Sunday, 27 November 2011
India Talent Show
"သွေးသံရဲရဲ မကြည့်ရဲ သူများ မကြည့်သင့်ပါ"
The Last Dictator Standing
Monday, 13 June 2011
Bhutan (ဘူတန်) မှ ဓါတ်ပုံမှတ်တမ်း




ဘူတန်မှ လုံခြည်အဆင်လေးများ




မြတ်ခင်းစိမ်းမှာ မှေးနေတဲ့ ဘူတန်မှ လှလေးစိန်


အပေါ်စီးကလှမ်း ရိုက်ထားတဲ့  မြင်ကွင်း လှလှ

Monday, 16 May 2011
မယ်လမင်း ရဲ့  ကြက်ဍီကာ

တနေ့သနှိုက် ကျွန်ုပ်ဧ။်သူငယ်ချင်း ၀တိုတိုအမျိုးသမီးသည် နာလန်ထလူမမာထုံးစံစားချင် သောက်ချင် စိတ် များတဖွားဖွားဖြစ်ပေါ်လျက်ရှိရာ သူဧ။် သူငယ်ချင်း ခပ်ပျင်းပျင်း ကျွှန်ုပ်ကိုလည်း အားမကိုးရသည့် အလျောက် အပ်တာဟိအပ်တာနော နာထော ထုံးနှလုံးမူလျက် မီးဖိုထဲဝင်ကာ ဂါဝန်ကို ခါးတောင်း ကျိုက်လျက် ချက်ပြုတ်ရှာလေသည်။
ကျွှန်ုပ်မှာကား အလကားနေသည်မထင်လိုက်ပါနှင့်။ ထိုအမျိုးသမီးချက်ပြုတ်နေချိန်တွင် ဓါတ်သဘာဝ တို့ ဧ။် ဖေါက်ပြန်သော သဘောကြောင့် လေအေးပေးစက် ခရစ်တော်နှိုက်အိပ်ပျော်သွားရာ အပူဒဏ်ကို အန်တုနိင်ရန် လျှပ်စစ်လေဒလက် တလုံးကို နေပူပြင်းပြင်းအောက်မှာချွေးတလုံးလုံးနှင့် သွားဝယ်ပြီးသကာလ မြတ်စွားဘုရားဟောကြားခဲ့သည် လမ်းစဉ်အတိုင်း ကိုယ့်အားကိုယ်ကိုးကာ ပင်ပန်းတကြီးတပ်ဆင်လျက်ရှိပေသည်။
(စကားချပ်….ဗဟုသုတအရာနိုက် ကျွမ်းကျင် လိမ်မာလှသော အကျွန်ုပ်သည် မတ်တပ်ရပ် လျှပ်စစ်လေဒလက်ဧ။် ရှည်အောင်ထုတ်ရသော သံအရိုးတံကိုမတွေ့ သဖြင့် ရောင်းလိုက်သောဆိုင်မှ သကောင့်သား မောင်ကုလားများကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ရှစ် (နွားချေး) ဟုမကြာခဏ စိတ်ဆိုးတိုင်း ဂါထာစုတ်လျက်ရှိရာ သံအရိုးတံမှာ မနေနိုင်တော့ဘဲ အောက်ခံ အရိုးတံထဲမှ ထွက်ကျကာ ကိုယ်ရောင်ပြရလေသတည်း)။
ထိုသို့  ၂ယောက်သားကိုယ်သန်ရာသန်ရာကဏ္ဍတွင် လုံ့ လစိုက်ထုတ်ကြရာ နာရီ ၂မောင်းတီးအချိန်တွင် ထမင်းဟင်းများ လည်းကျက် ကာ ကျွန်ုပ်ဧ။် လေဒလက်သည်လည်း သူ့ ဂျူတီကိုစ၀င်နေပေပြီ။ အာရုံစိုက်မှုတခုခုမရှိလျင် မရပ်တည်နိုင်သော လူ့ သဘာဝအရ အာရုံနောက်တမျိုးပြောင်းကာ ဆာသော ဝေဒနာကို အလွန်အမင်းခံစားရလေသည်။
သို့ နှင့် နေ့ လည်စာ အချိန်လွန် အဟာရမှီဝဲခန်းစလေရာ ကျွန်ုပ်သူငယ်ချင်းချက်ပြုတ်ထားသောဟင်းနှင့် စားကောင်းခြင်းမက ဘိုက်ကားအောင်စားမိကာ လေဒလက်မှအေးသောအရသာကြောင့် စားပီးသည်နှင့် ခင်းထားသောအိပ်ယာပေါ်သို့  ကျောဆန့် ကာထမင်းလုံးစီမိလေသည်။
