မလေးရှားကို အကြောင်းမျိုးစုံန့ဲ ရွှေ မြန်မာတွေ သွားကြပါတယ်။ မလေးရောက် မြန်မာ များရဲ ဘဝ လုံခြုံ ရေး အကြောင်းကို ဒီပိုစ့် လေးကနေတင်ပြချင်တာပါ။ မလေးရှားကို တရားမဝင် ဝင်ရောက်လာသူများ နဲ့  ဒုက္ခသည်များရဲ့ ဘဝ ဟာ တော်တော်လေးကို မလုံခြုံပါဘူး။
တရားဝင် အလုပ်လုပ်သူတစ်ယောက် ကလဲ သူအလုပ်ရှင်က ပတ်စပို့  စာအုပ်ကို သိမ်းထားပါတယ်တဲ့။ တခြားမှာ အလုပ်မရှာ နိုင်အောင်ပါတဲ့ ။ မလေးရဲ က ဖမ်းမိရင် အလုပ်ရှင်က လာရွေးပေးပါတယ်တဲ့။ အဲဒီရွေးခ ကို တစ်ချို့  အလုပ်ရှင်တွေ က လုပ်အားခကနေဖြတ်ပါတယ်တဲ့။

-မြို့ တော် ကွာလာလမ်ပူမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်အားပေး အဖွဲ့  မှ နိုင်ငံသားများနေထိုင်ရာ များကို အဓိက ထားပြီး လာရောက်စီးနင်းဖမ်းစီးတဲ့  သတင်းတွေ ကို ခကြာခဏ ကြားကြမှာပါ။ နေ့ နေ့  ညည မရွေးပါဘူး သူတို့ မှာ ရှာဖွေခွင့် အိမ်ကို စီးနင်းခွင့်တွေ ရရှိထားပါတယ်။

-ဖမ်းမိပြီးရင်ဘယ်လို အရေးယူကြသလဲ?
လူဝင်မှုကြီးကြပ်ရေး ဥပဒေ အရ ကြိမ်ဒဏ် (၆)ချက်အထိရိုက်တယ်လို့  သိရပါတယ်။
-ဒုက္ခသည် တွေကြတော့ကော လုံခြုံပါသလား?
ဒုက္ခသည် အဖြစ်အသိအမှတ် အပြုခံထားရတဲ့ သူတွေတောင် မှ ဒုက္ခသည်ကာဒ်ပြား ကိုင်ထားသူ တစ်ချို့ မသိနားမလည်သူ တွေကို ဖမ်းပြီး ထိုင်းက ဂိုဏ်း တွေဆီမှာ ရောင်းစားလေ့ရှိကြပါတယ်။
-တတိယနိုင်ငံကို ထွက်ခွာဖို့ စောင့်နေကြတာ တစ်ချို့ ဆိုရင် ရ နှစ် ၈ နှစ်လောက် ရှိပါပြီ။ တနေ့ သွား ရနိုး နိုး နဲ့  မလေးမှာ အလုပ်ကြမ်းဝင်လုပ်ရင်း စောင့်တဲ့သူက စောင့်ကြပါတယ်။ လူနည်းစုသာ အမေရိကမှာ အခြေချခွင့် ရခဲ့ပါတယ်။ သောင်းဂဏန်းမက တဲ့  မြန်မာ ဒုက္ခသည်တွေ ကတော့ စောင့်နေဆဲပါ။
-ဒီနေရာမှာ မြန်မာ ဒုက္ခသည်တွေ အများဆုံးနေတဲ့ နေရာပါ ဒါ့ကြောင့် မလေး ရဲတွေ၊လဝကတွေနဲ့  ဗော်လန်တီယာ တွေ အတွက် စားကျက်နေရာဖြစ်ပါတယ်။

-မလေးရဲတွေဟာ သူတို့ ဘော်ချက်လို့  ရတဲ့ စားကျက်ကို သူတို့ သိပါတယ်။

- မြန်မာတွေ အများဆုံးဖမ်း မိတယ်လို့ ပြောတဲ့ရဲ ပါ။

သူတို့  ဖမ်းတယ် လာဘ်ယူတယ်။ မိုဘိုင်းဖုန်းကအစယူတယ်။ အေးဓပြတိုက်ပါတယ်တဲ့ ။ အဖမ်းမခံချင်ကြတော့ ရှိသမျှပုံအောပေးကြရပါတယ်။ တချို့ ဆို မပေးနိုင်လို့  အရောင်းစားခံကြရပါတယ်။
ဲ

့ တင်ပါးသားနေရာကို ကြိမ်ဒဏ်ပေးဖို့ ဖေါ်ထားပါတယ်။

- ကြိမ်ဒဏ် ပေးနေစဉ် မလှုပ်နိုင်အောင် တုတ်နှောင်ကြပုံပါ။
Scars for life.

