Saturday 26 February 2011

ထမိန်ဝတ် တို့ ရဲ့  ခေတ်ပျက်သူဌေး

အရင် တုန်းက Htoo Htet Treading အခုနာမည် Htoo Trading ပိုင်ရှင် တေဇ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း က ရေခဲတောင်မှာ ဒုက္ခရောက်နေတယ် ဖတ်မိတယ်။ လွန်ခဲ့တဲ့  ၁၉၉၈ မတိုင်မီမှာ သူပိုင်ဆိုင်မှုဟာ ဒီလောက်မများသေးဘူး။ ရန်ကုန်က နေ နယ်မှာရှိတဲ့ ရုံးခွဲတွေ ကို ကား၊ ရုံးသုံးကွန်ပျူတာက အစ စားပွဲကုလားထိုင်အဆုံး ပို့ ချင်ရင် ထူးထက် Trading ကိုဖုန်းဆက်လိုက် ဆိုင်ရာပိုင်ရာတွေ အဆင့်ဆင့် သွားစရာ မလို ဘူး။ တရားဝင်ရော တရားမဝင်ရော စဉ်းစားစရာမလို ဘူး ။ အဆင့်အားလုံးကို သူ့ နည်းသူ့ ဟန်နဲ့ ကျော်ဖြတ် ပြီး ရောက်အောင်ပို့ ပေးတယ်။ ကုလသမဂ္ဂတို့  ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့ တို့  က သူ့ ရဲ့ service ကိုတွင်တွင် သုံးခဲ့တာသိရပါတယ်။

တေဇ ဟာ ၁၉၆၇ ခုနှစ်မွေးတဲ့ အသက် ၄၀ စွန်းယုံခေတ်ပျက် သူဌေးတစ်ယောက်ပါ။ နွားအဖ ကျေးဇူးကြောင့်သူရဲ့ ပိုင်ဆိုင်မှုအင်ပါယာ တော်တော်ကျယ်ပြန်လာပါပြီ။ သစ်ပွဲစား၊ လက်နက်ပွဲစားအလုပ်အပြင်၊ Air Pagan ဆိုတဲ့  ပုဂ္ဂိုလိကပိုင် လေကြောင်းလိုင်းတစ်ခုအပြင်၊ ခရီးသွား လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း တွေအပြင် ရန်ကုန်ယူနိုက်တက်ဆိုတဲ့ ဘောလုံးအသင်းရဲ့  စပွန်ဆာ လဲဖြစ်ပါတယ်။

ပြောချင်တာ က သူရေခဲတောင်ထဲမှာဒုက္ခရောက်နေတယ်လို့ သတင်းတွေမှာ ဖေါ်ပြတော့ ကျမစိတ်ထဲမှာ အော် ဒါသာမန်ဖြစ်စဉ်တစ်ခုလို အမှုမဲ့ အမှတ်မဲ့ ထားမိပါတယ်။ နောက်ရက်မှာ သူ့ ကို ကယ်ဆယ်လို့ ရပြီဆိုတဲ့ သတင်းကို ဖတ်ရတော့ ကျမစိတ်မှာ ဘာဖြစ်သွားတယ်ဆိုတာကို ရေးချင်တာပါ။

ချီလီ က မိုင်းသမားတွေ ဂူထဲမှာ ပိတ်မိနေတုန်းက သူတို့ တစ်ယောက်စီ ထွက်လာတာ တီဗွီမှာကြည့်ရင်း သူတို့ မိသားစုတွေ နဲ့ တူတူ ရောပျော်မိတယ်။ တေဇ ကို ကယ်လို့ ရတယ်လို့ လဲ ကြားရော ကျမ မုဒိတာ မပွားနိုင်ခဲ့ပါဘူး။ တေဇမှာ လဲ တစ်ခုခုဖြစ်ရင် ပူမဲ့ သူ့ မိသားစု ရှိတယ်။ သူ့ အသိုင်းအဝိုင်းရှိပါတယ်။ လူတစ်ယောက် အသက်ဘေးက လွတ်လာတာ ကို မုဒိတာ မပွားနိုင်လောက်အောင် ကျမစိတ်ဓါတ်တွေဘာဖြစ်သွားပြီလဲ ဆိုတာ တွေးနေမိပါတယ်။