ထိုသို့ မှေးတေးတေးအိပ်ပျော်မလို မပျော်မလို ကာလတွင် ကျွန်ုပ်စိတ်နှိုက် စားခဲ့သောဟင်းကိုပြန်တွေးကာ ကြက်ဋီကာ ဖွင့်သည်ကို ကြားသော ၀တိုတိုသူဝယ်ချင်းသည် စိတ်ဆိုးရလိုရီရမလိုဖြစ်ပေတော့သည်။
ကျွန်ုပ်။ ဟဲ့..ငါတို့ စားတာဒီနေ့ ကြက်သားဟင်းနော်။ နောက်တခုက ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့  ကြော်တာ။
သူငယ်ချင်း။ အေးလေ. ဘာဖြစ်လို့ လဲ
ကျွန်ုပ် ။ ဘာမှမဖြစ်ပါဘူး…စဉ်းစားမိလို့ ပါ။
သူငယ်ချင်း ။ ဘာကိုတုန်း။
ကျွန်ုပ် ။ ကြက်ခေါင်းဆိတ်မခံလို့ ပြောရအောင်ဆူဆူညံညံ အသံထွက်နေတဲ့ အ၀တ်ခြောက်စက် ရှိတဲ့  မီးဖိုထဲမှာ ချက်ထားတဲ့ ကြက်သားဟင်းရယ် ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့ေ၇ာကြော် ထားတဲ့ဟင်းကို ကြက်သီးထအောင်စားပီးတော့ အခုအိပ်ယာထဲမှာ ကြက်အိပ်ကြက်နိုးနဲ့  မှေးနေမိတယ်။
သူငယ်ချင်း။ အဲဒါဘာဖြစ်လဲ။ နင်ကငါချက်တာစားပီးတော့ ဘာမကောင်းဘူးပြောချင်တာလား
ကျွန်ုပ်။ မဟုတ်ပေါင်သူငယ်ချင်းရယ်။ အ၀တ်ခြောက်စက်လို အသံနဲ့ ကြက်ခေါင်းဆိတ်မခံပြန်မပြော ပါနဲ့ ။ ငါ့မှာသက်ကြီး ခေါင်းချကြက်တွန်သံ ကြားတည်းကနိုးနေတာ အိပ်ရေးတွေမ၀လို့  စကားပြောမှားတယ် ထားပါ။ နင်ရန်တွေ့ တာကြားရတာငါအံ့သြလွန်း လို့ ကြက်သေတောင် သေသွားတယ်။
သူငယ်ချင်း ။ နင်ကဘာလို့ အိပ်မပျော်ရတာလဲ
ကျွန်ုပ် ။ အော်ဘ၀အကြောင်းတွေးနေမိလို့ ပါ။ သူများတွေပြောကြတဲ့စကားလို ဘ၀ဆိုတာကြွေတလက် ကြက်တခုန်လို ဆိုတာ ငါ့အတွက်ဘယ်တော့ကြက်ခုန်ပါ့မလဲလို့ လေ။ ဒါပေမဲ့လဲ ကြက်မဘယ်လောက်တွန်တွန် မိုးမလင်းဘူးဆိုတာလဲ ကြားဖူးသား။ မမျှော်လင့်တော့ပါဘူး။ ဒီလအတွက်တော့ နှမလက်ကောက်ပေါင်ပေဦးလို့ ဘဲသဘောထားလိုက်တယ်။
သူငယ်ချင်း။ အေးဟေ့။ ဒါဆိုလဲ ပြေးနေတွေးနေတဲ့ နင့်ရဲ့ စိတ်ကို ကြက်ပေါင်ကွင်းနဲ့ ခိုင်ခိုင်ချည်ပြီး ကြက်မ၀ပ်ကျင်းထဲမှာထဲ့ထားလိုက်။ ငါတော့ကြက်ပေါင်သီးငါးပိချက်လေး စားချင်လာလို့  စဉ်းစားရင်း အိမ်မက်မက်လိုက်ဦးမယ်။
ထိုသို့ ဆိုပြီးသကာလ သူငယ်ချင်းသည် သူဧ။် စက်ခုအာရုံမျက်လုံး ၂စုံကို ကြက်အိပ်ကြက်နိုးပုံစံနဲ့ မှေးပြီး
မကြာမှီပင် ကြက်သေသေခြင်းေ၇ာက်လျက် အလာအရှင်မြတ်နှင့် ယေရှုခရစ်တို့ ဧ။် ခေတ္တ (ယာယီ) ခေါ်ဆောင်ရာသို့အိမ်မက်မက်ရင်း ကြက်မွှေးလေထဲလွှင့်သကဲ့လို့ခရီးနှင်လေရာ တခေါခေါ ဟောက်သံများပင် ထွက်လာခိုက် အဝေးမှ ကြက်တွန်သံများကိုပင်ဖုံးလွှမ်းသွားလေသတည်း။
