Sunday, 24 March 2013
အိမ်
အရင်တုန်းက အိမ်ကလေးဟာ အရိပ်မရှိတဲ့ နေရာလေးမှာ နေအတော်ပူလွန်းလို့  အရိပ်ရအောင် ရသမျှ အပင်တွေ အကုန်စုပြီး အိမ်ပတ်လည် စိုတ်ခဲ့ရတယ်။ အပင်မျိုးစိတ်တွေ ကတော့ အေစုံ။ စွယ်တော်ပင်က တင့်ကားတပ်အပြင် က အပင်ပေါက်လေး ကလေးတွေ ကို သေချာတူးယူ ပြီး ဈေးနောက်ဘက်က စပါးစက်က ထွက်တဲ့  ဖွဲပြာ နှင့် သံမြေကိုစပ် ငါးကန် အသွား မြေ နီ လမ်းမှာ နွားတွေပါချပြီး ချောက်နေတဲ့  နွားချေးခြောက်နဲ့ ပေါ့။
အရိပ်ရမြန်အောင်လို့  စိုက်ကောင်း မစိုက်ကောင်း နားမလည်ဘဲ ဘုရားကြီးနောက် က ကုတ်ကို ပင်ပေါက် တူးယူပြီးစိုက်တာဖြစ်တယ်။ ရေချိုးတဲ့နေရာ အရိပ်အမြန်ရဖို့ ကအဓိကလေ အရိပ်ရပြန်တော့လဲ အပင်က အကြီးမြန်လွန်းအားကြီးတယ်။ ရေတုန်ကင်နားမှာ စွယ်တော်ပင်လေး ဟာချိနှဲ ချိနှဲ ကြီးလာခဲ့တယ်။ အဖွားဆုံးတော့ ဒီအပင်လေး က ခါးကျော်ကျော် ရင်စို့ လောက်အမြင့် သာရှိအုန်းမယ်။ ဆင်လိပ်ပြာကြီး တချို့ နားဖူးတာ ကိုကြည့်တိုင်း ငါ့အဖွား ကို ဇီးကွက်ဖြစ်နေတယ်လို့ ပြောတဲ့ ဘာမှန်းမသိတဲ့ အသက်ကြီါးကြီး cousin ငါ့အဖွားရဲ့ မြေးမ ကို သွားပြီး သတိယ တယ်။
သရက်ပင် တွေကတော့ အစုံဘဲပေါ့။ သူငယ်ချင်း တင့်ကားတပ်ရှေ့  ရပ်ကွက်မှာနေတဲ့ သူငယ်ချင်းခြံကကော၊ ဆပ်သွားတောက သူငယ်ချင်း ခြံကကော။ ဆပ်သွားတော ဘုန်းကြီးကျောင်း ရှေ့ မှာပေါက်နေတာ ရော အကုန်အစုံဘဲ။ လယ်မြေ ကျစ်ခဲကို ငါ့ magic နည်း နွားချေ့း၊ဖွဲပြာ၊သံ mix လုပ်ပြီး ဒီအပင်တွေ ပျိုးခဲ့  တာ အဲ ဒီတုန်းက သဲဝယ်ဖို့  ဈေးသိပ်ကြီးတယ်။ သူငှေးတွေကတော့ ကွန်းဒေါင်းနဲ့  တိုက်ပြီးခြံထဲ ဖို့ ကြတာကို။
ပိန်း နှဲ ပင်ကတော့ မျိုးစိတ်မမှန် ပင်မသန် ခဲ့ဘူး ခုတော့ သေပြီထင်ပါရဲ့  ။ အမြင်ကတ်စရာကောင်းတဲ့  အုန်းပင်ကတော့ ငါရှိတုန်း မသီးခဲဖူး ခုတော့သီးလွန်းအားကြီးလို့  ငါ့အမ ပေါ်တောင် အသီးပြုတ်ကျတာ ကံကြီးပေလို့  အများကြီး အနာတရ မဖြစ်ခဲ့တာ ဘုရားမလို့ ။ ငါရှိတုန်းက အုန်းပင်သန်အောင် ဆားလဲကျွေးခဲ့ပါရဲ့  ။ ပြာလဲပုံပေးခဲ့ဖူးပါရဲ့ ။ အသီးကိုမစားခဲ့ရဘူး။
လက်ပေါက်ကပ်တာကတော့ ဗူးပင်ဘဲ ငါ့တို့ အဖေ မကြာမကြာစိုက်တာပါ။ အညွန့် တော့ မုန်းအောင် စားရခဲ့ရပါတယ်။ ငါစိုက်တိုင်း အမြစ်မဖောက်နိုင်လို့  နည်းနည်းတက်လာ ရင်သေ ကုန်တာဘဲ။ ငါစိုက်တဲ့ နေရာကလဲ အိမ်နောက် ပန်းကန်ဆေးတဲ့ နေရာနားလေ။ အခုရွဲယိုပင်ရှိတဲ့ နေရာ နားမဟုတ်လား။ မြေ သိပ်မသန့် လို့  မရှင်ဘူး။ အဖေ စိုက်တဲ့  နေရာက အိမ်ရှေ့  သပြေပင်စိုက်တဲ့ နေရာနား မို့ မြေကောင်းတယ်။
