Sunday 6 February 2011

မြန်မာ သမ္မတ ဘယ်သူလဲလို့ မေးလာသူ အတွက်

ခင်ညွှန့် ၊ စိုးဝင်း၊ သိန်းစိန် သူတို့ ၃ယောက်စလုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးတယ်။

ခလည်က တစ်ယောက် (စိုးဝင်း) တော့ သေသွားပြီ။
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အနားသတ်အချိန် အောက်တိုဘာ ၂၀၀၇ မှာ မြန်မာဝန်ကြီးချူပ်စိုးဝင်း သေတော့ သိန်းစိန်ရာထူးဆက်ခံခဲ့တယ်။ ဧပြီလ ၂၀၁၀ မှာ ကြံ့ ဖွတ် ပါတီကို တရားဝင်နိုင်ငံရေးပါတီ အဖြစ်ထောင်ပြီး ။ ပါတီခေါင်းဆောင်တစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။
၂၀၀၉ သြဂုတ်လ တုန်းက ပေါ့ မြန်မာ ဝန်ကြီးချုပ် သိန်းစိန် တစ်ယောက် အမေရိကားရောက်တော့ ဒီလို မေတ္တာ ပို့ တာခံခဲ့ရတယ်။ ဒီလိုအဆဲခံရတယ်။ ဒါပေမဲ့  ဒါတွေ ဟာသူ့ ကို သိဒ္ဓိ တင်ပေးလိုက် သလို ပါဘဲ။ ခုတော့ သူက သမ္မတ ရာထူး ရသွားပြီလို့  စာထဲမှာ ဖတ်ရပါတယ်။

သိန်းစိန် တစ်ယောက် စင်္ကာပူ ရုက္ခဗေဒ ဥယာဉ်ကို ၂၀၀၉ ခုနှစ်မတ်လ မှာ သွားလည်တော့ သစ်ခွပန်းကို သူ့ နာမည်ပေးလိုက်သတဲ့။ တတ်လဲတတ်နိုင်တဲ့ စလုံးက လူတွေ "Dendrobium Thein Sein” လို့  ဒီသစ်ခွ ပန်းကို အမည်ပေးထားပါတယ်။


သူ့ ရဲ့  နိုင်ငံတော်အတွက် လုပ်ဆောင်မှု တွေဟာ တခြား ချေးထုတ်တွေနဲ့ ဘာမှ မထူးခြားလို့  စိတ်ဝင်စားစရာမကောင်းပါဘူး ။ အသက် ၆၆ နှစ် ရှိမြန်မာ သမ္မတ သိန်းစိန် ဆိုတဲ့  လူကို မသိဘူးလို့  ပြောတဲ့ မြန်မာသူငယ်ချင်းတစ်ယောက်သိအောင် ဓါတ်ပုံ နဲ့ တစ်ကွ ရေးပေးလိုက်တာပါ။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင် တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။


အပေါ်က စာကြောင်း သုံးကြောင်း ကောင်းကင်ကိုထဲက ကြိုက်လို့ ကူးရေးထားတယ်။

5 comments:

  1. အဲ့သည်လူစလုံးမှာ စီးပွားရေးတွေ အများကြီးဆိုပဲ.... သူလဲ ဘယ်တော့ဂိုးမလဲမသိဘူး... ဂိုးတော့ ဂိုးမှာပါ။ သူနေရာရရင် အနည်းနဲ့ အများတော့ ဘဘဂျီးကိုကန်မိမယ်... ဒါဆို သိပ်ကြာမယ်မထင်.. ဘဘဂျီးကလူလည်ကြီးနော်... အထင်မသေးကြနဲ့  ဟွန်း

    ReplyDelete
  2. ဘဘဂျီးကို အထင်မသေးရဲပါဘူးကွယ် ...
    သိန်းစိန်ကို နံမည်တောင် မကြားဘူးတဲ့ လူက ရှိသေးတယ်နော့ ...
    ဂလို ကမ္ဘာသိ တမ္မတကြီးပေါ့ ...

    ReplyDelete
  3. သိန်းစိန် တစ်ယောက် စင်္ကာပူ ရုက္ခဗေဒ ဥယာဉ်ကို ၂၀၀၉ ခုနှစ်မတ်လ မှာ သွားလည်တော့ သစ်ခွပန်းကို သူ့ နာမည်ပေးလိုက်သတဲ့။ တတ်လဲတတ်နိုင်တဲ့ စလုံးက လူတွေ "Dendrobium Thein Sein” လို့  ဒီသစ်ခွ ပန်းကို အမည်ပေးထားပါတယ်။
    (နာမည်တောင်ပြောင်းပေးသင့်တာ...ပန်းစိန်လို့ လေ)

    ReplyDelete
  4. ဒေါ်ရိုးရိုးရေ... အားရင်မဲဝဲစစ်အုန်းဟေ့... အကျနုပ်စစ်ပေးတာတော့ http://yoeyoeblog.blogspot.com/ မှာ မဲဝဲရှိနေသဗျိုး။ ဂူဂဲလ်က black list မသွင်းသေးပေမယ့် ကြိုလုပ်ထားတာကောင်းမယ်ထင်တယ်နော်။ ကိုလင်းထက် http://www.linhtet.net/2011/02/reported-attack-page.html မှာ စစ်ဖို့  Guide Line ပေးထားတယ်။

    ReplyDelete
  5. နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ တိုင်ကြားခြင်းဝက်ဆိုက်ကို ထည့်ပေးပါရန်

    ReplyDelete