ဖြည့်စွက်ချက်
ဤစာကိုကြက်ကန်းဆန်အိုးတိုးသလိုအတွေးပေါ်သခိုက်ရေးပီးသကာလအလုပ်မလုပ်ချင်ပျင်းရိငြီးငွေ့ သောကြောင့် ကြက်လည်လိန်ထားသလိုကြက်နာကျပြီးညနေအချိန်အိပ်တန်းတက်ရန်အချိန်ရောက်ဖို့ ကို
စောင့်မျှော်နေမိပါကြောင်း။
ကြက်ဍီကာ ပြီးဧ။်
ရေးသူ။ ကျမ မဟုတ်ပါ။
Friday, 6 May 2011
Tuesday, 26 April 2011
အဏ္ဏဝါရွှေ (သို့မဟုတ်) အယုဒ္ဓယ အကျဉ်းသား
ဒီနေ့ ဘီဘီစီ ၂၄ နာရီ သတင်းချာနယ် မှာ ထုတ်လွင့် မှုဟာ မြန်မာအလုပ်သမားတစ်ချို့ ရဲ့ ဘဝ ကို မီးမောင်း ထိုးပြခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကိုဇော်ဇော် က သူဟာ ငါးဖမ်းလုပ်ငန်းမှာ (၃)လတိတိ အတင်းအကြပ် စေခိုင်းခံခဲ့ရာမှ ထွက်ပြေးလွတ်မြောက်လာသူဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့ အကြုံ အရ သူရဲ့ လုပ်ဖေါ်ကိုင်ဖက် (၃)ဦးဟာ ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားမှုကြောင့် အသတ်ခံခဲ့ရပါတယ်။ ငါးဖမ်းလုပ်ငန်း အလုပ်ရှင်တွေ ဟာ အလုပ်သမားတွေ သောက်တဲ့သောက်ရေမှာ ဆေးခတ်ပြီး နာရီပေါင်းများစွာ ခိုင်းစေ ကြပါတယ်။
မြန်မာပြည်မှာ အလုပ်အကိုင် ရှားပါး ကြပ်တည်းမှုကြောင့် ကိုဇော်ဇော်ဟာ မြန်မာပြည်ကနေ ထိုင်းက စက်ရုံတစ်ခုမှာ အလုပ်လုပ်ဖို့ရည်ရွယ်ချက် နှင့် တောလမ်းကနေ တရားမဝင်ထွက်ခဲ့ပါတယ်။ လမ်းမှာ ထိုင်းပွဲစားဟာ မြန်မာ အမျိုးသမီး ၂ ဦးကို မတရားပြု့ ကျင့်ပြီး သူတို့ ကို ရိုက်နှက်တယ်လို့ ပြောပါတယ်။ ပွဲစားတစ်ဦး က နေ နောက်တစ်ဦး အကြိမ်ကြိမ် လက်ဆင့်ပြောင်းပြီး နောက်ဆုံး ငါးလှေပေါ်ကို အရောင်းခံရတာပါဘဲ။ သူ့ ဖာသာသူ ငွေဝယ်ကျွန်ဖြစ်နေမှန်တောင် သူမသိခဲ့ပါဘူး။
အိပ်ချိန်နည်းနည်းသာခွင့်ပြုပြီး နေထိုင်မကောင်းသူတွေကို ရိုက်နှက်ပါတယ် ။ ရေလုပ်သားများဘဝ ဟာ သေဘေးနဲ့ အင်မတန် နီးစပ်ပါတယ်။ ဒါကြောင့် ကိုဇော်ဇော်ဟာ အင်မတန်မှ ထွက်ပြေးလွှတ်မြောက် လိုခဲ့ပါတယ်။ရေလုပ်သား (၃)ဦး ဟာ မနက် ၂ နာရီ အချိန်မှာ ရေပေါ်ပေါ်စေတဲ့ ဖေါ့တုံးလို အရာကို ဆုတ်ကိုင်ပြီး ပင်လယ်ထဲ ကို ခုန်ချထွက်ပြေးခဲ့ပါတယ်။ ၂ ဦးက ရေမကူးနိုင်လို့  ရေနှစ်ပြီး ကျန်တစ်ဦးကတော့ ကမ်းပေါ်ရောက်တာ န့ဲ ဖမ်းမိပါတယ်။ ဖမ်းမိသူကို ငါးဖမ်းသဘောင်္ပြန်ခေါ်လာပြီး မျက်နှာများ ဖူးရောင်နေတဲ့ အထိ ထိုးကြိတ် ရိုက်နှက် ပြီး နှိပ်စက်ခဲ့ပါတယ်။ အဲဒီနောက် သင်္ဘော ကုန်းပတ်ပေါ်ကို ခေါ်လာပါတယ်။ ဒီ လူကို လျှပ်စစ်ရှော့ န့ဲတို့ ပြီးနှိပ်စက်ပါတယ် နောက် ကျန်အလုပ်သမားများရှေ့မှာ သေနတ်နဲ့ ပစ်သက်ပြီး ရေထဲ ပစ်ချ ခဲ့တယ်လို့ ပြောပါတယ်။ ဒီလို ထွက်ပြေးဖို့ ကြိုးစားရင် ဒီလို ခံရမယ်လို့ ထိုင်းလူမျိုး ကက်ပတိန်က နမနာပုံစံမျိုးသူတို့ ကိုပြောပါတယ်။
ရေလုပ်သားတွေဟာ သစ်သားဖာသေးသေးလေးတွေ ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ် အိပ်ရပါတယ်။ လူသေခေါင်းဆန်ဆန် ပုံစံမျိုးလို့ ပြောပါတယ်။ အချက်ပေးခေါင်းလောင်းသံကြားတာနဲ့ အိပ်ရာက ထပြီး အလုပ်ထဲ တန်းပြေးရပါတယ်။
သင်္ဘောကက်ပတိန်ဟာ အမ်ဖက်တမင်းဆေးပြား ၁၅လုံး အလုံး ၂၀ လောက်ကိုကြိတ်ပြီး သောက်ရေထဲ ထည့်တာကို တွေ့ ခဲ့ပါတယ်။ ဒီဆေးပြားဟာ အလုပ်လုပ်နှုံးကို မြန်စေပြီး ဆေးအရှိန်ပြယ်တဲ့ အခါမှာ ဆိုးရွားတဲ့ ခေါင်းကိုက်မှု ကျန်ခဲပါတယ်တဲ့။
သူ့ ရှေ့ မှာ လူ (၃)ဦး ထွက်ပြေးဖို့ ကြိုးစားလို့ သေခဲ့တာ ကို မြင်ခဲ့ရပြီး တချိန်မှာ သူ့  အလှည့်ဖြစ်လာနိုင်တာမို့  အမြန်ဆုံး ရုန်းထွက် ဖို့ဆန္ဒပြင်းပြခဲ့ပါတယ်။ ဒါ့ကြောင့် ငါးဖမ်းသင်္ဘော ကမ်းကပ်တဲ့ အချိန် ည(၁)နာရီ မှာ သူဟာ ရေပေါ်စေတဲ့ ဖော့တုံး ကိုယူပြီး ပင်လယ်ထဲ ခုန်ချ ထွက်ပြေးခဲ့ပါတယ်။ပင်လယ်ဟာ အရမ်းကြမ်းပြီး ကမ်းစပ်ကို ရောက်တဲ့အချိန်ကတော့ မနက် ၆ နာရီရှိပါပြီ။ သူဟာ ကမ်းစပ်က ခြုံပုတ်တွေ နားမှာ ပုန်းနေခဲ့ပါတယ်။သဘောင်္ပေါ်က အလုပ်ရှင်တွေ ဟာ သူပုန်းနေရာ နေရာထိလာရှာခဲ့ ပေမဲ့ သူကို ကံကောင်းထောက်မစွာ မတွေ့ခဲ့ပါဘူး။
(၄)ရက်ကြာ လမ်းလျှောက်အပြီးမှာ ပတ္တယား မြို့ ကို ရောက်ရှိခဲ့ပါတယ်။ ဘုရားကျောင်းတစ်ခုက နေ သူ့ ကိုကူညီခဲ့ပြီး အခုတော့ ဘန်ကောက်မှာ တရားဝင် အလုပ်လုပ်နေပါပြီ သူ့ လို ထွက်ပြေးဖို့ ကြိုးစားခဲ့ သူတွေကို တဖက်တလမ်းကနေ ကူညီနေခဲ့ပါတယ်။ ငါးဖမ်းသင်္ဘောပေါ်မှာ အလုပ်လုပ်ခဲ့တဲ့  အချိန်မှာ သူ လခ တပြားမှ မရရှိခဲ့ပါ။
ဘီဘီစီက ကိုဇော်ဇော်လို မြန်မာ တွေကို အင်တာဗျူးခဲ့ပါတယ်။ ဆိုးရွားတဲ့ မတရားခိုင်းစေမှု၊ နှိပ်စက်မှု၊သတ်ဖြတ်မှု စတဲ့ တရားမဲ့  မှုတွေ ကိုထိုင်းနိုင်ငံရောက် မြန်မာ ဆင်းရဲသား ရေလုပ်သား တွေရင်ဆိုင်နေကြရပါတယ်။
တစ်ချို့ ဆို ရင် ကမ်းကို မကပ်ဘဲပင်လယ်ထဲမှာ နှစ်ရှည်လများနေခဲ့ကြရပါတယ်။

