Saturday 26 June 2010

နယူးဇီလန် နိုင်ငံရဲ့  ရိုးရာ Haka

နယူးဇီလန်နိုင်ငံလို့  ပြောလိုက်ရင် နွားတွေ အများကြီးမွေးတဲ့  မြက်ခင်းစိမ်းစိမ်းတွေရှိတဲ့  နိုင်ငံလို့ သိကြမှာပါ။ သူတို့ နိုင်ငံရဲ့  Queen ဘုရင်မကြီး ကတော့ အင်္ဂလန်က ဘုရင်မကြီး Elizabeth II ပါဘဲ။ အင်္ဂလန်က ဘုရင်မကြီး အုပ်စိုးတဲ့  နိုင်ငံတွေထဲက ထင်ရှားတဲ့ နိုင်ငံတွေ ကတော့ ကနေဒါ၊ သြစတေးလျှ၊ ဂျမေကာ၊ဘာဘရားဒိုးစ်၊ ဂါနာ၊ ပါပူအာနယူးဂီနီ၊ စော်လမွန်ကျွန်း နဲ့  ခုကျမပြောချင်တဲ့  နယူးဇီလန်နိုင်ငံ စတာတွေဖြစ်ပါတယ်။ ဘုရင်မကြီးအုပ်စိုးတယ်ဆိုပေမဲ့  သူတို့ မှာလွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀ လောက်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေး ရခဲ့ပါတယ်။ သီးခြားကိုလိုနီနိုင်ငံဖြစ်တဲ့ အတွက် မိခင်နိုင်ငံက အုပ်ချုပ်ရေး စနစ်နဲ့ ပုံစံတူပါတယ်။ အများစုပြောတဲ့ စကားကတော့ အင်္ဂလိပ်စကားပါ။

haka ဆိုတာ နယူးဇီလန်ရဲ့  တိုက်ပွဲခေါ်တဲ့အက ပါ ခုတော့ Rugby ပွဲ မကစားခင်မှာ ကပါတယ်။ ယောင်္ကျားကြီးတွေ အသံနက်ကြီးတွေနဲ့  haka သီချင်းဆိုပြီး .... "ဂုတ်ချိုးပစ်မယ်... ခါးချိုးပြီး သွားကြားထိုးပစ်မယ်.... အရည်ခွံနွှာပြီး ဆားနဲ့ လူးပစ်မယ်... လို့  များပြောနေသလား ထင်ရအောင်ကို haka သီချင်းနဲ့ အက က တဘက် အသင်းကို ခြိမ်းခြောက် တဲ့  အက လို့ ထင်မိပါတယ်။

သမိုင်းအရတော့ ဒီ haka ဖြစ်ပေါ်လာပုံက အမျိုးမျိုးကွဲပြားပါတယ်။ ဖတ်မိသမျှထဲက တစ်ခုကတော့ ။ နယူးဇီလန် က တိုင်းရင်းသား Māori လူမျိုးတို့ ယုံကြည်တဲ့ နေ နတ်ဘုရားမှ ဆင်းသက်လာပါတယ်တဲ့ ။ ဒီနတ်ဘုရားမှာ မယား ၂ယောက်ရှိပါတယ်။ တယောက်က နွေမိဘုရား Hine - Raumati နောက်တစ်ယောက်က ဆောင်းမိဘုရား Hine-takurua ပေါ့။ နွေမိဘုရားက မွေးတဲ့  သား Tama-nui-te-rā. ကနွေရာသီမှာ သူ့ မိခင်နွေမိဘုရားကို ဖျော်ဖြေကပြ ရာမှ ဒီ အက ထွန်းကားခဲ့တယ်လို့ သိရပါတယ်။ အခုတော့ Rugby ကစားပွဲတွေ ရဲ့  ပွဲဦးထွက် အစပိုင်းမှာ ဆိုကြပါတယ်။ ဘောလုံးပွဲစရင် နိုင်ငံတော်သီချင်းဆိုသလို ပေါ့။ ဒီ haka အကသီချင်းကတော့ ပြိုင်ဘက် အသင်းကို ဒီသီချင်းနဲ့ အက က ခြောက်ခြားစေပါတယ်။ အဲဒီသီချင်းရဲ့ အင်္ဂလိပ် ဘာသာပြန်အပိုင်းအစကတော့ .....

Ka mate! Ka mate! Ka ora! Ka ora! - I die! I die! I live! I live!

Ka mate! Ka mate! Ka ora! Ka ora! - I die! I die! I live! I live!

Tenei te tangata puhuru huru - This is the hairy man

Nana nei i tiki mai - Who fetched the Sun

Whakawhiti te ra - And caused it to shine again

A upa ... ne! ka upa ... ne! - One upward step! Another upward step!

A upane kaupane whiti te ra! - An upward step, another.. the Sun shines !!!

Hi !!! - Arise

YouTubeမှ ချိတ်တင်ထားတဲ့  ဗွီဒီယိုတွေကို လဲ ရှုစားကြည့်ပါဦး။









1 comment:

  1. ဖိုးတက်26 June 2010 at 18:41

    နွားယူးဇီလန်တော့ သွားချင်ပါရဲ့ဟာ။ ဒါပေမဲ့ စိတ်ပျက်စရာ ကြီးဝေ့။ လူသတ်တော့မဲ့ အတိုင်းပဲ သီချင်းကလဲ။ ဓါတ်ပိန်တယ်။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete