ဘုရားပန်းတင်ဖို့ လိုက်ရှာတယ်။ ဒီနေ့  Mother's Day ဆိုတော့ ပန်းစည်း လှလှတွေ တွေ့ မလားဆိုပြီး ကြည့် မိတယ်။ Economy cut လုပ်နေတဲ့  အစိုးရကြောင့်လား၊ တရိပ်ရိပ်တက်လာတဲ့ VAT နဲ့  လောင်စာဆီကြောင့်လား မသိ။ အားလုံးဈေး ကြီးနေတာပါဘဲ။ နှင်းဆီပန်း အနီတစ်စီး ဝယ်လိုက်တယ်။ ပန်းစည်း လှလှတွေ လဲ အရင်နှစ်တွေကလို မြိုင်မြိုင်ဆိုင်ဆိုင် မတွေ့ ခဲ့ရဘူး။ ဖုန်းနဲ့ ဓါတ်ပုံရိုက်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ ၁၁နာရီခွဲ ပြီ မွန်းမတည့် ခင် ဘုရားဆွမ်းတော်ကပ် ပန်းကပ် ဆီမီးပူဇော် ရေချမ်းကပ် လုပ်ဖြစ်လိုက်တယ်။ ကောင်းသော အမေများနေ့ ပါ။ အဝေးမြေမှ မိခင် ကျန်းမာပါစေ လို့ ဆု့ တောင်းတယ်။


ဟ ဒိနေ့  Mother's Day ဟုတ်လို့ လားဟေ... ငါတောင် အမေ့အကြောင်း ပိုစ့် ပြန်တင်ဖို့  လုပ်မိသေး။ လိုက်မေးကြည့်မှ မဟုတ်ဘူးဆိုလို့  တစ်ခြားပိုစ့်တင်လိုက်တယ်။ ပုံတွေ မမြင်ရဘူးဟာ... တနေကုန် ပြုတ်ကျလိုက် ပြန်တက်လိုက်၊ စက်က ဒေါင်းသွားလိုက်နဲ့  အမျိုးကိုစုံနေတာပဲ။။။။။။။။။။။။။
ReplyDeleteUK mother's day is three weeks before Easter Sunday. I am sure today is mother's day here.
ReplyDeleteဦးစ မှာ တော့ အမေများနေ က on the second Sunday in May လို့ ဖတ်ရတယ် ဖိုးတက်ရေ။ အူကေ ကတော့ ယနေ့  ပထမ Sunday in April 3 weeks before Easter တဲ့ ဟ။
ReplyDelete