ငါးဖမ်းသင်္ဘောသေးသေးကဖမ်းလို့  ရတဲ့ ငါးကို ပင်လယ်ထဲမှာဘဲ သင်္ဘောကြီးကြီးပေါ်တင်သယ်တယ် ။

ငါးဖမ်းသင်္ဘောပေါ်က လူတွေဟာ ဒါတွေကြောင့် ကမ်းကပ်ဖို့ အခွင့်အရေးနည်းပါးပါတယ်။


ငါးဖမ်းလှေ မှာသာ ဒီလို တရားမဝင် အလုပ်သမားတွေကို ခိုင်းစေတာမဟုတ်ပါဘူး။ ပါကင်ထုတ်တဲ့ အဆင့်အထိ ဒီလို အလုပ်သမားတွေကို ခေါ်သုံးပါတယ်။ စက်ရုံအလုပ်သမား အသက်၁၈ နှစ်အရွယ် မြန်မာအလုပ်သမား တစ်ဦး ကတော့ ရေလုပ်ငန်း စက်ရုံကနေ ဘယ်မှ ထွက်ခွင့် မရှိခဲ့တာ (၄) နှစ်ရှိပါပြီ တဲ့။ တစ်နေ့ ကို ၁၅ နာရီကနေ ၂၀ နာရီ အထိ အလုပ်လုပ် ရပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်ဟာ ထောင်တစ်ခု န့ဲ တူတယ်လို့ပြောပါတယ်။

ထိုင်း အာဏာပိုင်တွေ ကတော့ ဒီလို ကိစ္စတစ်ခုချင်း တွေနဲ့ ပတ်သက်ပြီး ဘာ ထင်မြင်ချက်မှ မပေးပါဘူး။သို့ သော်လည်း ဥပဒေအရ ဒီလို ကိစ္စမျိုး မဖြစ်အောင် ကာကွယ် ထားတာရှိတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေး တောင်းဆိုသူတွေ ကတော့ ထိုင်းအစိုးရအနေနဲ့  ထိရောက်တဲ့ ဥပဒေတားမြစ်မှုတွေ နဲ့  ပို လုပ်ပေးသင့်တယ် လို့ ထင်ပါတယ်။
ထိုင်းကထွက်တဲ့ ရေထွက်ပစ္စည်း ဖြစ်တဲ့  သား၊ငါး၊ပုဇွန် ဝယ်တယ် ဆိုရင် ဒီပစ္စည်းတွေ ဟာ (လူမဆန်စွာ မတရားခိုင်းစေခံရတဲ့ ၊ အလုပ်သမားနင်းပြားတွေ)ဆီကတဆင့် ထွက်လာတယ်ဆိုတာ ကို သတိထားသင့်ပါတယ်။ ဒ့ါကြောင့် ဝယ်ယူ စားသုံးသူတွေ ဟာ ထိုင်းအစိုးရ ကို ဒီလို မတရားမှုတွေ လျှော့နည်းအောင် ဝိုင်းဝန်းတောင်းဆိုပေးသင့်တယ်" လို့  ဆိုပါတယ်။
Made in Thailand လား၊? Products from Thailand လား။ ? Ref: BBC 24 news
အောက်ပါ ယူကျူ့  ဗီဒီယိုလင့်ကလေး ကတော့ နိုင်ငံခြားဘာသာနဲ့ ကြေငြာပြီး မြန်မာ စကားပြော အနည်းငယ်ပါတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ ရဲ့ အခြေအနေ အရပ်ရပ် ကို တင်ပြထားတာ ဖြစ်ပါတယ်။ ရှု စားကြည့်လိုက် ကြပါဦး။
Sunday, 24 April 2011
ရွှေဒုက္ခ
တရားဝင် အလုပ်လုပ်သူတစ်ယောက် ကလဲ သူအလုပ်ရှင်က ပတ်စပို့  စာအုပ်ကို သိမ်းထားပါတယ်တဲ့။ တခြားမှာ အလုပ်မရှာ နိုင်အောင်ပါတဲ့ ။ မလေးရဲ က ဖမ်းမိရင် အလုပ်ရှင်က လာရွေးပေးပါတယ်တဲ့။ အဲဒီရွေးခ ကို တစ်ချို့  အလုပ်ရှင်တွေ က လုပ်အားခကနေဖြတ်ပါတယ်တဲ့။

-မြို့ တော် ကွာလာလမ်ပူမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်အားပေး အဖွဲ့  မှ နိုင်ငံသားများနေထိုင်ရာ များကို အဓိက ထားပြီး လာရောက်စီးနင်းဖမ်းစီးတဲ့  သတင်းတွေ ကို ခကြာခဏ ကြားကြမှာပါ။ နေ့ နေ့  ညည မရွေးပါဘူး သူတို့ မှာ ရှာဖွေခွင့် အိမ်ကို စီးနင်းခွင့်တွေ ရရှိထားပါတယ်။
လူဝင်မှုကြီးကြပ်ရေး ဥပဒေ အရ ကြိမ်ဒဏ် (၆)ချက်အထိရိုက်တယ်လို့  သိရပါတယ်။
-ဒုက္ခသည် တွေကြတော့ကော လုံခြုံပါသလား?
ဒုက္ခသည် အဖြစ်အသိအမှတ် အပြုခံထားရတဲ့ သူတွေတောင် မှ ဒုက္ခသည်ကာဒ်ပြား ကိုင်ထားသူ တစ်ချို့ မသိနားမလည်သူ တွေကို ဖမ်းပြီး ထိုင်းက ဂိုဏ်း တွေဆီမှာ ရောင်းစားလေ့ရှိကြပါတယ်။
-တတိယနိုင်ငံကို ထွက်ခွာဖို့ စောင့်နေကြတာ တစ်ချို့ ဆိုရင် ရ နှစ် ၈ နှစ်လောက် ရှိပါပြီ။ တနေ့ သွား ရနိုး နိုး နဲ့  မလေးမှာ အလုပ်ကြမ်းဝင်လုပ်ရင်း စောင့်တဲ့သူက စောင့်ကြပါတယ်။ လူနည်းစုသာ အမေရိကမှာ အခြေချခွင့် ရခဲ့ပါတယ်။ သောင်းဂဏန်းမက တဲ့  မြန်မာ ဒုက္ခသည်တွေ ကတော့ စောင့်နေဆဲပါ။
-ဒီနေရာမှာ မြန်မာ ဒုက္ခသည်တွေ အများဆုံးနေတဲ့ နေရာပါ ဒါ့ကြောင့် မလေး ရဲတွေ၊လဝကတွေနဲ့  ဗော်လန်တီယာ တွေ အတွက် စားကျက်နေရာဖြစ်ပါတယ်။

