Friday 4 June 2010

မွန်ဂို တို့ အကြောင်း

မွန်ဂို ဆိုရင် လူမျိုးနွယ်စု၊ လို့ သာမန်အားဖြင့်  သိထားကြမှာပါ။ လူသားအမျိုးနွယ်တွေကို ၃ မျိုးခွဲခြားထားတာ လေ့လာဖူးပါတယ်။ Mongoloid (အသားဝါ လူမျိုးနွယ်) , Europid/caucasoid (အသားဖြူ လူမျိုးနွယ်) ,Negrodi (အသားမဲ လူမျိုးစု) ဆိုပြီးတော့ ကွဲပြားတဲ့  နေရာမှာ ကျမတို့  လူမျိုးကတော့ Mongoloid ထဲမှာ ပါတယ်။ Native American (မက္ကဆီကန်)၊ အာတိုက် အရှေ့  ပိုင်း၊မြောက်ပိုင်း၊ အရှေ့ တောင်ပိုင်း မှာ Mongoloid လူမျိုးနွယ်တွေ ရှိပါတယ်။ မြန်မာ နိုင်ငံက လူမျိုးစု များဟာ အာရှတိုက် အရှေ့  တောင်ပိုင်းက အင်ဒိုချိုင်းနားကျွန်းဆွယ် ထဲမှာ ရှိလို့  Mongoloid လူမျိုးများဖြစ်ကြပါတယ်။
Mongoloid ဆိုတဲ့ စကားလုံးဟာ တချို့  medical dictionary တွေမှာ Down Syndrome ရောဂါ ကို ယခင်က သုံးနှုံးခဲ့ တာပါ။ ခုတော့ နှိမ့် ချပြောဆိုတယ် လို့  ယူဆလို့  မသုံးကြတော့  ပါဘူး။
မွန်ဂိုလူမျိုးစုများ အကြောင်းပြောလျှင် မပါမဖြစ် သည် က ဧကရာဇ် ဂျင်ဂစ်ခန် အကြောင်းပင်ဖြစ်သည်။ ဂျင်ဂစ်ခန် သည် မွန်ဂိုအင်ပါယာထူထောင်ရာဝယ် ထင်ရှားသည့် ဘုရင် တပါးဖြစ်သည်။

Mongolian Worm

Mongolian worm ဆိုတာကတော့ မီးရထားကောင် လိုမျိုး မျိုးစိတ်တွေ ကိုခေါ်တာဖြစ်ပါတယ်။ Mongolian death worm ကတော့ အဆိပ်ပြင်းတဲ့  အစာအိမ် ဆိုက်ကြီးတဲ့  (large intestine) သတ္တဝါပါ ။ အဆိပ်ပြင်းပြီး အရှည်ငါးပေးလောက်ရှိပါတယ်။
သူ့ ရဲ့ အစာအိမ်ဟာ နွားတစ်ကောင်ရဲ့ အစာအိမ် နဲ့ တူပါတယ်တဲ့။ အနီရောင်ရှိပြီး ခြေလှမ်းတိုင်းမှာ လျှပ်စစ်အားစီးနေတာကို သိပ္ပံပညာ လေ့  လာချက်များအရ သိရပါတယ်။ ဒီအကောင်တွေကို Gobi သဲဂန္တာရ မှာတွေ့  ရလေ့  ရှိပါတယ်။ အဆိပ်အတော်ပြင်းပြီး လူ ကို အ န္တရာယ်ပေးတတ်တယ်လို့  ဖတ်ဖူးပါတယ်။ မွန်ဂိုလီးယား နိုင်ငံ ကလူတွေကတော့ ဒီပိုးကောင် အကြောင်းကြားလိုက်တာနဲ့ ကို တော်တော်ကို ကြောက်ကြပါတယ်။ အဆိပ်တွေ လျှပ်စစစ်ဓါတ်တွေပန်းထုတ် နိုင်တယ်လို့ ယူဆကြလို့ ပါ။


Mongolian Blue



ကလေးတွေ ကိုယ်ခန္ဓာမှာ အမှတ်ပါလျှင်လဲ။ Mongolian Blue birth mark လို့ ခေါ်ကြပါသည်။

5 comments:

  1. အမှတ်ကို....လူဝင်စားလို့ ယုံတဲ့ အထဲမှာ...ဂျပန်လူမျိုးတွေလည်းပါတယ်.......Gobi ကန်နာရမှာ..ရှိတဲ့ အကောင်ကတော့...အခုမှကြားဖူးတာ....အကောင်က ရွံစရာကြီးနော်....

    ReplyDelete
  2. ရိုးရိုး4 June 2010 at 19:26

    မီးရထားကောင်လောက်အရွယ် က တော့ မကြောက်ပါဘူး။ တုတ်နဲ့ လှမ်းတို့ လိုက်ရင်ခွေခွေသွားတယ်။ ခြေတွေ အများကြီးနဲ့  ပိတ္တာလို ပါဘဲ။ ဂ ငယ်တွေလဲ ဘာသာက မဟာယန ဆိုတော့ ဒါတွေ အသည်းအသန် ယုံမှာ၊ လိုက်စားမှာ လို့ ထင်တယ်။ အမှတ်တို့  လူဝင်စားတို့  ဘာတို့ လေ။ ရှင်တို ဆိုလားဘာဆိုလား သူတို့ ဘာသာက။

    ReplyDelete
  3. စကားမစပ်...ငါလဲလူဝင်စားဘဲထင်တယ်....ငါ့မှာလဲအမှတ်ရှင်တခု...လက်ကောက်ဝတ်နေရာမှာပါတယ်.....ခက်တာက...ငါမှမမှတ်မိတာ...ဘာလုပ်ရမှာလဲ.....လူဝင်စားဆိုလဲ...ဘယ်ဘ၀ကလာလဲ...အနဲနဲ့အများတော့..သတိရသင့်တယ်ထင်တာဘဲ...ဂငယ်တွေပုံစံကြည့်ရတာကတော့...အမှတ်နဲ့ ပတ်သက်ရင်...သူတို့ မှာရှိတဲ့ နေရာကို ......ပြဖို့ ဝန်လေးကြပုံမရဘူး...

    ReplyDelete
  4. ရိုးရိုး5 June 2010 at 09:50

    ဘာ့ကြောင့်ဖြစ်ဖြစ် ခန္ဓာရလာတာ ဟာ .... ..ဒုက္ခ
    as my grandmum said.

    ReplyDelete
  5. ဖိုးတက်5 June 2010 at 09:58

    Down Syndrome မှာ Mongoloid Face ဆိုတာပါတယ်။ ပုံစံက မျက်နှာ ပြားပြား ကြီး။ နောက်ပြီး Low Set Ear လို့  ခေါ်တဲ့ မျက်ခုံး နဲ့  နားရွက် ပေါ်နားနဲ့  ယှဉ်ရင် နားရွက် ကနိမ့်နေတာ ရယ်။Sunset Eye ဆိုတာ မျက်ခွံ အောက်စိုက်နေ တာ လဲပါတယ်။ အဆိုးဆုံးက တော့ ဦးနှောက် ဥာဏ်ရည် မပြည့်တာပဲ............

    ReplyDelete