မှော်ဘီ ဆပ်သွားတော အမက ကျောင်းလေးမှာ ကျောင်းအပ်တော့ ကျောင်းအုပ်ဆရာမကြီး နော်မှတ်ချစ် က အသက်၎နှစ်ခွဲ ကျော်သွားပြီး ၅နှစ်ပြည့် ရန် လိုတဲ့ကျမကို စမ်းသပ်မှု့ အဖြစ် နားရွက်ကျော်ကိုင် ခိုင်းတယ်။ ဘယ်နားရွက် ကို ညာလက်နဲ့ ခေါင်းပေါ်ကကျော်ကိုင် နိုင်ပြီး ကကြီးခခွေး နဲ့ တစ်နှစ်သုံးလေး ဆိုပြတော့ သူငယ်တန်းပေးတက်ပါတယ်။ ကျောင်းစိမ်းဝတ်ပြီး ထမင်းစားကျောင်းဆင်း အိမ်အပြန်။ အိမ်နောက်က မီးဖိုချောင်း ထမင်းစားပွဲလေးမှာ ထိုင်ပြီး အမတွေလို ကျောင်းသူဖြစ်ပြီလို့  တွေးရင်း ကျိတ်ပြုံးမိတာ ခုထိမှတ်မိတယ်။
သူငယ်တန်းတုန်းက သူငယ်ချင်းနာမည်က မမိုးဝါ သူက ၉၁တပ်ကဘဲ သူရော ကျမပါ လူကောင် သေးသေးညှပ်ညှပ်တွေမို့  လူကောင်ထွားတဲ့  ကျောင်းသူမတွေ ကဗိုလ်ကျချင်တယ်။ အမရှိတဲ့ ဒုတိယတန်းအခန်းကို သွားပြီး စစ်ကူခေါ်တာဘဲ။ မမိုးဝါမှာ အကိုအမမရှိတော့ ကျမက သူဘက်ကလိုက်ပြီး ရန်ဖြစ်ပေးတယ်။
ပထမတန်းရောက်တော့ အပေါင်းအသင်းစုံလာတယ်။ ၉၁၊ ရှမ်း ၁၊ တိုင်းကြက်ခြံ၊ စမ်းချောင်း၊ အာဏာပိုင်ရုံး၊ အရှေ့ ပိုင်း၊ ရေပြာ ဘက်က လာတဲ့ သူတွေများတယ်။ ၉၁ က စန္ဒာဝင်း နဲ့ အတူထိုင်ဖြစ်တယ်။ သူက စွာတော့ အမကို စစ်ကူသွား ခေါ်စရာသိပ်မလိုတော့ဘူး။ အတန်းထဲက ကလေးမတွေက အီစွပ်ခုံရင် ကျမတို့ ကို မပါစေချင်ကြဘူး။ မုန့် နည်းနည်း ခွဲကျွေးမှ ပါရတယ်။ ကျမတို့ ရှေ့ ဆုံးတန်းမှာ ထိုင်ကြတယ်။ ကျမနဲ့ စန္ဒာ ကနှပ်ခဏခဏထွက်တော့ ဆရာမကညှစ်ပေးတယ်။ ကျမတို့  ဆရာမက အရမ်းချောတယ်။ သူလာရင် ဆွဲ ခြင်းသွားလုပြီး ကိုင်ကြတယ်။
မြန်မာစာလုံးတွေကို ကောင်းကောင်း ပေါင်းတတ် ဖတ်တတ်တဲ့ အချိန်မှာ အဆဲ စသင်တော့တာဘဲ သူများတွေ ဆဲသမျှကို စာရွက်လေးနဲ့ လိုက်ရေးပြီး ကျက်တယ်။ အိမ်ပြန်ရောက်တော့ သွားပြီး practise လုပ်မိတာ အမေနဲ့ မမကြီးနဲ့ ဝိုင်းချုပ်ပြီး အဆော်ပလော်တီးတာ ခံရတယ်။ ခါးကြားထဲမှာ လိပ်ထားတဲ့  အဆဲစာရွက် ကို မမကြီး မြင်သွားပြီး ခေါင်းခေါက်တာ ကြယ်တွေလတွေ တောင် မြင်တယ်။ အဲမှာ နည်းနည်းခွင့်လွတ်တဲ့  အဆဲစကား က ခွေးမစုတ်ကြီးတဲ့ ။ ဒါတောင် senior အမတွေ
