Sunday, 24 March 2013
အိမ်
အရင်တုန်းက အိမ်ကလေးဟာ အရိပ်မရှိတဲ့ နေရာလေးမှာ နေအတော်ပူလွန်းလို့  အရိပ်ရအောင် ရသမျှ အပင်တွေ အကုန်စုပြီး အိမ်ပတ်လည် စိုတ်ခဲ့ရတယ်။ အပင်မျိုးစိတ်တွေ ကတော့ အေစုံ။ စွယ်တော်ပင်က တင့်ကားတပ်အပြင် က အပင်ပေါက်လေး ကလေးတွေ ကို သေချာတူးယူ ပြီး ဈေးနောက်ဘက်က စပါးစက်က ထွက်တဲ့  ဖွဲပြာ နှင့် သံမြေကိုစပ် ငါးကန် အသွား မြေ နီ လမ်းမှာ နွားတွေပါချပြီး ချောက်နေတဲ့  နွားချေးခြောက်နဲ့ ပေါ့။
အရိပ်ရမြန်အောင်လို့  စိုက်ကောင်း မစိုက်ကောင်း နားမလည်ဘဲ ဘုရားကြီးနောက် က ကုတ်ကို ပင်ပေါက် တူးယူပြီးစိုက်တာဖြစ်တယ်။ ရေချိုးတဲ့နေရာ အရိပ်အမြန်ရဖို့ ကအဓိကလေ အရိပ်ရပြန်တော့လဲ အပင်က အကြီးမြန်လွန်းအားကြီးတယ်။ ရေတုန်ကင်နားမှာ စွယ်တော်ပင်လေး ဟာချိနှဲ ချိနှဲ ကြီးလာခဲ့တယ်။ အဖွားဆုံးတော့ ဒီအပင်လေး က ခါးကျော်ကျော် ရင်စို့ လောက်အမြင့် သာရှိအုန်းမယ်။ ဆင်လိပ်ပြာကြီး တချို့ နားဖူးတာ ကိုကြည့်တိုင်း ငါ့အဖွား ကို ဇီးကွက်ဖြစ်နေတယ်လို့ ပြောတဲ့ ဘာမှန်းမသိတဲ့ အသက်ကြီါးကြီး cousin ငါ့အဖွားရဲ့ မြေးမ ကို သွားပြီး သတိယ တယ်။
သရက်ပင် တွေကတော့ အစုံဘဲပေါ့။ သူငယ်ချင်း တင့်ကားတပ်ရှေ့  ရပ်ကွက်မှာနေတဲ့ သူငယ်ချင်းခြံကကော၊ ဆပ်သွားတောက သူငယ်ချင်း ခြံကကော။ ဆပ်သွားတော ဘုန်းကြီးကျောင်း ရှေ့ မှာပေါက်နေတာ ရော အကုန်အစုံဘဲ။ လယ်မြေ ကျစ်ခဲကို ငါ့ magic နည်း နွားချေ့း၊ဖွဲပြာ၊သံ mix လုပ်ပြီး ဒီအပင်တွေ ပျိုးခဲ့  တာ အဲ ဒီတုန်းက သဲဝယ်ဖို့  ဈေးသိပ်ကြီးတယ်။ သူငှေးတွေကတော့ ကွန်းဒေါင်းနဲ့  တိုက်ပြီးခြံထဲ ဖို့ ကြတာကို။
ပိန်း နှဲ ပင်ကတော့ မျိုးစိတ်မမှန် ပင်မသန် ခဲ့ဘူး ခုတော့ သေပြီထင်ပါရဲ့  ။ အမြင်ကတ်စရာကောင်းတဲ့  အုန်းပင်ကတော့ ငါရှိတုန်း မသီးခဲဖူး ခုတော့သီးလွန်းအားကြီးလို့  ငါ့အမ ပေါ်တောင် အသီးပြုတ်ကျတာ ကံကြီးပေလို့  အများကြီး အနာတရ မဖြစ်ခဲ့တာ ဘုရားမလို့ ။ ငါရှိတုန်းက အုန်းပင်သန်အောင် ဆားလဲကျွေးခဲ့ပါရဲ့  ။ ပြာလဲပုံပေးခဲ့ဖူးပါရဲ့ ။ အသီးကိုမစားခဲ့ရဘူး။