သရက်သီးတွေစသီး သရက်ဖူးဖူးတော့  ပျော်လိုက်ထာ။ အိမ်ပြင်ဆောက်တော့ သရက်ပင်တွေကြားထဲမှာ ယာယီ အမိုးအကာနဲ့  ငါတို့ တွေနေတုန်း သူခိုးလာခိုးတယ် ဒန်အိုးဒန်ခွက် ခိုးတာနဲ့ တူပါတယ်။ မမိလိုက်ဘူး။ မမိလိုက်တာဘဲ ကောင်းပါတယ်။ ခေတ်ကြီးရှားပါးတဲ့ အချိန်မှာ သူခိုးလဲ ငါ့ဝမ်းပူစာမနေသာလို့ ဖြစ်မှာပေါ့။ ဘာမှလဲ ပါမသွားဘူးလေ။ win- win situation ပေါ့။
အဲဒီအချိန်က ငါ့ကို မိတ်ဆွေဖွဲ့ ချင်ရင် အပင်မျိုးစေ့ သာပေး ။ အပင်ကောင်းကောင်းလေးသာ ရမယ်ဆိုရင် ဂျီအီး ဆပ်လိုင်းက ငါ့သူငယ်ချင်း အိမ်တောင် နေပူကြီးထဲ သွားတယ် ဆယ်တန်း အောင်စရင်းမထွက် သေးတော့ အားယားနေခဲ့တာလဲပါမယ်။
ခုတော့ ငါ့အရပ်မှာ ဆိုင်ကယ်တွေ ဖွတ်ချက်ဖွတ်ချက် နဲ့ ဆိုဘဲ။ မျက်စေ့ရှေ့ မှာ မွေးတဲ့ ရပ်ကွက်ထဲ ကလေးတွေလဲ လူကြီးတွေဖြစ် လို့ ပေါ့။ တစ်ချိန်က အမြန်ကြီး ပြီး အရိပ်အမြန် ရပါစေလို့  တယုတယ ရှင်အောင် စိုက်ခဲ့ရတဲ့  အပင် တွေလဲ ခုတော့ အရိပ်များလွန်းအားကြီးလို့  မမကြီးရဲ့  ဒါးသိုင်းနဲ့ တောင် ရှင်းပစ်လိုက်ရတယ်ဆိုဘဲ။
ရေခဲသေတာထဲက ရေအေးနေမှ ဖြစ်မယ်တဲ့  ဒါမှ အိမ်ရှေ့ မှလှုထားတဲ့  ရေအိုးဟာအေးပြီး လမ်းသွားတဲ့  လူ ရဟန်းတွေ အမောပြေသောက် သုံးလို့ ရမှာတဲ့။
တော်သေးပြီ
ဒီပြန်ရောက်ပြီး နောက်တစ်နေ့ နား
နောက်တစ်ရက် အလုပ်ပြန်ဝင်
ကိုယ်မရှိတုန်း အလုပ်မှာမထင်မှတ်တာတွေ ဖြစ်
စိတ်မကောင်း ဝမ်းနည်းစွာ နှင့် လုပ်ဖော်ကိုင်ဖက်(လက်အောက်ငယ်သား)ဆိုမလား
တစ်ယောက်ရဲ့ မရိုးသားမှု့ ကို CCTV ပုံရိပ်အရ eye သက်သေလုပ်ခဲ့ရ
လူစားထိုး မရခင် အတော်ပင်ပန်း။ နောက်တစ်ယောက် ကို အလုပ်ခန့်  တော့ သင်ပေးရတာ စိတ်အရမ်းမော
စိတ်ကို အတော်ချုပ်တည်း။ အသက် ရ လာပြီဆိုပေမဲ့ သည်းခံစိတ်ကို မနည်းမွေးယူရ။ အရှိအရှိ အတိုင်း ပြောရင် လူမုန်းခံရ
စိတ်မရှည် တစ်ဦး နှင့်တစ်ဦး လေ့လာမှု မှတ်သားနိုင်မှု အတော်ကွာတာ သတိထားမိ။ မညူစူ ဖြစ်အောင်မနည်းသတိထား
စိတ် စိတ် အတော်ကို အကုသိုလ်များတဲ့ စိတ်
အိမ်က ပါလာတဲ့ အစားလေး တွေ ညတိုင်း ထုတ်စား။ ရောက်ကတည်းက အခြောက်အခြမ်း လေးတွေနဲ့ 