ရှေ့ မှာ မဆဲရဲဘူး မကြားတကြားလေးပေါ့။ အမေက နောက်တခါဆဲတာကြားရင် ဂုံနီအိပ်ချုပ်တဲ့ အပ်နဲ့  ပါးစပ်ကို ဖေါက်ချုပ်မယ်
လို့ ပြောလို့  အဆဲပြတ်သွားတာ။
ဒုတိယတန်းလဲရောက်ရော စမ်းချောင်းပေါက်က ကရင်မတွေနဲ့ အသေခင်တာ သူတို့ နာမည်တွေက လှမှလှ ဆူးဖေါထူး၊ ထီးဖေါထူး၊ နော်ချယ်ရီသိန်း နှင်းသီတာ တဲ့ ။ သနပ်ခါးလိမ်းရင် ချယ်ရီသိန်းလိမ်းသလို အတုခိုးပြီး အများကြီးလိမ်း သွားပွတ်တံနဲ့ အစင်းထင်အောင် ခြစ်တယ်။ သူတို့ က ခင်စရာကောင်းတယ်။ မမကြီး က ကျောင်းမှာ လုပ်အားပေးဆရာမ လုပ်တော့ တခါတလေ သူစာသင်တဲ့ အခန်းကိုသွားပြီး ငါ့မမကြီးလှရဲ့ လားလို့ ချယ်ရီသိန်းနဲ့ အတူ သွားချောင်းရတာ အမောဘဲ။ မမကြီးက မျက်နှာသာမပေးပါဘူး။ အိမ်မှာ သူမျက်နှာသာပေးတာက မိန်းကလေးထဲမှာ အငယ်ဆုံး မယ်နီဂျစ်တူးမကိုလေ သူ့ ကိုမမကြီး က ပို့ ပို့ ကြီး လို့ ခေါ်တယ်။ ကျမကတော့ စာကျက်ပျင်းလို့  သူသိပ်မချစ်ဘူး။
တိုင်းကြက်ခြံ နားမှာနေတဲ့ သူငယ်ချင်းချောစုနဲ့ က ပထမတန်းကနေ တတိယတန်းအထိ အတူတူ။ သူနဲ့ ကျမတို့ ကျောင်းနောက်ဘက်က တောထဲမှာ ကစားကြတယ်။ တခါတုန်း က ဆရာမမလာတဲ့နေ့  သူ့ အဒေါ်နဲ့ ဦးလေးတို့  နေတဲ့  အာဏာပိုင်ရုံးထဲ က ၀န်ထမ်းအိမ် အထိချေရှည်ကြတယ်။ ၀န်ထမ်းတွေအလုပ်သွားတဲ့ အချိန်မို့  အိမ် ရှေ့ တံခါး ပိတ်ထားပေမဲ့  ရေချိုးခန်းကအပွင့်မို့  ကျမတို့ ရေဘုံဘိုင်က လာတဲ့ ရေကို လက်နဲ့ ခပ်သောက် ရေခွပ်နဲ့ ခပ်ပြီးချေဆေး မျက်နှာသစ် လုပ်ကြတယ်။ ကျောင်းကနေ လစ်ထွက်တာ ပထမဆုံးအကြိမ်မို့  အရမ်းကြောက်တယ်။ အပြန်မှာ သူငယ်ချင်းတွေ လက်ကို ကျစ်ကျစ်ဆွဲ ပြီး အတန်းထဲကို ခိုးကြောင်ခိုးဝှက် ပြန်ဝင်တယ်။ စကပ်မှာ ဆူးကြယ်သီးတွေ၊ မျက်သီးတွေ ကပ်တာကို ခွာချတယ်။ ခုထိ အဲဒီလို ခိုးထွက်ခဲ့တာ အမေတို့ မမကြီးတို့ မသိကြဘူး။
အိမ်စာလုပ်ပျင်းတဲ့ သူမို့  မမကြီး တက္ကသိုလ်သွားတဲ့ အချိန် ဟာလွတ်လပ်ရေးဘဲ။ ဒုတိယအမ လေးလေးလတ် က စာသင်ပေးတယ်။ သူ့ ကြောင့် လက်ရေးလှလှ ရေးဖို့ စိတ်ပါခဲ့ တယ်။ တတိယတန်း နှစ်လည်အထိ လက်ရေးက ကြောင်ချီးကုတ်လက်ရေးလေ။ လေးလတ်က ကျူရှင်စဖွင့်တော့ အတန်းထဲက သီတာ၊ ဇော်အောင်၊ အောင်ဆန်းဦး။မခွန်ဖန် နဲ့  ချောစုတို့ လာတက်ကြတယ်။ ဇော်အောင်ကို ပဲကြီးလို့ ခေါ်တယ် ဘာကြောင့်မှန်းတော့မသိဘူး။ သီတာကတော့ မောင်လေးအကြီးကောင်နဲ့ အရမ်းတည့်တာ။ သီတာက စချင်စရာခင်ချင်စရာကောင်းတယ်။ မောင်လေးအကြီးကောင်ကို သီတာ က ဆေးလိပ်ဖြူ ဆိုလား ဖိုးဆိတ်ဖြူဆိုလာုး စသည်။ သီတာ၊မခွန်ဖန်၊ ဇော်အောင်နဲ့ အောင်ဆန်းဦးတို့ က ၉၁က ဘဲ။
သီတင်းကျွတ်နဲ့  ဒီဇင်ဘာကျောင်းပိတ်ရက်တွေဆိုရင် အိမ်မှာစာမသင်ချင်ဘူး။ အိမ်ရှေ့ ကနားစည်း အိမ်ဝင်းထဲက မျောက်လောင်း အုပ်စုဆော့ရင် အာရုံရောက်ရောက်သွားတယ်။ ကလေးအုပ်က စု ငှက်ပျောလက်ခုတ်ပြီး သေနတ်လုပ် ကစားကြတယ်။ ဖိနပ်ပစ်တယ်။ တူတူပုန်းတယ်။ ကနားစည်းအိမ်ဝင်းထဲက မန်ကျီးပင်အိုပေါ်တက်ပြီး ကိုင်းခိုကြတယ်။ မိုးရွာရင် အိမ်ရှေ့ ရေမြောင်းကို သွားပြီး ရေခိုးချိုးတယ်။ ဌေးဌေးရီ နဲ့ ဆန်နီတို့ မောင်နှမ ၂ ယောက်လဲ အတူလာကစားကြတယ်။ ကျော်မင်းသိန်း၊ ရဲမင်းနောင် တို့ ညီအကိုလဲ အညင်းသန်တယ်။ လှဝင်းဆိုတဲ့ သကောင့်သားလေး ကတော့ လူလိမ်မာ။ လူကြီးတွေပေးမကစားခိုင်းရင် မလာဘူး။ အမေတို့ အလုပ်ရှုပ်နေရင်တော့မသိဘူးပေါ့။ အိမ်ခေါင်းရင်းက မာလကာပင် ကိုင်းကိုလွဲခိုတယ်။ ဘာမှ လုပ်စရာမရှိရင် ကျောင်းဝင်းထဲသွားပြီး ရွံ့  အပျော့ရှာတူးပြီး အရုပ်လုပ်တယ်။ အိုးပုတ်လုပ်တယ် ။ လောက်စာလုံးလုံးတယ်။ ထုတ်ဆီးတိုးချင်လွန်းလို့ အိမ်ကိုမျက်နှာလုပ်ပြီးဆန်ရွေးပေးရတာနဲ့ ပန်းကန်ကူဆေးပေးရတာနဲ့ ။ နေမစောင်းခင်ထွက်ပြီး ထုတ်ဆီးတိုးကွင်းထဲသွားလွန်းလို့  ခြေထောက်မှာတင်တဲ့ ချေးကို အမေတွေ အမတွေက ရေနံဆီနဲ့ တိုးပြီးချွတ်ရတယ်။
