Friday 4 June 2010

Hat off you Burmese Military Officer who lets the world know about Burmese Neuclear Project

(June 4) --
မြန်မာနဲ့  မြောက်ကိုရီးယား ဟာ နယူးကလီးယားနောက် အနံ့ ခံ စမ်းသပ်နေကြတာ အတူတူပါဘဲ။ ဒီ နှစ်နိုင်ငံလုံးဟာ ရက်စက်ကြမ်းကြုတ်တဲ့  စစ် အာဏာရှင်တွေ အုပ်စိုးနေတယ် ဆိုတာ အားလုံးအသိပါ။ ဒါကြောင့် ကုန်းကောက်စရာမရှိအောင် အခုအချိန်ထိ ဆင်းရဲ ချွတ်ခြုံကျနေခဲ့ပါတယ်။


အခုတော့ မြန်မာတပ်မတော်က ထိပ်သီးပညာတတ်အရာရှိများရဲ့  တာဝန်သိတ်မှတ်ကြောင့် ဒီရက်စက်ကြမ်းကြုတ်ပြီး လူသားမျိုးနွယ်တုံးမဲ့  မြန်မာ့ နယူးကလီးယား အစီအစဉ် အကြောင်း ကို ကမ္ဘာက သိစ ပြုလာပါပြီ ။


တာဝန်သိစွာဖွင့်ချ သွားတဲ့  မြန်မာ စစ်တပ်က ဗိုလ်မှုး စိုင်းသိန်းဝင်း နယူးကလီး ယားစီမံကိန် အောင်မြင်ရေးအတွက် ရုရှားမှာ သင်တန်းစေလွှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရက နယူးကလီးယား ဗုံး တည်ဆောက်ရန်အတွက် မြောက်ကိုရီးယားအကူအညီနဲ့  ကြိုးစားခဲ့တာ ကြာခဲ့ပါပြီ။
ဗိုလ်မှုး စိုင်းသိန်းဝင်း မှာ ရှိတဲ့ ခိုင်လုံတဲ့ အထောက်အထားများ ၊ ထိပ်တန်းလျှို့  ဝှက်ချက် များကို ပြင်ပ မီဒီယာ တစ်ခုဖြစ်တဲ့  ဒီဗွီဘီ မှ တဆင့် သိစေခဲ့ပါတယ်။ အခုဆို ရင် သူဟာ မြန်မာပြည် ကနေ ထွက်ပြေး ရှောင်တိမ်းနေရ ရှာပါတယ်။ မြန်မာအစိုးရ ဟာ နာဇီထက် ၁၀ ဆမက ရက်စက်ကြမ်းကြုပ် လို့ ဒီ လျှို ဝှက်ချက်ပေါက် ကြားမှု ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်မှာ သေချာပါတယ်။

မနေ့ တုန်းက အမေရိကန်နိုင်ငံက Senator Jim Webb ( ဂျွန်ယက်တော - အမျိုးသား ခေါင်းဆောင် အိမ်ကို ရေကူးလာသူ အား လွတ်မြောက်စေသူ ) ဟာ မြန်မာပြည်ကို သွားမဲ့ ခရီးစဉ်ကို ရုတ်သိမ်းခဲ့ပါတယ်။ မနေ့  က ဘန်ကောက် ဟိုတယ်တစ်ခုမှာ လုပ်တဲ့  သတင်းစာရှင်းလင်းပွဲ မှာ ဒီ နယူးကလီးယား လျှို့ ဝှက်ချက် ကို ကြားသိရလို့  ခရီးစဉ်ပယ်ဖျက်ခဲ့တယ် လို့ သိရပါတယ်။