မာလာ သုတ် တွေထုတ်ပြီးတော့စား။ မာလာ ဟင်းဆိုတာ အတော်ဆန်း ။ အနှစ်က အတော်ကောင်း ဆားတော့များတယ် ဘာနဲ့ လုပ်ထားမှန်းမသိ။ နှမ်း ထောင်းလဲပါသလိုဘဲ။ ငြုပ်သီး အနှစ်လဲပါတယ်။ ပဲဆီလား နှမ်းဆီလားမသိ မွေးတာတော့မွေး သည်။ အထဲက အမဲရောင်နဲ့ အဖြူရောင် ခေါက်ဆွဲတွေက အရမ်းတာမယ်။ မာမာကြီးလဲ ဝါးစားပြစ်တာဘဲ နူးအောင်ပြုတ်ဖို့ လိုမှန်းမသိ။ ဗိုက်ဆာရင် ကျောက်ခဲတောင် အစာကြေ နိုင်တာကို။ အရင်က တော့ တစ်ခါစားဖူး။ မသိတော့ ဟင်းချိုထင်ပြီး ရေအများကြီးထည့်စားတော့ မကောင်းဘူးပေါ့။
ဒီပြန်ရောက်တော့ အချို မှုန့် နဲ့ ပြန်ညား။ ဟိုမှာ အတော်လေး ကျန်းကျန်းမာမာ နေခဲ့ရတာဘဲ။
လမ်းလဲလျှောက်လို့ ရတယ်။ ချွေးလဲထွက်တယ်။ အစားတွေလဲ အများကြီးကောင်းတယ်။
အခုကျတော့ အအေးလှိုင်းမိနေ လူလဲ ကျုံဝင်မတတ်အေး။
မနက် ၆နာရီခွဲကျော် အိမ်ကထွက် အလုပ်သွား။ အလုပ်က ၁၄ နာရီ ကွန်ပျူတာရှေ့ ထိုင်နေရတဲ့ အလုပ်
ထိုင်ရလွန်းလို့  ဂျွတ်တက်နိုင်တယ်။ ထိုင်နေပေမဲ့  မျက်စေ့ နား လက် သတိအမြဲထားနေရတဲ့ အ လုပ်။
ငွေတွေ တော်တော်များများကိုင်ရတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ငွေတွေ မဟုတ်။
ည ၁၀ နာရီ ၁၅ မိနစ် အလုပ်ပိတ် အိမ်ကို ၁၁ ခွဲလောက်ရောက်
ကြောင်ကို ကြက်သားနွေးကျွေး လူစာ အခြောက်အခြမ်းထုတ်ဖွင့် ထမင်းနွေး ညစာ နည်းနည်းစား
ခနနေ အိပ်ရာဝင် မနက် ၆နာရီခွဲပြန်ထ နောက်တစ်နေ့ အလုပ်သွား
ပျော်လို့ နေနေသလား မေးရင်တော့ မပျော်ဘူး။ တော်ရာနေရာဆိုတာလဲ တကယ်တော့ adjustment တွေ အများကြီးလုပ်ခဲ့ရတာ။ ဘယ်မှာပျော်သလဲ ဆိုတော့ ဘယ်မှာမှ မပျော်ဘူး လူတိုင်းနဲ့ လဲ ကြာရှည် မတည့်နိုင်ဘူး။
နားသိပ်မကြားချင်ဘူး လူတွေ စကားပြောတာ တိုးနေတယ်လို့  ခံစားရတယ်။ နားလေးနေပြီလို့ ထင်တယ်။ သွားကတော့ ပြင်သင့်သလောက် ဟိုမှာပြင်ခဲ့တယ်။ တော်ပါပြီ ဒီကိုယ်ခနာ စက်ယနးနယားကြီး ကို ခုလောက် ချောဆီထည့်ပြီး လည်ပတ်လို့  ရနေသေးတာ ကံကောင်း။
ခေါင်းမွှေးဖြူ တာလဲ ကြာပေါ့။ ဒီအသက်နဲ့ ဒီလောက်ကျန်တာ ကံကောင်းလို့  ကိုယ်ထက်ငယ်သူတစ်ချို့  သေကြပြီ။
မနေ့ က အသိ ဟောင်းတစ်ယောက် ဆုံးတာမြေချ သတင်းကြား မသွားဖြစ် အလုပ်ရှိ သွားလဲ ကိုယ့်ကိုလူတွေ သိမှာမဟုတ် ။
ဒီနေ့ နား။ ခနနေ စားဖို့ အစားရှာထွက် ရမည် ဘာ့ကြောင့်မှန်းမသိ ဘလော့ဂ်ပြန်ရေးချင်စိတ်ဖြစ်။ ချရေး သတ်ပုံကတော့ ဒီတသက် မမှန်တော့ပါဘူး။ မပြင်တော့ဘူး ။
Subscribe to:
Posts (Atom)