နာဂစ်တို့  ဂီရိ တို့  သဘာဝ ဘေးဒဏ်ထိတော့ သာမန်မျက်နှာမွဲလူတွေ ကယ်ဆယ်ရေး ထိထိရောက်ရောက် မလုပ်နိုင်လို့  ပြည်သူပြည်သားတွေ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတယ်။ မျက်နှာကြီးသူဌေး ရေခဲတောင်မှာ ဒုက္ခရောက်တော့ သတင်းတွေကလဲ ဝေဝေဆာဆာ ဖေါ်ပြလိုက်ကြတာ။ ကယ်ဆယ်ချင်နေတဲ့သူတွေကလဲ လက်ကိုယားနေကြတာဘဲ။ ရေများတဲ့ နေရာကို မိုးစွတ်ရွာနေတာ ကို ကျမ တော်တော်အမြင်ကတ်လို့ ပါ။
ဆိုလိုတာက လူချမ်းသား သူဌေးတစ်ယောက်ဒုက္ခရောက်တာကို ကျမ မိန်မိန်ယှက်ယှက် ကြည့်နေကြားနေချင်တယ်။ ဂါရဝ တွေ ဘာတွေ နားမလည်ချင်တော့ဘူး ကိုယ့်မိဘ ထက်တောင် အသက်ကြီးတဲ့ ထမိန်ဝတ် သက်ကြားအို တွေကိုလဲသေစေချင်နေတယ်။ ဒီလိုစကားတွေကို ရင်ဘတ်ချင်းတူတဲ့လူတွေနဲ့  မကြာခဏ ပြောမိကြမှာပါ။ လူတွေအားလုံးက သေစေချင်လောက်အောင် မေတ္တာခံယူ နေတာရတာကို အုပ်ချုပ်သူ ထမိန်ဝတ်တွေနဲ့  လက်ဝေခံ ခေတ်ပျက်သူဌေးတွေ ဘာလို့  မသိချင်ယောင်ဆောင်နေကြတာပါလဲ။ တိုင်းပြည်ကို ခွာချရောင်းစားနေတာ တိုင်းပြည်ကြီးလဲ အပွေးမရှိတဲ့ သစ်ပင်လိုဖြစ်နေပြီ။ ထာဝရဘုရား ဆိုတာ တစ်ကယ်ရှိရင် ဒီလိုလူတွေကို ဒီတိုင်းမထားဖို့  တောင်းဆိုချင်တယ်။ အာလာအရှင်မြတ်ဆိုတာ တကယ်အပြင်မှာ ရှိရင် အမိန့် တော်မှတ်ဖို့  အချိန်တန် ပါပြီလို့ ။ မကောင်းသူဖယ် ကောင်းသူဆယ်ဖို့ ။ Judgement နေ့ ကို ရောက်သင့်တာ ကြာပါပြီလို့  ပြောလိုက်ချင်ပါတယ်။

4 comments:

  1. ဟုတ်ပ .. အစ်မရိုးရိုး နဲ့ ကျမနဲ့ အမြင်တူနေပြီ .. ဒါလေးဖြစ်တာကို သတင်းတွေ ဝေဝေဆာဆာ ဖော်ပြနေတာ အံရော ... ကောင်းသူကယ် မကောင်းသူပယ်ဆိုပေမယ့် မကောင်းသူတွေ ခုထိကြီးစိုးနေကြသေးတယ် ...

    ReplyDelete
  2.ုတူလိုက်လေ အမရယ်...ကျွန်မလည်း ဘာဖြစ်မှန်းမသိဘူး..သူများနိုင်ငံသားတွေ ဒုက္ခရောက်နေရင်တောင် သနားရသေးတယ်... အခု ငတေ ကို ကယ်နိုင်လိုက်ပြီ ဆိုတော့ မုဒိတာ မပွားနိုင်ဘဲ သေပဲမသေနိုင်ကြဘူုးလို့ စဉ်းစားနေမိတယ်

    ReplyDelete
  3. ညယံ ရေ There is a lot of reasons why we loathe & detest these people. Why God let good things happend to bad people and bad things to good people? Why Why Why?

    Htike ရေ မုန်းတဲ့ သူကို မေတ္တာများများ ပို့ လို့ လူကြီးသူမတွေ ပြောတယ်။ မေတ္တလဲပို့ လို့ မရဘူး။ မုဒိတာလဲ ပွားလို့ မရဘူး။

    ReplyDelete
  4. ဟုတ်တယ် အစ်မရိုးရိုး ... မကောင်းတဲ့ သူတွေက ကောင်းစားနေကြပြီး ကောင်းတဲ့ သူတွေကတော့ စားစရာတောင် အနိုင်နိုင် ရုန်းကန်နေရတယ်...

    ReplyDelete