူမပြန်လာတော့ အ၀တ်အစားတွေ တပုံကြီးဝယ်လာတယ်။ အကြွေးဆပ်ဖို့ ကိုတော့ လုံးဝ စကားမဟဘူး။ သူကလေးရဲ့  photo image ကို ပြတယ်။ ပြီးတော့ သူရဲ့ လျှာ မှာ ဖေါက်တပ်တဲ့  ear ring လို ကိုသူဝယ်လာတယ်။ သူ့ လျှာပေါက် မှာ အဲဒါကိုတပ်တာ အသည်းယားလို့ မျက်နှာလွဲနေမိတယ်။ သူမရဲ့ ခါးမှာ tatoo ထိုးထားတယ် အဲဒါအပြင် ချက်မှာလဲ အဲဒါမျိုးရှိတယ်။

အရင်အပတ်တုံးက သူ့ ကို အကြံပေးမိတယ် စီးကရက် ကို အဲဒီလောက်များများမသောက်ဖို့ တဖြေးဖြေးလျှော့သောက်ရန် အကြောင်းနဲ့  ၊ လျှာနဲ့ ချက် (tongue and bally button ) ကဟာတွေဖြုတ်သင့်ကြောင်း ။ but she doesn't care. အစားကိုလဲပုံမှန်မစားဘူး။ ရင်လေးမိတယ်။

သူနဲ့ ကျမ က flat တခုထဲမှာအတူနေတော့ kitchen & ဧည့်ခန်း ကို share သုံးရတယ်။ ကျမချက်တဲ့အစားအသောက်တွေကို သူမ ကြိုက်တတ်တယ်။ မျှစ် ကြော်၊ အာလူးသုတ် တွေနဲ့  တရုတ် style ကြော်တဲ့ ဝက်သား ကို အားပေးသလားမမေးနဲ့ ။ သူဟင်းကိုတော့ ကျမ စားလို့ မရဘူး။ သူလဲ ၁ခါ ၂ခါ ကျမကို ကျွေးပြီး ကျမမကြိုက်မှန်းသိတော့ နောက်မပေးတော့ဘူး။

မနက်ဖြန် ခရီးစဉ်က အတော်ရှည်တယ် မနက် ၆နာရီမခွဲခင်ကနေ စပြီးထွက်ရမယ်။ ခက်တာက ညဘက်ဆို အိပ်မပျော်နိုင်ဘူး ။ internet connection ကလဲ ညပိုင်းဆိုရင်အ၇မ်းကောင်းတယ်။ နေ့ ခင်းဘက် ဆို signal faliure ကများတယ်။ ကျမတို့  နေတဲ့ flat က basement မှာဖြစ်နေလို့  ။

ဂျူနီယာအကြောင်းပြောနေရင်းနဲ့ ဘယ်တွေရောက်နေမှန်းမသိတော့ဘူး။ သူက bookwarm တနေကုန် စာဖတ်တယ် ။ မနီးမဝေးက charity shop က စာအုပ်တွေ ၀ယ်ဖတ်တာ။ ကျမကတော့ internet နဲ့ movie သမား။ lost ဇာတ်လမ်းတွဲ တွေ ကြည့်တာ ပြီးသလောက်နီးပါးရှိသွားပြီ။ 4th April မှာ ဂျူနီယာ့  အမျိုးတွေ လာလည်မယ်တဲ့ လေဆိပ်မသွားခင် တညအိပ်ဝင်လည်မယ်လို့ ပြောတာဘဲ။

ဘာလိုလိုနဲ့ ညနေ ၆နာ၇ီ၁၀မိနစ်တောင် ရှိသွားပြီ။ တော်သေးပြီး။

No comments:

Post a Comment