-မလေးရဲတွေဟာ သူတို့ ဘော်ချက်လို့  ရတဲ့ စားကျက်ကို သူတို့ သိပါတယ်။

- မြန်မာတွေ အများဆုံးဖမ်း မိတယ်လို့ ပြောတဲ့ရဲ ပါ။

သူတို့  ဖမ်းတယ် လာဘ်ယူတယ်။ မိုဘိုင်းဖုန်းကအစယူတယ်။ အေးဓပြတိုက်ပါတယ်တဲ့ ။ အဖမ်းမခံချင်ကြတော့ ရှိသမျှပုံအောပေးကြရပါတယ်။ တချို့ ဆို မပေးနိုင်လို့  အရောင်းစားခံကြရပါတယ်။
ဲ

့ တင်ပါးသားနေရာကို ကြိမ်ဒဏ်ပေးဖို့ ဖေါ်ထားပါတယ်။

- ကြိမ်ဒဏ် ပေးနေစဉ် မလှုပ်နိုင်အောင် တုတ်နှောင်ကြပုံပါ။
Scars for life.

- ကြိမ်နဲ့ အသားကို နာရုံ ရိုက်တာမဟုတ်ပါဘူး။ အရည်ပြားကိုပါပွတ်ပြီးနာနာဆွဲချတဲ့ သေရာပါကြိမ်ဒဏ်မျိုးပါ။

- မလေးက ဒီလို အဆောက်အဦးတွေဖြစ်ဖို့ တရားမဝင်အလုပ်သမားတွေ သုံးပါတယ်။ လုပ်အားခ နည်းနည်းပေးရတဲ့ တရားမဝင်အလုပ်သမားတွေ နဲ့  ဒုက္ခသည်တွေ ကို ခေါ်သုံးကြပါတယ်။
-တချို့  လဲ ကွာလာလမ်ပူလိုမြို့ ပေါ်မှာ မနေရဲလို့  ဒီလို တောထဲမှာ ပလတ်စတစ်တဲထိုးပြီးနေကြပါတယ်။
In the jungle on the outskirts of Kuala Lumpur

- ဒီလိုနေရာကိုတောင် လဝက က ၂ခါတိတိ လာပြီး ရှာဖွေ ခဲ့တယ်လို့ သိရပါတယ်။
ဒီလို ပလတ်စတစ်မိုး မည်ကာမတ္တအိမ်တွေ မှာ နေကြတဲ့ မြန်မာ အများစုဟာ ထိုင်းနယ်စပ်ကို ဖြတ်ပြီးရောက်လာကြသူတွေပါ။
အကျင့်ပျက် မလေး ရဲ နဲ့  လဝက က ရောင်း စားခဲ့ရင် ငါးဖမ်းလှေ နဲ့ စက်ရုံတွေ မှာ ဖမ်းချုပ်ပြီး မတရားအလုပ်ကြမ်း စေခိုင်းတာကို ခံကြရပါတယ်။

- ယူအန်အိပ်ခ်ျစီအာ ကာဒ်ပြားရှိလဲ မလုံခြုံပါ။ ပုံက ကလေး ၂ ယောက် ကို မလေးရှား လဝက နဲ့ အာဏာပိုင်တွေက ပြန်ပေးဆွဲ ရောင်းစားခဲ့တယ်လို့ သိရပါတယ်။

- သူလဲ မြန်မာပါတဲ့။

အချုပ်ထဲမှာ မရေရာတဲံ သူတို့ ရဲ့ မျှော်လင့်ချက်တွေနဲ့ 

- လူစည်ကားတဲ့ ဈေးလို နေရမျိုးမှာ နေခင်းကြောင်တောင် ဝင်စီးတာပါ။
ရဲ အမျိုးသမီးလက်ထဲမှာ ကိုင်ထားတဲ့  ပလတ်စတစ်ကြိုးးက လက်ထိပ်ခတ်ဖို့ ပါ ရုန်းလေ တင်းလေ ပလတ်စတစ်ကြိုးပါ။ ဆာလာအိတ်၊ ဂုန်နီအိတ် တွေ ကို ချည်တဲ့ နေရာမှာ သုံးပါတယ်။

