Wednesday 2 February 2011

လွှတ်တော်လူကြီးတွေ ရိုက်ကုန်ကြပြီ

ပါလီမန်မှာ ရန်ဖြစ်ကြလို့ လေ ။ လောက်စလုံးတွေနဲ့  ပစ်တာ လူကြီးတွေ ထီးဆောင်းပြီး ကာထားရတယ်။လုံခြုံရေးအတွက် ခေတ်မီ metal detectors နဲ့ စစ်တာ လောက်စလုံးက ရွှံဆိုတော့ မပေါ်ဘူး။ နောက် ဒေါသမထိန်းနိုင်တဲ့ လွှတ်တော်လူဂျီး မင်းများဟာ တစ်ယောက်နဲ့  တစ်ယောက် ဆွဲကုတ်ကြတယ်။ တစ်ချို့ လဲတိုက်ပုံအကျီ ချွတ်ပြီး ဖိုက်ဖို့  အသင့်ပြင်တယ်။ ခုံနှစ်လုံးကို ကျားကန်ကန်ပြီး သူများထုတာကိုရှောင်တဲ့သူက ရှောင်တယ်။ ဖမ်းချုပ် ကူပေးတဲ့သူရှိတော့ လက်ကို လိမ် ပြီး ဖမ်း ချုပ်ပေးတဲ့သူကတမျိုး ။ ဗိုက်သားတွေဘာတွေပေါ်တဲ့  သူကပေါ်လို့  ဒေါသတွေကြီး လိုက်ကြတာနော်။ နောက်လူက ခုံတန်းတွေကို ကျော်တယ်။ နောက် တစ်ယောက်နဲ့  တစ်ယောက် ထုတယ် နှက်တယ်။ ဖျဉ်တဲ့လူကလဲ ဖျဉ်တယ်။ နောက် ပွဲကြမ်းလာပြီး ဖျဉ်တဲ့ သူပါ အနှက်ခဲရတော့ ဘုသွားပြီး မမှီတော့ မှီအောင် တက်ခွ တယ်။ သဘာပတိကြီးလဲ ထီးလေး ကို ကာဗာလေး လုပ်ထားပြီး ဝမ်းဖိုးဖိုး ထုတ် တယ်။ ဝါစိမ်းနီ အလံလေး ကို လစ်တုန်း အိမ်မှာ စားပွဲခင်း မရှိတာနဲ့ အတော်ဘဲဆိုပြီး လူဂျီးတစ်ယောက်က ချုံပြီး အလစ်သုတ် တယ်။ ဟဲဟဲ နွားချေးနဲ့ မီးထွန်း ခိုင်းမဲ့  သကောင့်သားလဲ သူများ ကုတ်ဆွဲလိုက်တာ နှာခေါင်းမှာ သွေးတွေထွက်လို့ လက်ကိုင်ပုဝါလေးနဲ့  ။ လူဂျီးတွေ ဆိုတော့ ထင်း မီးခိုးမှိုင်း တိုက်ပြီး လူစု ခွဲလိုက်ရတယ်။ အင်အား သုံးပြီး မဖြိုခွဲ ခဲ့ရပါဘူး ။ မီးခိုးတွေ အူလွန်းလို့ ကင်မဒါမန်း တွေလဲ အပြင်ကို ကသုတ်ကယက် ထွက်ကုန်ကြပြီ။ ဟိုဘာဒဲ့ ဖွတ်ကြားတို့ အသင်းဆိုလား ကြံ့ မခိုင် ဒူးကွေး လေးကြိုး အဖွဲ့  ဆိုလား အဲဒါတွေ က တော့ တစ်ယောက်နဲ့ တစ်ယောက် မီးခိုးထဲမှာ ကုတ်ဆွဲနေကြတယ် ကားပါမစ် လုတာဆိုလား။