လက်ပေါက်ကပ်တာကတော့ ဗူးပင်ဘဲ ငါ့တို့ အဖေ မကြာမကြာစိုက်တာပါ။ အညွန့် တော့ မုန်းအောင် စားရခဲ့ရပါတယ်။ ငါစိုက်တိုင်း အမြစ်မဖောက်နိုင်လို့  နည်းနည်းတက်လာ ရင်သေ ကုန်တာဘဲ။ ငါစိုက်တဲ့ နေရာကလဲ အိမ်နောက် ပန်းကန်ဆေးတဲ့ နေရာနားလေ။ အခုရွဲယိုပင်ရှိတဲ့ နေရာ နားမဟုတ်လား။ မြေ သိပ်မသန့် လို့  မရှင်ဘူး။ အဖေ စိုက်တဲ့  နေရာက အိမ်ရှေ့  သပြေပင်စိုက်တဲ့ နေရာနား မို့ မြေကောင်းတယ်။
သရက်သီးတွေစသီး သရက်ဖူးဖူးတော့  ပျော်လိုက်ထာ။ အိမ်ပြင်ဆောက်တော့ သရက်ပင်တွေကြားထဲမှာ ယာယီ အမိုးအကာနဲ့  ငါတို့ တွေနေတုန်း သူခိုးလာခိုးတယ် ဒန်အိုးဒန်ခွက် ခိုးတာနဲ့ တူပါတယ်။ မမိလိုက်ဘူး။ မမိလိုက်တာဘဲ ကောင်းပါတယ်။ ခေတ်ကြီးရှားပါးတဲ့ အချိန်မှာ သူခိုးလဲ ငါ့ဝမ်းပူစာမနေသာလို့ ဖြစ်မှာပေါ့။ ဘာမှလဲ ပါမသွားဘူးလေ။ win- win situation ပေါ့။
အဲဒီအချိန်က ငါ့ကို မိတ်ဆွေဖွဲ့ ချင်ရင် အပင်မျိုးစေ့ သာပေး ။ အပင်ကောင်းကောင်းလေးသာ ရမယ်ဆိုရင် ဂျီအီး ဆပ်လိုင်းက ငါ့သူငယ်ချင်း အိမ်တောင် နေပူကြီးထဲ သွားတယ် ဆယ်တန်း အောင်စရင်းမထွက် သေးတော့ အားယားနေခဲ့တာလဲပါမယ်။
ခုတော့ ငါ့အရပ်မှာ ဆိုင်ကယ်တွေ ဖွတ်ချက်ဖွတ်ချက် နဲ့ ဆိုဘဲ။ မျက်စေ့ရှေ့ မှာ မွေးတဲ့ ရပ်ကွက်ထဲ ကလေးတွေလဲ လူကြီးတွေဖြစ် လို့ ပေါ့။ တစ်ချိန်က အမြန်ကြီး ပြီး အရိပ်အမြန် ရပါစေလို့  တယုတယ ရှင်အောင် စိုက်ခဲ့ရတဲ့  အပင် တွေလဲ ခုတော့ အရိပ်များလွန်းအားကြီးလို့  မမကြီးရဲ့  ဒါးသိုင်းနဲ့ တောင် ရှင်းပစ်လိုက်ရတယ်ဆိုဘဲ။
ရေခဲသေတာထဲက ရေအေးနေမှ ဖြစ်မယ်တဲ့  ဒါမှ အိမ်ရှေ့ မှလှုထားတဲ့  ရေအိုးဟာအေးပြီး လမ်းသွားတဲ့  လူ ရဟန်းတွေ အမောပြေသောက် သုံးလို့ ရမှာတဲ့။
တော်သေးပြီ
Subscribe to:
Post Comments (Atom)
စွယ်တော်ပင် မရှိတော့ဘူး....
ReplyDeleteစွယ်တော်ပင်ချိသေးတယ်လို့ ထင်နေတာ.
ReplyDeleteဂုမှသေချာပြန်ကြည့်တော့ရှိသလို မရှိသလိုပါပဲ။
နက်ဖန်မနက်သေချာပြန်ရှုစားအုန်းမယ်
ဟို သစ်ခွတွေလေ ဖယောင်းပန်းတွေဆိုတာ
တအားပွင့်တာပဲ
ချီးကျူးပါတယ်ဟာ..၀ါသနာပါသလို နင်ကလက်ဆိပ်လဲရှိတယ်
ငါကတော့ စိုက်ထားတဲ့အပင် အမြစ်စွဲမစွဲ
သိချင်လို့ ဆွဲနှုတ်ခဲ့းဖူးတယ်..သေပါလေရော။
ကျုပ်ဘလောက်လစ်သွားဘီတော့............. အီးဟီးဟီး......... .com ပြောင်းမိတာ.. သက်တမ်း မတိုးနိုင်တာနဲ့  ပျက်သွားဘီ........။
ReplyDelete