- အောင်သေအောင်သားစားဖို့  ထွက်လာတဲ့ RELA ပါ။

မလေးန့ဲ နိုင်ငံတကာရောက် ရွှေမြန်မာ တို့ ဘေးရန် ခပ်သိမ်း ငြိမ်း ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Ref: BBC unreported world
Saturday, 16 April 2011
သင်္ကြန် နှင့် PARADIGM SHIFT
ဘယ်မျှလောက်အရေး ပါလဲ။
ပြုပြင်ပြောင်းလဲလို့ မရနိုင်၊မဖြစ်နိုင်၊ လက်မခံနိုင်တဲ့
ဓလေ့ထုံးတမ်းအစဉ်အလာတွေ ကမ္ဘာ ပေါ်မှာရှိလား။
ဘယ်လောက်များများက ပြုပြင်ပြောင်းလဲဖို့လက်မခံနိုင်ပြီး၊ ဘယ်လောက်အရေ
အတွက်ကပြုပြင်ပြောင်းလဲ
ဲဖို့လက်ခံပါသလဲ။ ပြောင်းလဲဖြစ်ခဲ့ပြီဆိုရင် ထည့်သွင်းစဉ်းစားရမယ့်
အကျိုး နဲ့အပြစ် အဆိုးနဲ့အကောင်း
နောက်ဆက်တွဲ အကျိုးဆက်တွေ..။
ပုန်ကန်တဲ့ အတွေးခေါ်ဆိုတာ ကျွန်တော့်အတွက် ဘယ်တုန်းကတည်းကကပ်ပါလာခဲ့လည်းမသိဘူး။
သပုန်စိတ်ဓါတ်ဆိုတာ
ကျွန်တော့်အတွက်မွေးရာပါပဲဖြစ်မယ်ထင်ပါတယ်။အသိတွေတင်းကျပ်ပြည့်နှက်
နေလို့များလား.. ဒါလည်းမဟုတ်နိုင်ဘူး။ကျွန်တော်ကိုယ်တိုင်က ဘ၀တက္ကသိုလ်မှာ
beginner ဆိုတဲ့
သတ်မှတ်ချက်နဲ့ အသက်ရှင်သန်နေရတာ။ အသိဆိုတာ တင်းကျပ်ပြည့် နေတယ်လို့
ရှိမှမရှိတာ။ အသိတွေအတတ်ပညာတွေပြည့်နှက်ပြီး တော်ပါပြီ၊သင်ကြားမှု
နားလည်မှု တွေကိုရပ်လိုက်ပါပြီလို့
အော်ဟစ်နေတဲ့လူမျိုးတွေထဲမှာကိုယ်ကိုယ်တိုင်မပါဘူးဆိုတာသေချာပါတယ်။
လောလောဆယ် မြန်မာပြည်ရဲ့ သင်္ကြန်အကြောင်းကိုစဉ်းစားဖြစ်နေတယ်။ ပုဂံခေတ်က
စခဲ့တယ်ဆိုပြီး
တချို့ မီဒီယာတွေမှာဖော်ပြထားတယ်ဗျ။ သင်္ကြန်ဆိုတဲ့ အဓိပါယ်က
ကူးပြောင်းခြင်းဆိုတဲ့စကားက
ဆင်းသက်လာတယ်။နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတယ်။ ကူးပြောင်းတဲ့
အခါမှာ ရေနဲ့
အဟောင်းတွေကိုဆေးကြောတယ်။
သင်္ကြန်စာထဲက အတိုင်း ဗြဟ္မာဦးခေါင်းကိုနတ်သမီးတွေကလက် ပြောင်းယူတယ်။
သိကြားမင်းဆိုတဲ့ နတ်ဘုရင်က လူတွေအကျိုးအတွက် နတ်ပြည်ကလူ့ပြည်အထိ
ဆင်းလာတယ်။ ရှေးခေတ်တုန်းကရေသဘင်ပွဲဆင်နွှဲတယ်။
သပြေခက်နဲ့ရေပက်တယ်ယဉ်ကျေးတယ် ဘုရင်တွေကိုယ်တိုင် ကျင်းပတဲ့
ရေသဘင်ပွဲတော်.ဒါတွေက ကြားနေကျ ဘာညာကွိကွပေါ့ဗျာ။
သမိုင်းကြောင်းအရကိုကျင်းပတဲ့ ပွဲဆိုတာ
ခိုင်မာတယ်လို့ထင်တာပဲဗျ။သို့ပေမယ့်လည်းပုဂံခေတ် ထဲကစခဲ့တယ်
ဆိုတာကတော့ မသေချာပါဘူး။ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းစကားအရ
