Wednesday 15 February 2012

Ginger Boy

မနှစ် က နွေရာသီမှာ သူတို့  Gypsy ၂ ကောင် အိမ်နောက် မီးဖိုချောင် တံခါးမှာ အစာလာ စားကြတယ်။



အပေါ်က Ginger guy ကတော့ နည်းနည်းဝ ပြီး အောက်ပုံက မောင်ကျားနဲ့  မတည့်ဘူး။ သူတို့ ၂ကောင်လုံး လေလွင့် ကြောင် တွေဖြစ်လို့ လူတွေနဲ့ သိပ်မယဉ်ကြဘူး ။ ဒီလိုနဲ့  ...........

နည်းနည်း ပိန်တဲ့ မောင်ကျားဟာ အိမ်ထဲကို ဝင်ခွင့်ထွက် ခွင့်ပါမစ်အပြင် အိမ်ထဲက ဖိနပ်ချွတ်တဲ့ နေရာနဲ့  မနီးမဝေးမှာ အိပ်စရာနေရာလေးတစ်ခု ရလာတယ်။

ကြောင်ရည်နည်းနည်း ပိုလည်တဲ့ မောင်ကျားဟာ အိမ်ခံကြောင် ၂ကောင်နဲ့ တည့်တော့ သူလာတိုင်း အိမ်တံခါးဖွင့်ပေး အစာကြွေး အိပ်စရာနေရာပေး အပြင်ထွက်ချင်ရင်ပေးထွက် နဲ့  သူ့ အတွက် အလုပ်တစ်ခု ရလာခဲ့တယ်။ သို့ သော် အရိုင်းတို့ ထုံးစံအတိုင်း တစ်ခါတစ်လေ လူကို ကုတ်ချင်တယ်။ လန့် ရင် self defence လိုမျိုးပေါ့။ သို့ သော် တစ်နေ့ မှာ ပျောက်ချင်းမလှပျောက်သွားပါတယ်။

နည်းနည်းပိုစွာတဲ့  မိုက်တီး Ginger boy ဟာ တစ်နေ့ တော့ အစာစားပြီး မပြန်တော့ ဘူး။ အိမ်နောက်နားမှာ ရစ်သီရစ်သီနဲ့  မီးဖိုတံခါးဖွင့်တိုင်းတွေ့  နေရတယ်။ နည်းနည်းရိုင်းတော့ အိမ်ထဲ မဝင်ပါဘူး။ အစာစားနေတုန်းတောင် သူ့ နောက်ကျောကို သပ်ရင် ပြန်ပြီး ခွီးဆိုလုပ်ချင်တယ်။ အိမ်က လူတွေက သူနေစရာ အိမ်လေးတစ်ခု ဆောက်ပေးလိုက်တယ်။ အိမ်နောက် တံစက်မိတ်လှေကားနားမှာ မပြန်တော့ဘူး။ အဲဒီမှာနေတယ်။

ရန်စွာကောင် ဟာ တစ်ဖြေးဖြေး အစားတောင်းတတ်လာတယ်။ မီးဖိုထဲမှာ ထမင်းစားရင် ခြေထောက် ကိုလာလာပွတ်တယ်။ Iceland ကချက်ပြီးသား ကြက်သားထုတ်လေးကို နွေးကျွေးရင် သိပ်ကြိုက်တယ်။ ဒါနတစ်ခု ပြုတာမျိုးဖြစ်လို့  သူကြိုက်တတ်တာလေး မပြတ်အောင် ဝယ်ထားဖြစ်တယ်။


ည အလုပ်က အပြန်ထမင်းနွေးရင် ဒီကောင့်အတွက် ကြက်သားတုံးလေးတွေ လဲ သီးသန့် နွေးဖြစ်တယ်။ လူအစာစားရင် သူလဲစားချင်တယ်။ ကြည့်ရတာ အနီးနားက ဘီယာဆိုင်တွေမှာ အမြည်း တောင်းစားနေကြ ကောင် ဖြစ်မယ်။

ဒီလိုန့ဲ သူမပြန်တော့ဘူး။ ဒါပေမဲ့  အပြင်ခနခနထွက်ပြီး လမ်းရှာတယ်။ အိမ်ပြန်လာရင် တစ်ခါတစ်ခါ လှေခါးထပ်ကနေ ထွက်ကြိုတတ်တယ်။ အိမ်မှာ ရှိတဲ့  အိမ်ကြောင် ၂ကောင် ကို ကိုင်ရင် မနာလိုတတ် သိသိ သာသာ ရှောင်ဖယ် ရှောင်ဖယ် စောင်းငန်း စောင်းငန်း လုပ်တတ် လာတယ်။