၆တန်းလောက်လဲ ရောက်ရော ကစားဖေါ်တွေသိပ်မရှိတော့ဘူး။ အတန်းဖေါ်တွေတော်တော်များများ အပျိုလုပ်ကုန်ကြပြီ။ အထက်တန်းကျောင်းကိုရောက်တော့ အတန်းတွေကွဲကုန်လို့ အရင်လို့ တတွဲတွဲ မရှိတော့ဘူး။ အထက်က အမနဲ့ အငယ်မ မယ်နီတို့ က စာကျိုးစားကြတော့ အချိန်နဲ့ ကစား အချိန်နဲ့  စာကျက်တယ် ဒါ့ ကြောင့် အဆူသိပ်မခံရဘူး။ ကျမသာ ငပျင်းမို့  အိမ်ဘေးက ဘောလုံးကွင်းထဲမှာ သူများတွေ ဘောလုံကန်တာကို ခုံချပြီး ငေးရတော့တယ်။ ကလေးတွေက လဲ သူတို့ ကစားရင် ပေးမပါစေချင်ကြတော့ဘူး။
ကျောင်းမှာတော့ သူငယ်ချင်း ခင်စောအေး၊စီးစီးလျာ၊ အောင်အောင်၊ဇင်မေ ရှိတယ်။ သူတို့  ကိုယ်လို ဘဲ။ ကလေးကိုယ်နဲ့ ကလေးစိတ်လေ။ ဘယ်လို မှ အပျိုကြီး စိတ်မ၀င်ဘူး။ ကျမတို့ တွေ အိမ်လည်ကျတယ်။ စီးစီလျာနဲ့ အတူ ခင်စောအေး နေမကောင်းလို့  အောင်အောင်၊ဇင်မေ နဲ့ ကျမတို့ ကုန်းပိုးပြီး သူ့ အိမ်ကိုပြန် ပို့ ပေးကြဘူးတယ်။ ခိုင်ချိုအောင်တို့  ချိုရီလွင်တို့ လဲပါမယ်ထင်တယ်။ မှော်ဘီ အထက (၂) က စည်းကမ်း တင်းကြပ်တော့ ကျမတို့ တွေ ရင်ဖုံးအင်္ကျီ ၀တ်ရတယ်။ ကျမတို့  ကလေးလူကြီးတစ်စု ရင်ဖုံးအင်္ကျီဝတ် ထမီ ကဒေါင်းကြိုက်ပြီး အီစွပ် ခုံကြတယ် ။ (၇)တန်းတက်တဲ့ အချိန်အထိပေါ့ ။
သူငယ်ချင်းတို့ ရေ သတိယနေတယ်။
Sunday, 21 June 2009
(44) ကျမ ရဲ့  experience of 15 Seconds death
16/6အင်္ဂါနေ့  ညနေ ကတည်းက နေမကောင်းလို့ အခန်းထဲ အောင်းနေမိတယ်။ အစားအသောက် ပျက်လာတယ်။ မီးဖို ချောင်ကိုသွားပြီး အစားလုပ်ရမှာ ခေါင်းမူးသလို ရင်တုန်သလို ဖြစ်နေတာနဲ့ 
အခန်းထဲမှာ ရှိတဲ့  အစားအသောက်နဲ့  ဆေးတွေကို မျိုချ စောင်ချုံ mobile phone ထဲက radio ဖွင့် 
ပြီး ရက်ဆက်အိပ်မိတယ်။
