Friday 1 October 2010

စီးပွားပျက်ကပ်

ခုတစ်လော စိတ်တွေလေလွန်း လို့  စာမရေးဖြစ်တာကြာပြီ ။ ခေါင်းထဲမှာ တန်းစီနေသည့် အကြောင်းတွေ က အများသား။ တနေ့ တစ်နေ့  အလုပ်အကိုင် ရှာနေရတာ နဲ့  မောင်နှမတွေ ကိုတောင် မ ဟိုင်း နိုင်။ အလုပ်က မရ မဟုတ် လွန်ခဲတဲ့  ၂ လလောက်က တစ်ခုရသည်။ အုပ်ချုပ်သူ တရုတ်ကောင် က မိုက်မိုက် ရိုင်းရိုင်း ပြောလို့  ဒုတိယနေ့ တွင် ထွက်ပြစ်လိုက်သည်။ အခု အချိန်ပိုင်းအလုပ်ကလေးတစ်ခု စလုပ်နေပြီ။ နေရေးစားရေး ချောင်လည်အောင် မနေ့ တုန်းက အလုပ်တစ်ခုလျှောက်မိ သည်။ အင်တာဗျူးသည် ပိုလန် စူပါဗိုက်ဆာမ က နှိမ့် နှိမ့် ချချ အချိုးမပြေအောင် မေးသဖြင့် ဘုတောပြီး ထွက်လာမိသည်။ နေရာတကာ သီးခံတတ်တဲ့  အကျင့်တွေ နည်းနေပြီ။ ကြာတော့ ကံတရားကို လည်း ယုံကြည်ချင်းအားနည်းလာသည်။ ဘုရားနဲ့ သကြား မ အောင် ဆုတောင်းရတာလဲ အခါခါ။ တခါတခါ ထိခိုက်ရှ လွယ်လွန်းသည့် ကိုယ်စိတ်ကိုတောင် ကိုယ် သံသယဖြစ်နေမိသည်။

ကမ္ဘာ့ စီးပွားပျက်ကပ် ကြောင့်များလား မသိ တနေ့ တခြား အလုပ်အကိုင်တွေ ရှားပါးလာသည်။ နေရာတိုင်းမှာ cut cut cut နှင့် အစိုးရက လည်း ဝန်ထမ်းသစ် ထပ်မ ခန့် တော့ သည့် အပြင် လုပ်သက်ရင် ဝန်ထမ်းတစ်ချို့ တောင် redundancy ပေးနေတာ ကြားရသည်။ ဒီက နိုင်ငံသားတွေ တောင် အလုပ် အကိုင် မရနိုင်သဖြင့် ညီးတွားနေကြပြီ ကိုယ့် လို နိုင်ငံခြားသား အတွက်တော့ တော်တော်ခက်သည်။ ဘုရင်မ ကြီး ရဲ့ နန်းတော်မှာ heater ဖွင့် တာကိုတောင် အစိုးရက လူတစ်ချို့ ကွန်ပလိန်း တက်တယ်လို့  ကြားမိသည်။ တော်သေးပြီး။

ဒါ့ ကြောင့်ရထားသည့် အလုပ်ကလေး မြဲအောင် ၊ဒေါသကိုထိန်းရမည်။ သည်းခံစိတ်မွေးရ ဦးမည်။
မျက်လုံးများ ရှိလျှက် ကန်းချင်ယောင်ဆောင်ရ ဦးမည်။
နားများရှိလျှက် မကြားချင်ယောင် ဆောင်ရ ဦးမည်။
ငဖယ်လို အထုအထောင်း ခံနိုင်မည့် စိတ်ဓါတ်လေး မွေး ရပါဦးမည်။

1 comment:

  1. တတ်နိုင်သလောက်သာ သီးခံပါအသင် ရိုးရိုး...

    ကံက တခါတခါ ပြောရခက်ပါ့...

    ဘာပဲဖြစ်ဖြစ် နှစ်ရှည်လများ... စိတ်လက် မကြည်လင်တဲ့ နေရာမှာနေခဲ့ဖူးရင် ထိခိုက်လွယ်တတ်ပါတယ်တဲ့...

    ခုတောင် ဘယ်နှစ်လ ရှိဦးမလဲနော... ၃ လ လောက်ပဲ ဒါတောင် အဆင်ပြေသေးတာမဟုတ်...

    စိတ်ကို လွတ်လွတ်လပ်လပ်သာထားပါလော့...

    ကံကို မယုံချင်ပေမဲ့လို့  ဒရိတ်ဒေးရှင်းနဲ အရ ယုံလိုက်ပါလော့ အသင်ရိုးရိုး...

    ReplyDelete