တရုတ်နှစ်ကူး မတိုင်ခင်မှာ Taddy Bear အကြီးကြီးတစ်ကောင် အလုပ်ကနေ လက်ဆောင်ရထာ တယ် မြေအောက်ရထား တဆင့် နဲ့ မြေပေါ်ရထား ပါစီးပြီး သယ် ရတာ ရှက်ပေမဲ့ ဒီကောင်များ ကြိုက်မလား လို့  သူများတွေ ပြုံးစိစိ လုပ်တာ ကို မျက်နှာလွှဲပြီး သယ်လာခဲ့တယ်။ ဒါပေမဲ့  ဒီကောင်ကြိုက်ပုံမပေါ်ဘူး။ မနေ့ ကတော့ အရုပ်ကို နည်းနည်းယဉ်သွားလို့ ထင်တယ်။ တစ်ရှုံရှုံ နမ်းကြည့်တယ်။ အိမ်က ကောင်တွေနဲ့  တော့ သူက ခပ်တန်းတန်းနေတယ် ။ ကိုယ့် အထာနဲ့ ကိုယ် ပေါ့။

အိမ်ခံ မဟုတ်ပေမဲ့  နောက်မှ ပေါက်တဲ့  Ginger boy ကို အိမ်ကလူတွေ က ခင်ကြတယ်။ သူ့ ဧရိယာ ကျော်လာရင်တော့ လက်ခံမှာ မဟုတ်ဘူးနော်။ အခုဆိုရင် ကျောကုန်း ကိုင်ရင် မေးစေ့ပွတ်ရင် လက်ခံတယ်။ အခု တော်တော်ယဉ်ကျေးလာပြီး ချစ်စရာကောင်းလာတယ်။

5 comments:

  1. ဒန့် ဒလွန်သီး15 February 2012 at 11:44

    ကြောင်ကြီးတွေက ၀၀ ကြီးတွေနော်။
    ငါတော့ အိမ်ကဘိုမကိုတောင် သနားလာတယ်။
    ငါအိမ်ပြန်တုန်းက ငါ့အိပ်ယာပေါ်တက်တာကိုမကြိုက်လို့ 
    ဘိုမ နောက်ငါ့အိပ်ယာပေါ် ဘယ်တော့မှမတက်နဲ့ ကြားလားလို့ 
    အော်ပစ်လိုက်တာ..လုံးဝကိုမတက်တော့ဘူး..
    သနားစရာလဲကောင်းသား။ နားလည်တတ်ကြတယ်။
    မောင်ကျားက ကြောင်ထီးပီသတဲ့ရုပ်ရည်ရှိတယ်နော်။
    ခိခိ။ မိုက်ဒလယ်။

    ReplyDelete
  2. မိုက်တီးတွေပါလားဟ ရုပ်တွေက ဖိုက်တာ ရုပ်တွေနဲ့  ။ လူဇိုးတွေ။ ခုတလော လမ်းမှာ တွေ့ သမျှ ကြောင်တွေ လိုက်လိုက် နှုတ်ဆက်နေလို့  မနည်းရှောင်နေရတယ်။ စွန်ချက်က အဲ့လို

    ReplyDelete
  3. အ၀ါလေးက အိမ်က၀ိုင်းလုံးနဲ့တောင်ဆင်သေးတယ်..၀ိုင်းလုံးလည်ချက်ကတော့အစာမထည့်မိရင်အစာဗူးကိုတွန်းလှဲပြီးစားတတ်တယ်လေ..ပြန်တော့မထောင်တတ်ဘူး.. ဓါတ်ပုံရိုက်ရင်မကြိုက်ပဲထွက်ပြေးတတ်လို့ သူ့ကိုစချင်ရင်ဓါတ်ပုံလိုက်ရိုက်တာပဲ ..
    သူ့အကြောင်းလေးတောင်ရေးထားတာ ..မတင်ဖြစ်သေးဘူး..

    ခင်တဲ့
    ဝသုန်

    ReplyDelete
  4. ဒန့် ဒန့်  ဒီကကြောင်တွေ က မဆော့ဘူး။ မြန်မာပြည်က ကြောင်လေးတွေက ပါးပါးလျှလျှ နဲ့ ချစ်စရာပိုကောင်းတယ်။ Burmese cats are very trainable, smart and very adorable. Mg Kyar: was a lovely cat. He was like a Burmese cat. Can't see hime anymore.

    အလင်းစက်များ lသူတို့ က ဘုတ်အီးတွေဟ။ မဖိုက်နိုင်ပါဘူးဟာ။ cats love you , they might know who really care.

    ပျိုးယုဝသုန် ကြောင်နာမည်ဝိုင်းလုံးတဲ့လား။ ကြောင်ပို့ စ် တော့ စိတ်ဝင်စားတယ်။ ကြည့်ချင်တယ်။ မြန်မြန်ရေးလေ။
    Thanks for visiting my blog.

    ReplyDelete
  5. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://ads.com.mm/?

    cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_

    medium=lb_blog

    ReplyDelete