Sunday 27 October 2013
Time wasting www
ဂနေ့  ဟာဒီကိန်း မုန်တိုင်းရှိသည် တနာရီ မိုင် 80 ဖြစ်နိုင်သည်။ မနေ့  ကတည်းက သတင်းရသည်။ အလုပ်သွားရမည်။  မအိပ်နိုင် လက်ဘက်သုတ်အစားများသွားသည်။ မနေ့ က အလုပ်ထဲ စာရင်းစစ်လာ  သည်။ 98/100 အမှတ်ရသည်။ လက်ထောက် သကောင့်သား လည်ပင်းတွင် ကြောင်လျှာသီး မဆွဲ သဖြင့် ၂ မှတ်လျှော့ ရခြင်းဖြစ်သည်။
စိတ်က ဘလော့ ဘက်ရောက်နေသည်မှာ ကြာပြီပေါ့။  အပျင်းထူးခြင်း ကြောင့် သူများတွေ ရေးသမျှကိုသား သွားဖတ်မိသည်။ ကွန်းလဲ မမန့် ရဲ မိမိလို မတောက် တစ်ခေါက်သမား မန့် ခြင်းကို သူများ ဟားစရာဖြစ်မှာ စိုးသည်။  ဘုရင်မကြီး မြစ် ကလေး မွေးထားတာ ၃ လ ကြာပြီ။ 23 ရက်နေ့ ခရစ်ရှန်းနင်း လုပ်သည်။ ကလေးက ဝဝကစ်ကစ် ချစ်စရာ တစ်တုံးတစ်ခဲကြီး ဖြစ်သည်။ သူ အမေ အတော်ချောသည်။
ယူအက်စ်မှ  ရီရယ်လတီ တီဗွီရှိုးမှ  လုံးကြီးပေါက်လှ ညီအမများအကြောင်း ကြည့်သည်။ သူ့ ကလေးနာမည်ကဆန်းသည် ( နော့သ်ဝက် ) အနောက်မြောက် ဖြစ်သည်။ အခုတော့ ပျင်းသွားပြီ video vault ကြည့်ကောင်း သည်။
လက်မောင်း  ကြွက်သား များထွက်လာရန် တလောတုန်းက အလေးမသည်  2ကီလီလို ကို  ယက်ကန်  ယက်ကန် ဖြစ်နေသဖြင့် ခဏတော့  လက်လျှော့  ထားလိုက်သည်။
ဖေ့စဘုတ်က သတင်းစုံသည့် ဟုတ်တာကော မဟုတ်တာကော  အများကြီး ဝေဘန်ရေး လေကန်ရေး တွေအများကြီး သတင်းတွေ  များလွန်း  အားကြီးတော့ ဟုန် သည်။ ဟုန်သည် ဆိုတာ  (ငါးသိုင်းများသဖြင့် ဟင်းဟုန်သည်) လို့ အဓိပါယ် ဖွင့်ပါ။ သိပ်တော့နားမလည်။
အငံအတော်များသည့် လက်ဘက်သုတ်ကို  ထိုင်စားရင် ဒီစာကို ရိုက်နေသည်။ ကိုယ်သုတ်သည် လက်ဘက်သုတ် ကိုယ်ဘာသာကို မကုန်ကုန်အောင် ထိုင်စားရမည်။ မနက် 6နာရီထိုးပြီ အလုပ်သွားရမှာမို့ မအိပ်တော့ တနင်းဂနွေ နေ့ ရထား က စိတ်မချရ။
နေ့ လည်စာအတွက် စိတ်ပူမိသည်။ အလုပ်နားတွင်ရနိုင်သော အစားအသောက်များမှာ၊ ဝါဆာဘီ၊ ဘာဂါကင်း၊ မက်ဒေါနယ် ၊ခြစ်ကန်းကော့တေ့၊ ခါးပတ် ဒါတွေအားလုံး ဟဲလသီးမဖြစ်။ ဆလာဒ်ဆိုင်းက အလုပ်ရှေ့ နားတွင်ရှိသည် ဒါလဲစားရတာ ညီးသွားဘီ။ ဝါဆာဘီ ကတော့ မဆိုး။
အိမ်အပြင်မှာ လေပြင်းတိုက်သံစကြားရပြီ။ ဂနေ့ သတိထား သွားရမည်။
3 comments:
  1. ၉၈ မှတ်တောင် ရတာ နည်းသလားအေ......
    ReplyDelete
  2. Yeah, I bought vegetables and meat at home . Being so lazy to get things done. Haha.
    ReplyDelete
  3. ဒန့်ဒလွန်သီး9 November 2013 at 07:35
    ဂလိုအစာတွေ နဲ့ ဝေးတာကြာချေပီ။ အိမ်မှာတော့ကောင်းတယ်ဆိုရင် ဒါမှမဟုတ် အစရှိရင် ဟင်းတမျိုးကို အနဲဆုံး တပတ် ၁၀ ရက် ဆက်စားရမယ်မှတ်။ ဟိဟိ။
    ReplyDelete