ဟဲဟဲ မြန်မာနိုင်ငံတော့မဟုတ်သေးပါ။ ယူကရိန်းက ပါလီမန် က လိုက်ဖ် ရှိုးလေးတစ်ခုဖြစ်ပါတယ်။
မနှစ်က ဧပြီလ မှာ တင်ခဲ့တဲ့ ပိုစ့် အဟောင်းလေး ကို modify လုပ်ထားပါတယ်။





ယူကရိန်းဆိုရင် ဘောလုံးသမား Shevchenko (ချက်ချင်းငို .... ကလေးတွေခေါ်တဲ့  အတိုင်း) ကို သတိယကြမှာ ပါ တနေ့ တုန်းက သူတို့ နိုင်ငံရဲ့ ပါလီမာန်မှာ ရန်ဖြစ်ကြသတဲ့။ ဆွဲကုတ်တဲ့သူနဲ့ ၊ ကြက်ဥနဲ့ ပေါက်တဲ့ သူကလဲပေါက် အလံနားမှာထိုင်တဲ့ နာယက ကြီးတောင် ထီးလေးနဲ့ ကွယ်ထားရသတဲ့ကွယ်။ မျက်ရည်ယို ဗုံးနဲ့ လဲပစ်လူစုခွဲတာတွေ့ ရတယ်။...... ပါလီမန် ..... ထဲမှာနော် ။ .... ကလေးတွေ.....လဲမဟုတ်ဘူ ..... ဘောလုံးပွဲ အားပေးရင်း ရန်ဖြစ်တာလဲ မဟုတ်ဘူး။ တော်တော်ကို အရုပ်ဆိုးတာ။ ကြည့်တဲ့ဘေးက သူတွေကတော့ ဟားချင်မှာဘဲ။ လက်သီးနဲ့ ထိုးတာလဲမဟုတ်ဘူး။ ပုခုံးကိုတွန်းတာလဲတွေ့ တယ်။ လက်နဲ့ လွှဲရိုက်တာလဲတွေ့ တယ်။ သူတို့ ဆီက အတိုက်အခံခေါင်းဆောင်က သမ္မတကို ရုရှားလိုလားသူ လို့  စွပ်စွဲတယ် ။ သမ္မတက Sevastopolမှာ အခြေချဖို့  သက်တမ်းတိုးပေး မှာကို မလိုလားလို့ ပြသနာတက်တာဖြစ်ပါတယ်။

3 comments:

  1. ဟ ဟ။ လွှတ်တော်မှာ ရိုက်ကုန်ကြပြီဆိုတာနဲ့  ဟိုလူကြီး အထိနာသွားပြီလားဆိုပြီး အပြေး လာကြည့်တာ။ ရွှေပြည်ကြီးလည်း ဟုတ်ဖူးနော် .. :P

    ReplyDelete
  2. ဟဲ့ ပလုတ်တုတ်... လွှတ်တော်ထဲမှာ သောင်းကျန်းနေကြပါလား.. ကိုယ့်ဆီမတော့ တံခါးပိတ်လွှတ်တော်တဲ့ ကြားဘူးပေါင်...

    ReplyDelete
  3. ရွှေပြည်ကြီး မဟုတ်သေးဘူး ညယံရေ။ ရွှေပြည်ကြီမှာတော့ အပြောမှား ရင် မောင်းတင်ပြီး ခလုတ်ဆွဲမဲ့  ပုတ်ကိုတွေ မညီးသေးသော ယူနီဖောင်းကြီးတွေ ဝတ်ပြီး လွှတ်တော် တက်ကြပါသတဲ့ ကွယ်။ ဝန်ထမ်းဆိုတာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်တဲ့ ကာကွယ်ရေး ဝန်ထမ်းက ဝန်ထမ်းမဟုတ်ဘူးပေါ့လေ သဘောကတော့။ ကုလားကြီးနဲ့  အရာကြီး မတူဘူးပေါ့။

    ReplyDelete