အရင်တုန်းက နယူးကလီးယား ဗုံးအကြောင်းကို ထဲထဲ ဝင်ဝင် မသိခဲ့ ပါဘူး။ ကျမတို့ ငယ်ငယ်က Hiroshima ဟီရိုရှီးမား ဗုံးအကြောင်း ဖတ်ခဲ့ဖူးပါတယ်။ အရိုးပြာတောင် မရနိုင်အောင် ပြင်ထန်တဲ့ ဗုံးပါ။ ပြင်းထန်တဲ့ အပူချိန်၊ ဓါတ်ငွေ့  ဖိအား၊ hydrodynamic force နဲ့  တွေကြောင့် ဟီရိုရှီးမား တစ်မြို့  လုံးပြာပုံ ဖြစ်ခဲ့  ပြီး၊ နယူးကလီးယားရေဒီရေးရှင်းကြောင့် အသက်မသေခဲ့ သော်လည်း ဘဝ ဆုံးခဲ့ တဲ့ သူတွေ အများကြီးပါ။ ဒီဗုံးပေါက်တဲ့  အချိန်က ကျမတို့ နိုင်ငံ လွတ်လပ်ရေးတောင် မရသေးဘူး။ ၁၉၄၅ ခုနှစ်ပေါ့ ။ နာဂါစာဂီမှာ လူ ၆၀ ၀၀၀ ဟီရိုရှီးမား မှာ လူ ၃၁၀ ၀၀၀ ခန့်  သေကြေပျက်စီးခဲ့ပါတယ်။ ၁၉၅၀ စစ်တမ်းအရ ဒီမြို့ တွေကို ရောက်ခဲ့ တဲ့ သူတွေ ထဲက ၂၅၀ ၀၀၀ ဟာ ရေဒီရေးရှင်း သက်ရောက်မှုကို ခံစားနေရတယ်လို့  သိရှိရပါတယ်။

နယူးကလီးယားဗုံးကို နိုင်ငံတကာ က ကြောက်ပါတယ်။ Hiroshima, Nagasargi ဗုံးပေါက်ခဲ့  ဆယ်စုနှစ် (ရ)ခု နီးပါးရှိပြီးမို့  နောက်နောင်မှာများ နယူးကလီးယားဗုံး ပေါက်ခဲ့ ရင် တလောက လုံးပြာကျနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာက နယူးကလီးယား ကို ပြင်းပြင်းထန်ထန် ထိန်းချုပ်သင့်သလို့ ၊ ဖြုတ်ဦးနှောက်လောက်မှ အသိဥာဏ်မရှိတဲ့  မြန်မာပြည်က သခိုးကြီးတွေကိုလဲ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ မြန်မာ့အရေးဆိုဘာဖြစ်ဖြစ် နယူးကလီးယားလောက်မှ စိတ်မဝင်စားတဲ့ ။Action မယူတတ်တဲ့  နိုင်ငံကြီးများလဲ ဒီသတင်းကြောင့် မြန်မာ အစိုးရကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ ဇယား ချနေ လောက်ပြီထင်ပါတယ်။

5 comments:

  1. လာရောက်ဖတ်ရှု အားပေးပါကြောင်း ခင်ဗျာ ...

    မင်းဒင်

    ReplyDelete
  2. ရိုးရိုး5 June 2010 at 09:47

    ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  3. ဖိုးတက်5 June 2010 at 10:01

    အက်ရှင် ယူတာ မယူတာနောက်ထား လောလော ဆယ် အဲ့လူ ကို နွားအားဖ ကသတ်ချင်နေပြီ.. မိလို့  ကတော့ ဒုက္ခ.... ကောင်းတာ က နိုင်ငံ့ ငွေတွေ ကို ပြည်သူအတွက် မသုံး တာ ပြည်သူတွေ သိသွားဖို့  ပဲ။

    ReplyDelete
  4. လာဖတ်သွားပါဧ။်...ဘာဘဲဖြစ်ဖြစ်...နွားအားဖက...ဖြေရှင်းချက်ပေးဖို့ ...ဥာဏ်နီ..ဥာဏ်နက်...တွေ..ထုတ်နေလောက်ပြီ....အတုန်းကောင်တွေကလဲ..ယုံကြဦးမှာလားဆိုတာ...ကြည့်ကြတာပေါ့...ဒီအချိန်ရောက်နေတာတောင်...ကျားကိုက်ပါတယ်ဆိုမှ...အပေါက်လေးနဲ့ လားလို့ မေးနေတဲ့...ပညာရှိတွေ...လေ့လာသူတွေ...ရင်လေးပါ့...အားလုံး..ဘေးရန်ခပ်သိမ်း (နွားအားဖဘေးအပါအ၀င်) ကင်းငြိမ်းကြပါစေ။

    ReplyDelete
  5. စိတ်မကောင်းစရာဘဲ။ သူတို့ လောက် မိုက်တွင်းနက်တာ မရှိဘူး။ ပြည်သူသေသေ ငရွှေမာရင်ပြီးရော၊ ငအေးမာရင်ပြီးရောလို့  ပြောင်းရမလိုဖြစ်နေပြီဗျို့ ။

    ReplyDelete