- ကြိမ်နဲ့ အသားကို နာရုံ ရိုက်တာမဟုတ်ပါဘူး။ အရည်ပြားကိုပါပွတ်ပြီးနာနာဆွဲချတဲ့ သေရာပါကြိမ်ဒဏ်မျိုးပါ။

- မလေးက ဒီလို အဆောက်အဦးတွေဖြစ်ဖို့ တရားမဝင်အလုပ်သမားတွေ သုံးပါတယ်။ လုပ်အားခ နည်းနည်းပေးရတဲ့ တရားမဝင်အလုပ်သမားတွေ နဲ့  ဒုက္ခသည်တွေ ကို ခေါ်သုံးကြပါတယ်။
-တချို့  လဲ ကွာလာလမ်ပူလိုမြို့ ပေါ်မှာ မနေရဲလို့  ဒီလို တောထဲမှာ ပလတ်စတစ်တဲထိုးပြီးနေကြပါတယ်။
In the jungle on the outskirts of Kuala Lumpur

- ဒီလိုနေရာကိုတောင် လဝက က ၂ခါတိတိ လာပြီး ရှာဖွေ ခဲ့တယ်လို့ သိရပါတယ်။
ဒီလို ပလတ်စတစ်မိုး မည်ကာမတ္တအိမ်တွေ မှာ နေကြတဲ့ မြန်မာ အများစုဟာ ထိုင်းနယ်စပ်ကို ဖြတ်ပြီးရောက်လာကြသူတွေပါ။
အကျင့်ပျက် မလေး ရဲ နဲ့  လဝက က ရောင်း စားခဲ့ရင် ငါးဖမ်းလှေ နဲ့ စက်ရုံတွေ မှာ ဖမ်းချုပ်ပြီး မတရားအလုပ်ကြမ်း စေခိုင်းတာကို ခံကြရပါတယ်။

- ယူအန်အိပ်ခ်ျစီအာ ကာဒ်ပြားရှိလဲ မလုံခြုံပါ။ ပုံက ကလေး ၂ ယောက် ကို မလေးရှား လဝက နဲ့ အာဏာပိုင်တွေက ပြန်ပေးဆွဲ ရောင်းစားခဲ့တယ်လို့ သိရပါတယ်။

- သူလဲ မြန်မာပါတဲ့။

အချုပ်ထဲမှာ မရေရာတဲံ သူတို့ ရဲ့ မျှော်လင့်ချက်တွေနဲ့ 

- လူစည်ကားတဲ့ ဈေးလို နေရမျိုးမှာ နေခင်းကြောင်တောင် ဝင်စီးတာပါ။
ရဲ အမျိုးသမီးလက်ထဲမှာ ကိုင်ထားတဲ့  ပလတ်စတစ်ကြိုးးက လက်ထိပ်ခတ်ဖို့ ပါ ရုန်းလေ တင်းလေ ပလတ်စတစ်ကြိုးပါ။ ဆာလာအိတ်၊ ဂုန်နီအိတ် တွေ ကို ချည်တဲ့ နေရာမှာ သုံးပါတယ်။

- အောင်သေအောင်သားစားဖို့  ထွက်လာတဲ့ RELA ပါ။

မလေးန့ဲ နိုင်ငံတကာရောက် ရွှေမြန်မာ တို့ ဘေးရန် ခပ်သိမ်း ငြိမ်း ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
စိတ်ညစ်စရာတွေ ချည်း ဖြစ်နေ အတွက် စိတ်လက်ပေါ့ပါးစေတဲ့ ဟာသ ဗွီဒီယို လင့်လေးတစ်ခု ချိတ်တင်လိုက်ပါတယ်။ လေဆိပ်တစ်ခုက လဝက နဲ့ ခရီးသည် တစ်ဦးရဲ့ အတွေ့ အကြုံပါ။ ရှုစားကြပါကုန်။
Ref: BBC unreported world
စိတ်ပျက်ထှာ... ဘင်လာဒင်ရုပ်ပဲရီရတယ်... နောင်ဆို ပါတ်စပို့ စစ်ရင် သေနတ်ထုတ်ပြရမယ်...
ReplyDeleteီဒီက ဘဏ်တွေမှာလဲ မြန်မာစာအုပ် ဆိုရင် ဖင်တပြန် ခေါင်းတပြန် ပြန်ပြန် ကြည့်တတ်လွန်းလို့  ဘင်လာဒင်လို ဘဲလုပ်ပြချင်စိတ်ပေါက်တယ်။
ReplyDeleteကိုယ့်နိုင်ငံ မကောင်းတော့လည်း သူများဆီမှာ အောက်ကျတာပေါ့။
ReplyDeleteအောင်သေအောင်သားစားဖို့  ထွက်လာတဲ့ RELA ဆိုတဲ့ စာစုလေး အရမ်းကောင်းတယ်။
မလေးရဲကတော့ ကမ္ဘာပေါ်မှာ အကျင့်အပျက်ဆုံးလို့ တောင် ပြောရမလိုဘဲ။
ဗွီဒီယို ကြည့်ပြီး အတွေးတစ်ခု ရသွားတယ်။ရွှေပြည်ကြီး ပြန်လို့ မုန့် ဖိုးတောင်းရင်း စနိုက်ပါနဲ့ ကို နဖူးတည့်တည့်ချိန်မယ်။
ညယံ လဲ ခေသူ မဟုတ်ဘူး။
ReplyDeleteသိပ်မြှောက်ပေးလို့ မရဘူး တကယ်လုပ်နေမှ ခက် မယ်။
ကြောက် ကြောက် ..... ....... ........