စာပို့ သမားလာတဲ့ အချိန်လောက် ခဏသာ အခန်းအပြင်ကိုထွက်ပြီး အခန်းထဲမှာ အခြောက်အခြမ်း အစားအသောက် တွေနဲ့ စား ရေသောက်၊ဆေးသောက်၊ တနေကုန်အိပ် လုပ်နေခဲတာ သောကြာည သန်းကောင်ကျော် ၁နာရီမှာ flat mate အမဲမလေး Junior က တံခါးကြားကနေ စာရွက်ထိုးလာလို့  ဘာလဲလို့  သူကိုမေးဖို့ တံခါးဖွင့်ပြီး အထမှ ခြေလှန်းတွေ မမှန်တော့ဘူး။ ဒူးတွေက ခွေလာတယ်။ သူက အသံမကြားတာ ကြာလို့ စိုးရိမ်တယ်တဲ့  အိပ်နေရင်လဲ မနိုးအောင် စာရေးပြီး ပို့  တာတဲ့ ။
Junior ကိုစကားပြန်ပြောနေတုန်း မျက်လုံးတွေပြာလာတယ်။ ခဏလေး ငါအသက်ရှူဖို့  ပတင်းပေါက်ဖွင့်လိုက်မယ်ဆိုပြီး အသွား။ ပတင်းပေါက်လက်ကိုင် ကို လှည့်တွန်းအပြီး ဘိုင်းကနဲ ခေါင်းနဲ့  လဲကျတယ်။ အသိစိတ် လွတ်သွားတဲ့  10 sec, 15 sec အချိန်အပြီးမှာ ခေါင်းတွေအတော်ရှင်းပြီး ငုတ်နေတဲ့  ချွေးတွေထွက် လာတော့တယ်။
သူလဲလန့် သွားပြီး အနားလာတယ်။ သူဘာပြောနေတာ ကျမမသိဘူး။ 1၀ seconds လောက်ကြာမယ်ထင်တယ်။ မျက်နှာကို စာရွက်နဲ့ လာယပ်ခတ်ပြီး စိုးရိမ်စိတ်နဲ့ ဆူတယ် ကျမမှာ စကားပြန်မပြောနိုင်အောင် ကြောင်အအ ဖြစ်နေမိတယ်။ လဲကျတာလုံးဝမနာဘူး။
အသိတွေရဲ ဖုန်းနံပါတ်ကို တောင်းတယ်။ ကျမ အတွက် ဗိုက်ကြီးတကားကားနဲ့ မီးဖိုချောင်ထဲမှာ ခေါက်ဆွဲခြောက်ထုတ် ပြုတ်ပြီး J2O orange drink ယူလာတယ်။ ကျမကို ဒါးကျိန်းကျိန်းပြီး ကျွေးပါတော့တယ်။ မစားရင် 999 နဲ့  ambulance ခေါ်ပြီး ကျမဖုန်းထဲက နံပါတ် အကုန်လုံးကို ဆက်မယ်တဲ့။ အားနာပြီး နည်းနည်း ယူစားလိုက်တယ်။ စောစောတုန်းက ရုတ်တရက် အသိလွတ် သွားတာကို ပြန်တွေပြီး ကျမ ကြောက်လာတယ်။
မီးဇာမကုန် ဆီမခန်း ခင်၊ မိသားစုအတွက် ဘာမှ မလုပ်ပေးနိုင်ခင်၊ မသေချင်သေးဘူး။ ကျိုင်းတောင်းမှာ ဖျားတုန်းကလို အိမ်ရောက်မှ သေပါရစေ ဘုရား လို့ ။
မြန်မာပြည်မဟုတ်တဲ့ နေရာမှာ ဆို
သေသူကိုရေချိုးပေးပါ့မလား?
လက်မခြေမပူချည်ပေးပါ့မလား?
ကြေးစည်ထုပြီး လိုက်ပို့ ပေးပါ့မလား?
သံဝေဂယပ်တောင်လေးတွေ ကိုင်ပြီး။
နောက်ဆုံးခရီးကို လိုက်ပို့ နှုတ်ဆက် နိုင်ကြမှာလား?
