Sunday 10 October 2010

101010 English

၁၀ ရက် ၁၀ လ ၁၀ ခုနှစ် ဘာရေးရမှန်းမသိလို့ အားနေ တဲ့ အချိန်လေး ဆားချက်လိုက်တယ်။

4 types of sentences အင်္ဂလိပ်ဝါကျ ၄မျိုးအကြောင်းပါ။

[Interrogative, Declarative, Imperative, Exclamatory] Sentences

Interrogative sentence မေးခွန်းတွေပါတဲ့ ဝါကျပါ။

What should I wear tonight? ဒီနေ့ ည ဘာဝတ်ရမလဲ။
Why is this homework so hard? ဘာ့ကြောင့် အိမ်စာတွေ သိပ်ခက်တာလဲ။
Are you going to marry him? နင်သူ့ ကိုလက်ထပ်မှာလား

Declarative sentences (Declare ဆိုတာက ကြေငြာတာပါ) ဘာလုပ်နေတယ်။ ဘာဖြစ်နေတယ်ဆိုတာကိုပြောတဲ့ ဝါကျဖြစ်ပါတယ်။
(declarative sentences that form a statement)
The children are reading a book. ကလေးတွေ စာကြည့်နေကြတယ်။
She is reporting the news. သူမ သတင်းပေးနေတယ်။
I am sorry Sir, you can't come in now, I am about to close my shop. (ဆောရီးပါဘဲဗျာ။ အခု ခင်ဗျားဝင်လာလို့ မရတော့ဘူး ကျွန်တောအခုဘဲဆိုင်ပိတ်တော့မလို့ )


Imperative sentence (တောင်းဆိုခြင်၊ အမိန့် ပေးခြင်း ပါသော ဝါကျဖြစ်သည်)
(request or command)


Leave me a lone င့ါကိုလာမနှောက်ယှက်နဲ့ ။ အေးအေးဆေးဆေး ငါတစ်ယောက်ထဲ နေပါရစေ။
Kiss me ငါ့ကိုနမ်းစမ်း
Don’t tell anyone my secret. ငါ့ရဲ့ လျှို ဝှက်ချက်ကို ဘယ်သူ့ ကိုမှ မပြောနဲ့ ။

Exclamatory senetence
နည်းနည်း ဒေါသသံပါတာမျိုး ။ တော်တော်လဲအပေါ်စီးကနေ ခိုင်းတဲ့ ဝါကျမျိုး ။ အပစ်ပုံချတာမျိုး။ ပြင်းပြင်းထန်ထန် ပြောချင်တာ မျိုး တွေ မှာ
သုံးပါတယ်။

You need to get your act together and I mean now! လုပ်စရာရှိတာကို သေချာလုပ် ငါနင့်ကို အတည်ပြောတာ
Get up and give me 20 more push ups. အခုထပြီး ထိုင်ထ အခါ၂၀ လုပ်ပြစမ်း
I am so upset! I hate you. ငါနင့် ကို ဒေါသထွက်တယ်။ နင့်ကိုမုန်းတယ်။

5 comments:

  1. ငပိပါချက်ဟေ......... ငါတော့ ငပိထောင်း လိုက်တယ်... :D

    ReplyDelete
  2. ရိုးရိုး11 October 2010 at 15:13

    ဆား ချက်ပါတယ် ဆိုနေ မှ ငပိချက်တယ်ပြောနေပါရောလား။ အကြံကုန်လို့  ဂလုံ ဆားချက်တာလေ။ လကြီး မပေါင်းတယ်လို့  ဂလုံကွာ ။ တောင်ပံပါတဲ့  ငှက် ဟဲဟဲ

    ReplyDelete
  3. ဂဠုန်ကြီးရယ် ... ငပိချက်ရင်း နဲ့ ငံပြာရည်ပါတခါတည်း ချက်လိုက်ပါအုံး။ :P

    ခင်မင်မှုဖြင့် ...
    ညယံ

    ReplyDelete
  4. ရိုးရိုး28 October 2010 at 11:50

    ချက်အုန်းမှာ ။
    ချက်အုန်းမှာ ။

    ReplyDelete