Wednesday 2 June 2010

ဖောင်ဖြည့် တဲ့အခါ သျှမ်း တတ်တဲ့  အသုံးအနှုံးတချို့ 

ဥပမာ (၁)
နာမည် စောဖြူထီး
Full Name: Saw Phyu Htee
First Name: Saw
Middle Name: Phyu
Last Name = Sir Name=Family Name: Htee


အိုကေ လျှာရှည်ပြီး ဖြစ်ဖြစ်၊ အမှတ်တမဲ့ မေ့ပြီး ဖြည့် လိုက်မိတာဖြစ်ဖြစ်၊ အိုင်ဒီ ၂ခုထားချင်လို့ ဖြစ်ဖြစ် ။ ရှေ့ က မောင်/မ ထည့်မယ်ဆိုရင်
ဥပမာ ။ မောင်စောဖြူထီး Maung Saw Phyu Htee
First Name: Maung/Mg
Middle Name: Saw Phyu
Last Name = Sir Name = Family Name = Htee
ဘဏ်ကာဒ်တွေမှာဆို ရင် ဒီလို ရေးထားနိုင်ပါတယ်။
Maung S. P. Htee
* * * * * * * * * * * * * * * * * * * * * ** * * * * * * * * * * * * * * ** * * *
ဒီမှာ Maiden Name နဲ့ Middle Name နဲ့ လဲကွာတယ်နော်
Maiden Name က အမျိုးသမီးတွေ လက်မထပ်မီ အချိန်က သုံးခဲ့တဲ့ Sir Name ကိုခေါ်တာပါ။
ဥပမာ ခင်ချောစွိ၊ က ကိုထူးဆန်းကို ယူလိုက်တယ်
အဲဒီတော့ ခင်ချောစွိက သူ့ ခင်ပွန်းရဲ့ နောက်ဆုံးက Sir Name ဆနှ်းSann ကို ထပ်ပေါင်းလိုက်တယ်။
OK ဒါဆို သူမ နာမည်အပြည့်အစုံကိုခေါ်ချင်ရင် Mrs. Khin Chaw Sweet Sann ပေါ့ Mrs ဆိုတဲ့ Title ကိုမြင်တာနဲ့  ကြော်ငြာပြီးသား ကျမ လွတ်လပ်သူမဟုတ်ပါဘူး။ ကျမရဲ့  အိမ်ဦးနတ် နာမည်ကတော့ Mr Sann ပေါ့  လို့  ပြောလိုက်တာနဲ့  တူတူဘဲ။
အဲဒီမှာ Sweet ဆိုတဲ့ တချိန်က သူမသုံးခဲ့ တဲ့စာလုံး ကို Maiden Name ထဲမှာ ထည့်သုံးထားတယ်။
* * * * * * * * * * * * * *
(Given Name = First Name = Forename = Personal Name = Christian Name ) တူတူဘဲ ကြောင် မသွားနဲ့ ။


အာရှ နိုင်ငံတချို့  ဖြစ်တဲ့  ဂျပန်၊ တရုတ်၊ ကိုးရီးယား၊ ဗီယက်နမ်တို့ မှာတော့ ရှေ့  ဆုံးက စလုံးဟာ Sir Name ဘဲဖြစ်ပါတယ်။
ဥပမာ။ Than Shwe သာ ဂျပန်တို့ တရုတ်၊ကိုးရီးယား တို့ လို ဖောင်ဖြည့်မယ်ဆိုရင်
(Than က Sir Name, Shwe က Given Name=First name=Fore Name=Personal Name=Christian Name)
Than မျိုးရိုးက ဆင်းသက်လာတဲ့  လူတွေဆိုရင် Mr. Than, Mrs Than, Miss Than, Ms. Than, etc…
* * * * * * * * * * * * * * * *

နောက်ပြသနာတစ်ခုက
MARITAL STATUS ပေါ်မှာ မူတည်ပြီး ခေါ်ရတဲ့  Title.
Mr/Mrs/Ms/Miss

Mr. ကတော့ လက်ထပ်ပြီးသူရော၊ မပြီးသူရော၊ ယောက်ကျားလေးတိုင်း ကို ဒီ Title တပ် ခေါ်လို့ ရပါတယ်။
Mr& Mrs ကတော့ လွယ်ပါတယ်။ လက်ထပ်ထားသူ စုံတွဲ တို့ ရဲ့ Title ပါ။
ဥပမာ Mr. & Mrs Smith ဆိုပါစို့  ဒီလို တွဲသုံးလိုက်ရင် သူတို့ ၂ဦးဟာ Sir Name တခုထဲကို Share တဲ့ တစ်ကိုင်းထဲနားတဲ့  ငှက်ကလေးတွေပေါ့

အိုကေ နောက်တခု
Miss က လက်မထပ်ရသေးဘူးတဲ့ အမျိုးသမီး၊ အသက် ဘယ်လောက်ကြီးကြီး ငယ်ငယ် လက်မထပ်ဘူးသေးတဲ့ အမျိုးသမီး တွေကို Miss ခေါင်းစဉ်တပ်ပါတယ်။

Ms လက်ထပ်ထားလား မထပ်ထားလား မသေချာတဲ့  အမျိုးသမီးတွေကို ခေါ်လို့ ရပါတယ်။
အမျိုးသမီးတယောက်ဆီ official စာရေးရမယ် သူ့ title ကို ကိုယ်ကမသိဘူး။ data base ထဲမှာ လဲ သူ Title မရှိဘူးဆိုရင် ။ Ms. လို့ သာ သုံးလိုက်ပါ။


By the way, ဘုရင်မကြီး နာမည် Given Name ကElizabeth Alexandra Mary ပါ။ သူမရဲ့ Sir Name ကတော့ Winsor ဖြစ်ပါတယ်။ ဒါကြောင့်သူမရဲ့  Full Name က Elizabeth Alexandra Mary Winsor ဖြစ်ပါတယ်။ သူမရဲ့  ကြင်ယာတော် မင်းသားကြီး နာမည်ကတော့ Phillip Mountbatten ပါ။

ဘုရင်မကြီးနဲ့ မင်းသားကြီးတို့ ကလေးတွေနာမည်ကြတော့ ၂ယောက်လုံးရဲ့ Sir Name ကိုသုံးပါတယ်။
Eg. ချားလ် မင်းသားရဲ့ နာမည် အပြည့်အစုံ Charles Philip Arthur George Mountbatten-Winsor မှာနောက်ဆုံးမှာ သူ့ ရဲ့ မိဘ Title ၂ခုလုံး သုံးတာတွေ့ ရပါတယ်။

No comments:

Post a Comment