Tuesday 1 March 2011

ဂျီမေးအကောင့်များ မတော်တဆ ပျက်စီးသွားခဲ့


ထောင်ပေါင်းများစွာသော Gmail Account များ မတော်တဆ ပျက်စီး သွားကြောင်း ဒီကနေ့  ဘီဘီစီ သတင်းမှာ ဖတ်လိုက် ရပါတယ်။ Inboxes တွေမှာ ရှိတဲ့ မေးတွေ အကုန်ပါ သွားတဲ့သူလဲပါတယ်။ အဲဒီမှာ အီးမေး အသွားအပြန်စာတွေ နဲ့  အရေးကြီး ကွန်ထရက် တွေ အားလုံး ပျောက်ကုန်ပါတယ်တဲ့။

Google ကတော့ ဂျီမေးသုံးစွဲသူ အားလုံးရဲ့  .၀၈% ရာခိုင်နှုံး သာ ဒီလို ပြသနာ ကြုံရတာ ဖြစ်ပါကြောင်း ။ တချို့ အကောင့်တွေကျတော့ လဲ restore ပြန်လုပ်ပြီး ဖြစ်ကြောင်း ၊ Google Company အင်ဂျငိနီယာတွေ ဟာဒီပြသနာကို ပြေလည်ဖို့  restore service အတွက် ကျိုးစားနေခဲ့ကြောင်း ပြောပါတယ်။
Google က ဘယ်လောက် ပမာဏလောက် ပျက်သွားတယ်လို့ တိတိကျကျသတင်းမထုတ်ပေမဲ့ ခန့် မှန်းခြေ user ၁၅၀,၀၀၀ နဲ့  ၂၀၀,၀၀၀ တို့ ရဲ့  အကောင့်တွေမှာ ဒီပြသနာ ကြုံခဲ့ရတယ် လို့ ခန့် မှန်းရပါတယ်။

အကောင့်ထဲက အီးမေး ပျောက်သွားသူတွေ ကတော့  တော်တော်ကို ဒေါပွ နေကြကြောင်း ပြသနာရဲ့ အရင်း အမြစ်ကို သိချင်ကြကြောင်း ဘီဘီစီကို ပြောပါတယ်တဲ့။

သင်လဲ သင့်ရဲ့  ဂျီမေးအကောင့်ကို စစ်ကြည့်လိုက်ပါဦး။

ref: BBC.co.uk/News

2 comments:

  1. gmail team က ဆိုပြီး password & username တောင်းလာတဲ့ အီးမေးတွေ ဝင်လာရင် ဖျက်ပစ်။ မပေးနဲ့။ ဒါဆိုရင် ဒီလိုမျိုးဖြစ်ဖို့အခြေအနေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ သိတာလေး မျှဝေလိုက်ပါတယ်နော်။ ပျော်ရွှင်ပါစေရှင်။

    ReplyDelete
  2. ငါ့အကောင့်တွေတော့ တစ်ခုမှ ပါမသွားဘူး... အဟီး..

    ReplyDelete