သင်္ချိုင်းက ဇီးခက်ကလေးကောက်ပြီး
ကိုယ်စားယူလာ တရားနာဖို့ ဖိတ်ပေးနိုင်ပါ့မလား?
ချစ်သူခင်သူတို့ ပြုပေးတဲ့ ကိုယ်စားအလှူအမျှ ပေးသံ
ကြားနိုင်မှာလား။
မြန်မာပြည် မှာဘဲ သေချင်တယ်။

Friday, 12 June 2009
(43) Rheumatoid Arthritis (RA)
ကျမ အသိ ဖြစ်သော အမတစ်ယောက်သည် လောလောဆယ် Rheumatoid Arthritis (လေးဘက်နာ) ရောဂါတစ်မျိုးကို ခံစားနေရသည်။ ဆေးရုံ appointment က တစ်လလောက်စောင့်ရမည်။ လောလောဆယ် သူမ ခင်မျာ pain killer ကိုသာ အားထားနေရသည်။ လက်ဆစ်ခြေဆစ်ကလေးများ ယောင်ယမ်းကာ မနက်မိုးလင်းတိုင်း တစ်ကိုယ်လုံး ကိုက်ခဲသော ဝေဒနာကို ပြင်းစွာခံစားရသည်။ အဘွားပြောသော ခန္ဒာရခြင်းသည် ဒုက္ခ ဆိုသည်မှာ တကယ်မှန်သည်။ မနက်တိုင်း ဆိုးရွားစွာ နာကျင်သော မေးရိုးများ၊ လက်ဆစ်များ၊ ခြေဆစ်များ ကြောင့် စိတ်သွားတိုင်း ကိုယ်က မပါနိုင် ။
Rheumatoid Arthritis ရောဂါသည် hereditary disease မဟုတ်ပါ။ မျိုးရိုးစဉ်ဆက်လိုက်သော ရောဂါမျိုးမဟုတ်ပါ။ the earlier treatment is started, the less joint damage is likely to occur ဖြစ်သည်။ လူတိုင်းဖြစ်ရန် chance ရှိပါသည်။ ကျမတို့ မိန်းမသားများသည် ဒီရောဂါဖြစ်ရန် ယောင်္ကျားများထက် ၃ဆအခွင့်အရေး ပိုပါသည်။ ရောဂါအလွန်ဆိုးလျှင် ခွဲစိတ်ကုသရ သော အဆင့်အထိရောက်နိုင်ပါသည်။
သူမ Rheumatoid Arthritis ဆရာဝန်နှင့်တွေ့ ခွင့် ရချိန်တွင် မည်သည့်ဆေးများ သောက်ရန် ဆောင်ရန်ရှောင်ရန် ညွှန်ကြားချက်များကို ကျမမေးကြည့်ပါဦးမည်။
အားလုံး ကျန်းမာကြပါစေ။

(42) Burma Shave သီချင်းစာသား
ကိုယ်တိုင်းပြည် နာမည်လေးပါသဖြင့် နားထောင်မိသည်။ သီချင်းဟောင်းတစ်ပုဒ်ဖြစ်သည်။ သို့ သော် နားထောင်လို့ အင်မတန်ကောင်းသည်။ အော်လို့ လဲ ကောင်းသည်။ နားထောင်ရင်း လိုက်အော်ကြည့်ပါ။
တေးဆို Roger Miller
သီချင်းခေါင်းစဉ် BURMA SHAVE lyrics
Way down yonder by the forks of the branch
The old sow whistled and the little pigs danced
Burma Shave Burma Burma Burma Shave
I bet I've seen a million rows
of them little red poles and it's signs up and down the line
Come on come on one more time
Yonder goes Willie he's passin' on a hill
He don't dress nice but he drives fit to kill
Burma Shave Burma Burma Burma Shave
I bet I've seen a million rows
of them little red poles and it's signs up and down the line
