Saturday 9 October 2010

ဆံပင် ဖြောင့်ခြင်း


ဆိုင်တွေမှာ ဆံပင်ဖြောင့်တာ ကောက်တာ ဟာတနည်းအားဖြင့် ဆံပင်ရဲ့  PH ပမာဏ ကို ဓာတု ပစ္စည်း သုံးပြီး ပြောင်းပြစ်လိုက်တာပါ။ PH ကတော့ ဓာတုဗေဒ အသုံးအနှုံးဖြစ်ပြီး အက်ဆစ်ပါဝင်မှု ပမာဏ ကို၊အယ်လကာလီပါဝင်မှု ပမာဏ ကို ညွှန်ပြတဲ့  ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ သောက်ရေသန့် မှာ PH 7 ရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။

PH scale က (0 to 14) အထိရှိပါတယ် ။ 0-7 အထိက အက်ဆစ် များပြီး 7-14 အတွင်းကတော့ အယ်လကာလီ ပုံဆောင်မှုပိုများပါတယ်။

လူ တွေ ရဲ့  ဆံပင်ဟာ ပုံမှန် PH 4.5 ကနေ့  5.5 အတွင်းမှာရှိပါတယ်။ ဒါကို Relexer လို့ ခေါ်တဲ့ ဆံပင်ဖြောင့်ဆေး သုံးလိုက်တဲ့ အခါမှာ ဆံပင်ဟာ အယ်လကာလီ တိုးလာပြီး PH 10-11 လောက်အထိတက်သွားပါတယ်။

ဆံပင်ဖြောင့်နည်း ကို အကြမ်းဖျဉ်းလေး သိထားအောင် ပြောပြပါမယ်။

ဆံပင်ကို လျှော်ပြီး ခြောက်အောင် သုတ်ပါ။ ဖြစ်နိုင်ရင် hair straightener ဖြောင့်စက် လေးနဲ့  အသားကျ အောင်ဆွဲထားပါ။ ဖြောင့်ဆေး မလိမ်းခင် နှာဖူး၊ ဂုတ်၊ နားရွက် နောက်ဘက် ၊ နားထင် စတဲ့ ဆံပင်ထိနိုင်တဲ့ နေရာကို ဗေ့ စလင်းလို pactrolium gel တစ်ခုခုနဲ့ သုတ်လိမ်းပေးပါ။ ဆံပင်ဖြောင့်ဆေး relaxer ဟာ ပြင်းတော့ အသားတွေ လောင်မှာ ကိုကာကွယ်တဲ့ သဘောပါ။

ဆံပင်ကို အလွှာလိုက် သေချာခွဲဖီးပြီး ဖြောင့်ဆေး ကို အလွှာလိုက် သုတ်လိမ်းပေးပါ။ နည်းနည်းမြန်မြန်လေး လုပ်ရပါမယ်။ ဦးရည်ပြား နှင့် တိုက်ရိုက်မထိအောင် နည်းနည်း လေး နေရာ ချန်ပြီးဆံပင် အနှံ သုတ် လိမ်း ပေးရပါမယ်။ နေရာ အနှံ ဖြောင့်ဆေးသုတ်ပြီးပြီဆို ရင်တော့ ခေါင်းကို ငြိမ်ငြိမ်လေး ထားပြီး မိနစ်၃၀ လောက်ထိုင်စောင့်ရပါမယ်။ ဖြောင့်ဆေးဟာ ဆံပင်ရဲ့ အလည်ပိုင်း cortex layer မှာ အလုပ်လုပ်နေပါပြီ။ ဖြောင့်ဆေးရဲ့ label ကိုသေချာဖတ်ပါ။ပိုဖြောင့်ချင်တယ်ဆိုပြီး သတ်မှတ်ထားတဲ့ မိနစ်ထက် ပိုထားရင် ဆံပင်တွေ ဆွေးပြီး ပြတ်ကျတတ်ပါတယ်။
ဒီပုံကတော့ သတ်မှတ်ချိန်အပြီး ဆံပင်ဖြောင့် ဆေးကြောင့် ဆံပင်ရဲ့ elasticity ကိုစမ်းနေတဲ့ပုံပါ။
နောက် ပြီးရင်ခေါင်းလျှော် လိုက်ပါ။ ဆံပင်ဟာ အဲဒီအချိန်မှာ အရမ်းကိုနူးညံနေတာမို့  ကြမ်းကြမ်း တမ်းတမ်း ပွတ်တိုက် မလျှော်ပါနဲ့  ဖြောင့်ဆေး စဉ်အောင်သေချာ လျှော်ပါ။ အကိုင်အတွယ် ညင်သာပါစေ။ ဘီးကျဲနဲ့ သေချာရှင်းပါ ပြီးရင် blow dry လုပ်ပြီးဆံပင်ကိုခြောက်လိုက်ပါ။
နောက်တဆင့်ကတော့ အရမ်းအရေးကြီးပါတယ်။
blow dry မှုတ်ပြီး မှာ အသားကျအောင် hair straightener နဲ့ သေချာ အချိန် ယူ ဆွဲပေးပါ။ နည်းနည်း အနုစိတ် ရပါမယ်။ စိတ်ရှည်ရှည်ဆွဲပေးပါ။ အဖျားတိတာ တို့  ဆံပင်ပုံချ ညှပ်တာတို့ ကို ပြီးတာနဲ့ ဆက်လုပ်ပါ။
နောက်တဆင့်က PH balance ကို neutralize လုပ်ရပါမယ်။ ဒါဟာ အရေးအကြီး ဆုံးအဆင့်ပါဘဲ။



