Sunday 24 March 2013

ဒီပြန်ရောက်ပြီး နောက်တစ်နေ့ နား နောက်တစ်ရက် အလုပ်ပြန်ဝင် ကိုယ်မရှိတုန်း အလုပ်မှာမထင်မှတ်တာတွေ ဖြစ် စိတ်မကောင်း ဝမ်းနည်းစွာ နှင့် လုပ်ဖော်ကိုင်ဖက်(လက်အောက်ငယ်သား)ဆိုမလား တစ်ယောက်ရဲ့ မရိုးသားမှု့ ကို CCTV ပုံရိပ်အရ eye သက်သေလုပ်ခဲ့ရ လူစားထိုး မရခင် အတော်ပင်ပန်း။ နောက်တစ်ယောက် ကို အလုပ်ခန့်  တော့ သင်ပေးရတာ စိတ်အရမ်းမော စိတ်ကို အတော်ချုပ်တည်း။ အသက် ရ လာပြီဆိုပေမဲ့ သည်းခံစိတ်ကို မနည်းမွေးယူရ။ အရှိအရှိ အတိုင်း ပြောရင် လူမုန်းခံရ စိတ်မရှည် တစ်ဦး နှင့်တစ်ဦး လေ့လာမှု မှတ်သားနိုင်မှု အတော်ကွာတာ သတိထားမိ။ မညူစူ ဖြစ်အောင်မနည်းသတိထား စိတ် စိတ် အတော်ကို အကုသိုလ်များတဲ့ စိတ် အိမ်က ပါလာတဲ့ အစားလေး တွေ ညတိုင်း ထုတ်စား။ ရောက်ကတည်းက အခြောက်အခြမ်း လေးတွေနဲ့  မာလာ သုတ် တွေထုတ်ပြီးတော့စား။ မာလာ ဟင်းဆိုတာ အတော်ဆန်း ။ အနှစ်က အတော်ကောင်း ဆားတော့များတယ် ဘာနဲ့ လုပ်ထားမှန်းမသိ။ နှမ်း ထောင်းလဲပါသလိုဘဲ။ ငြုပ်သီး အနှစ်လဲပါတယ်။ ပဲဆီလား နှမ်းဆီလားမသိ မွေးတာတော့မွေး သည်။ အထဲက အမဲရောင်နဲ့ အဖြူရောင် ခေါက်ဆွဲတွေက အရမ်းတာမယ်။ မာမာကြီးလဲ ဝါးစားပြစ်တာဘဲ နူးအောင်ပြုတ်ဖို့ လိုမှန်းမသိ။ ဗိုက်ဆာရင် ကျောက်ခဲတောင် အစာကြေ နိုင်တာကို။ အရင်က တော့ တစ်ခါစားဖူး။ မသိတော့ ဟင်းချိုထင်ပြီး ရေအများကြီးထည့်စားတော့ မကောင်းဘူးပေါ့။ ဒီပြန်ရောက်တော့ အချို မှုန့် နဲ့ ပြန်ညား။ ဟိုမှာ အတော်လေး ကျန်းကျန်းမာမာ နေခဲ့ရတာဘဲ။ လမ်းလဲလျှောက်လို့ ရတယ်။ ချွေးလဲထွက်တယ်။ အစားတွေလဲ အများကြီးကောင်းတယ်။ အခုကျတော့ အအေးလှိုင်းမိနေ လူလဲ ကျုံဝင်မတတ်အေး။ မနက် ၆နာရီခွဲကျော် အိမ်ကထွက် အလုပ်သွား။ အလုပ်က ၁၄ နာရီ ကွန်ပျူတာရှေ့ ထိုင်နေရတဲ့ အလုပ် ထိုင်ရလွန်းလို့  ဂျွတ်တက်နိုင်တယ်။ ထိုင်နေပေမဲ့  မျက်စေ့ နား လက် သတိအမြဲထားနေရတဲ့ အ လုပ်။ ငွေတွေ တော်တော်များများကိုင်ရတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ငွေတွေ မဟုတ်။ ည ၁၀ နာရီ ၁၅ မိနစ် အလုပ်ပိတ် အိမ်ကို ၁၁ ခွဲလောက်ရောက် ကြောင်ကို ကြက်သားနွေးကျွေး လူစာ အခြောက်အခြမ်းထုတ်ဖွင့် ထမင်းနွေး ညစာ နည်းနည်းစား ခနနေ အိပ်ရာဝင် မနက် ၆နာရီခွဲပြန်ထ နောက်တစ်နေ့ အလုပ်သွား ပျော်လို့ နေနေသလား မေးရင်တော့ မပျော်ဘူး။ တော်ရာနေရာဆိုတာလဲ တကယ်တော့ adjustment တွေ အများကြီးလုပ်ခဲ့ရတာ။ ဘယ်မှာပျော်သလဲ ဆိုတော့ ဘယ်မှာမှ မပျော်ဘူး လူတိုင်းနဲ့ လဲ ကြာရှည် မတည့်နိုင်ဘူး။ နားသိပ်မကြားချင်ဘူး လူတွေ စကားပြောတာ တိုးနေတယ်လို့  ခံစားရတယ်။ နားလေးနေပြီလို့ ထင်တယ်။ သွားကတော့ ပြင်သင့်သလောက် ဟိုမှာပြင်ခဲ့တယ်။ တော်ပါပြီ ဒီကိုယ်ခနာ စက်ယနးနယားကြီး ကို ခုလောက် ချောဆီထည့်ပြီး လည်ပတ်လို့  ရနေသေးတာ ကံကောင်း။ ခေါင်းမွှေးဖြူ တာလဲ ကြာပေါ့။ ဒီအသက်နဲ့ ဒီလောက်ကျန်တာ ကံကောင်းလို့  ကိုယ်ထက်ငယ်သူတစ်ချို့  သေကြပြီ။ မနေ့ က အသိ ဟောင်းတစ်ယောက် ဆုံးတာမြေချ သတင်းကြား မသွားဖြစ် အလုပ်ရှိ သွားလဲ ကိုယ့်ကိုလူတွေ သိမှာမဟုတ် ။ ဒီနေ့ နား။ ခနနေ စားဖို့ အစားရှာထွက် ရမည် ဘာ့ကြောင့်မှန်းမသိ ဘလော့ဂ်ပြန်ရေးချင်စိတ်ဖြစ်။ ချရေး သတ်ပုံကတော့ ဒီတသက် မမှန်တော့ပါဘူး။ မပြင်တော့ဘူး ။

2 comments:

  1. ဒန့် ဒလွန်သီး29 April 2013 at 16:53

    အင်း..မသက်သာ.....
    စိတ်လျော့တာလဲလျော့ပါ။
    အဓိက ကတော့စိတ်ကိုအေးချမ်းအောင်
    ထားနိုင်ဖို့  အတော်များများကို
    လစ်လျှူရှုပစ်ရမယ်။
    အားချိန်မှာ ပျော်ပျော်နေပါ။သီချင်းတွေဆို
    လက်ရှိနင်ရောက်နေတဲ့နေရာက
    အကောင်းကြီးမဟုတ်ပေမဲ့
    ကျေနပ်စရာလို့  တွေးကြည့်ပါ။
    ငါ..ဆို..လေ.....ပြောတော့ပါဘူးဟာ........

    ReplyDelete