Giddyup Giddyup Tally ho
Well my pappy ain't smart he ain't good at quizzin'
But one thing he knows is how to keep mama his'n
Burma Shave Burma Burma Burma Shave
I bet I've seen a million rows
of them little red poles and it's signs up and down the line
Come on come on one more time
Roses are red and violets are blue you chase me and so will I

(41) ကြောက်စရာ ပန်းဝတ်မှုံ များ
နွေဦးရာသီ ရောက်ပြီ။ အပူချိန်မြင့်တက်လာလေ ပန်းပွင့်များမှ ၀တ်မှုံများ လေထဲမှာ လွင့် လာစမြဲ ။ ဒါကိုရှူရှိုက် မိသူ ကျမမှာ ဒုက္ခ အကြီးအကျယ် ခံစားရသည်။ လေပြွန်ချောင်းယားသည်။ နှာအဆက်မပြတ်ချေသည်။ နောက် မျက်ခမ်းစပ်သလို မျက်ခွံများ ယားယံကာ မချိမဆန့်  ခံစားရသည်။ Hay fever လို ခေါ်သည်။ အခုတစ်လော swine fleu (၀တ်တုတ်ကွေး) ကြောင့် ချောင်းဆိုး၊ နှာချေမိလျှင်ကို လူကြားထဲမှာ သို့ လော သို့ လော အကြည့်ခံ ရမည်။
ကုသရန်မှာ antihistimine nose spray ကိုနှာခေါင်းမှာ ဖျန်း၊ နေအိမ် window, curtain များကို အမြဲ ပိတ်ထားရမည်။ ပေါင်းမြတ်သုတ်သင် ရာနေရာနှင့်ဝေးဝေးရှောင် ဘာမီတွန် လိုမျိုး antihistimine tablet ကို တနေ့ တလုံ သောက် (ဆရာဝန် ညွှန်ကြားသည့်အတိုင်း)၊ နေကာမျက်မှန်တပ်၊ တတ်နိုင်ပါက indoor တွင်းမှာ သာနေလျှင်ကောင်းသည်။ အပြင်မှ ပြန်လာတိုင်း ခေါင်းလျှော်သင့်သည်။ မျက်စေ့ယားတိုင်း လဲ ခပ်ရန် eye drop ကိုလဲ ဆောင်ထားရဦးမည်။
သတင်းစာထဲတွင် ဖေါ်ပြထား သည်မှာ ဗြိတိန် နိုင်ငံတွင် လူ၁၀တွင် ၂ဦးမှာ နှစ်စဉ် hay fever ခံစားရသည်တဲ့ ။
မြန်မြန်ပျောက်ချင်ပြီ။ spring မြန်မြန်ကုန်လျှင်ကောင်းမည်။
တော်သေးပြီ

Monday, 1 June 2009
(40) H A Y E S F E V E R
အခုတစ်လော နှာစေးပြီး အအေးမိသည်။ ဆေးသောက်သော်လည်း မပျောက်နိုင်။ မနက်မိုးလင်းတိုင်း နှာအဆက်မပျက် ချေသည်။ မျက်ခမ်းများ ယားယံ သည်။ နွေဦးကာလတွင် ဖြစ်သော ရောဂါဖြစ်သည်။ နာမည်က HAYES FEVER ။ ပန်းဝတ်မှုံ များ၊ မြက်ပင်မှ ထွက်သော ၀တ်မှုံများ လေထဲတွင် ပျံလွင့်နေသော ထိုထို ၀တ်မှုံများကြောင့် ဒီရောဂါခံစားရသည်။
ဘာမီတုန်လို အယားပျောက်ပြီး အိပ်ငိုက်သော ဆေးများကို နေတိုင်းသောက်ရတော့မည်။ စိတ်ပျက်မိသည်။
ဘာမီတုန်လို အယားပျောက်ပြီး အိပ်ငိုက်သော ဆေးများကို နေတိုင်းသောက်ရတော့မည်။ စိတ်ပျက်မိသည်။
Subscribe to:
Posts (Atom)