Neutralize လုပ်တဲ သဘော ကတော့ conditioner သုံးပြီး PH balance ကို Cortex layer မှာ ပြန်ထိန်းသိန်း ပေးတာဖြစ်ပါတယ်။ deep conditoning process တစ်မျိုးဖြစ်ပါတယ်။ Blow dry အသာအယာ လုပ်ပေးခြင်းဖြင့် ၊ဆံပင် အပေါ်ယံဆုံး အလွှာက ပွင့်နေတဲ့ ငါးအကြေးခွံပုံစံ cuticle လေးတွေကို ပြန်ပိတ်ပေးပါတယ်။

ကဲ ကြည့်လိုက်ပါဦး ၊ ဓါတ်ပုံထဲက တရုတ်မလေးတော့ အပြတ်ရှိုင်းသွားပြီနော်။


ဆံပင်ကောက်တဲ့ ဖြောင့်တဲ့ နေရာမှာ အာရှ ဘက်က နည်းပညာနဲ့  ဓါတုပစ္စည်း တွေက ပိုကောင်းတယ်လို့ ကျမ မြင်ပါတယ်။ ဒီမှာ နာမည်ကြီတဲ့ permenant hair straightening ကတော့ ဂျပန်နည်းပါ yoko system လို့ ခေါ်ပါတယ် ဈေးတအားကြီးပါတယ်။ ခါးလောက်ရှည်တဲ့ဆံပင်ဆိုရင် ပေါင် ၄၀၀ ၊ ၅၀၀ လောက်ပေးရမလားဘဲ။ ဒီဘက်က လူတွေ က တရားစွဲတာကြောက်တော့ တော်ရုံတန်ရုံ ဆေးတွေ သိပ်သုံးပြီး မဖြောင့်ပေး ကြပါဘူး WELLA က ပစ္စည်း အသုံးများ ပါတယ်။ ကျမတို့  အာရှ သား တွေအတွက် တော့ အာရှ ဘက်က ပစ္စည်း တွေ ကပိုကိုက်မယ်ထင်ပါတယ် ခက်တာက ယိုဒယားရော၊ ကိုရီးယားကော၊ဂျပန်ရော အင်္ဂလိပ်လို အညွှန်းရေးထားတဲ့  ပစ္စည်း အတော်ရှာရခက်မယ်ထင်ပါတယ်။

ကျမရေးထားတာဖတ်ပြီး ကိုယ့်ဖာသာကို မစမ်းသပ်ပါနဲ့ ။ တပ်ကြွမ်းတဲ့ သူတွေလုပ်ပေးတာ ကို သာလက်ခံပါ။ ဘာကြောင့်လဲဆိုတော့ risk များလို့ ပါ။ ဆံပင်ကို ဘယ်လို ဖြောင့်တယ်ဆိုတာ ကို နည်းနည်း မျှဝေလိုက်တာ ဖြစ်ပါတယ်။

1 comment:

  1. ဆံပင် တိုတို (၂လက်မခန့်သာရှိသော ဆံပင်) ကိုဖြောင့်တာ ကြားဖူးကြပါသလား....

    ၂၀၀၈ မှာ ပြုလုပ်ဖူးပါ၏.....

    ဆံပင်သယ်မ ခင်ဗျာ ငွေလိုချင်လို့ သာ လုပ်ရသော်လည်း.. ဆံပင် ၂ လက်မ နှင့် စိတ်လက် မရှည်စွာ .... ဆံပင်ဖြောင့် ဆေးပုံးတွင် ခေါင်းအား မနှစ်ထားရုံတမည်.. စေတနာ အပြည့်ဖြင့် ဖြောင့်ပေးရှာပါအိ...

    ဆံပင် အဖြောင့်လေးဖြင့် တောင်ကြီး... အောင်ပန်းသို့  ခရီးနှင် ခဲ့ရာတွင်.... ဆံပင်သယ်မ၏ စေတနာတို့  ကြောင့် ဆံပင်များ ဦးဆွေး ဆံမြေ့ ပြီးသကာလ အမျှင်လိုက် ကျွတ်ကျပါ၏....

    အခု လဲ လက်မလျော့သေးပါ... ဝေးဗီး ဆံပင်အား အရှည်ထား၍ ဖြောင့်မည်ဟု ကြိုးစား ကြံစဉ်နေဆဲပါ..

    ReplyDelete