ပုဂံခေတ်မှာဘောင်းဘီဝတ်သလား၊
ပုဆိုးဝတ်သလား ဆိုတာတောင် တိတိကျကျမသိနိုင်ပါဘူး။ ပုဂံခေတ်ကသပြေခက်နဲ့
ရေပက်ကြတယ်ဆိုတာမျိုးလည်း သပြေခက်ကိုရှေးဟောင်းသုတေသနက
တူးဖော်ပြီးသက်သေပြနိုင် ရင်ကောင်းမှာပါ။ကျွန်တော့်လိုကတ်သီးကတ်သတ်
ကောင်တွေအတွက် ဒါမျိုးရှိထားသင့်တယ်လေ မဟုတ်ဘူးလား။
လူဆိုတာမျိုးကလည်းတိရိစ္ဆာန်တွေ
မဟုတ်လေတော့ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့လုံးထွေး ရစ်ပတ်ပြီးမှ
မွေးဖွားတယ်၊ ရှင်သန် တယ်၊ ကြီးပြင်းတယ်၊ သေဆုံးတယ်။
ကြီးကြီးကျယ်ကျယ်တွေး တယ်။ တီထွင်ကြံဆတယ်။
သူများဆီက ကောင်းတာ သင့်တော်တာတွေ့ရင် အတုယူတယ်။ဒါတွေ
ဟာလူ့သမိုင်းရဲ့တိုးတက်ဖြစ်တည်ပြောင်းလဲမှုပါ။
Culture လို့ပြောတဲ့ ဓလေ့စရိုက်က ပထမအစအဦးမှာ
ရေစီးကြောင်းကျဉ်းကျဉ်းလေးနဲ့ စပြီး။ ရာစုနှစ် တွေကြာလာတာနဲ့
အမျှကျယ်ပြန့်တဲ့မြစ်ကြောင်းဖြစ်ပြီး နောက်ဆုံးပင်လယ်လောက်ကျယ်ပြောခဲ့တာ
ပါ။ ကျွန်တော်တို့ဝတ်ဆင်နေတဲ့
ပုဆိုးဆိုတာကုလားဆီကလာတယ်။တိုက်ပုံဆိုတာတရုပ်ဆီကပုံစံကူး ချတယ်။
ပုဂံခေတ်လောက်တုန်းက မြန်မာတွေ
ဘောင်းဘီဝတ်တဲ့ ဓလေ့ရှိဖို့များတယ်။ကုလားနဲ့တရုပ် ဆီကအတုယူရင်း
ပွဲတက်ဝတ်စုံအဖြစ် ပုဆိုးတဲ့ တိုက်ပုံဆိုတာ
ဖြစ်လာတယ်။ ကျွန်တော်တို့ဒီမျှ လောက်တော့သိထားသင့်ပါတယ်။
သင်္ကြန်ဆိုတာကျွန်တော်တို့ ကလေးဘ၀အရွယ်ကတည်းက ပျော်ရွှင်ခဲ့ရတဲ့ အချိန်ကာလပါ။ သူများ
ကိုရေစိုအောင်ပက်မယ်။ ကစားမယ်။ လွတ်လပ်ခွင့်ဆိုတာကို သင်္ကြန်မှာ အပြည့်အ၀ရပါတယ်။
ဒါက ပျော်ရွှင်မှုသက်သက်ပါ။အပျော်သက်သက်ဓလေ့စရိုက်ကို ဒီအတိုင်းချည်းပဲ
သတ်မှတ်ထားလိုက်ရင်
အ၀တ်အစားမ၀တ်ပဲ လမ်းလျှောက်ထွက်နေတဲ့မိန်းကလေး အတိုင်း လွန်လွန်ကျူးကျူး၊
မလျှော်မကန်
တာတွေဖြစ်ကုန်မှာပါ။ ဒါကြောင့် ရှေးလူကြီးတွေက ဘာသာရေး၊လူမှုရေး ကိုပါ
ထည့်သွင်းသတ်မှတ် ပါတယ်။
ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်၊ တရားထိုင်။ အိမ်တိုင်းမှာ
မုန့်လုပ်ပြီး လာသမျှလူကို စတုဒီသာကျွေးပါတယ်။
နှစ်ဟောင်းက နှစ်သစ်ကိုကူးပြောင်းတဲ့နေရာမှာ ကုသိုလ်ကောင်းမှု လုပ်ပြီး
ကူးပြောင်းတယ် ဆိုတဲ့ အချက်လေးနဲ့
သင်္ကြန်ရဲ့ အဓိပ္ပါယ်ဟာ အရမ်းလှပပါတယ်။ နောက်တစ်ချက် ရာသီဥတုအရ
ကျားကန်ကန်ပေးထားတဲ့ အချက်ကလည်းကောင်းပါတယ်။ မြန်မာပြည်ရဲ့ အပူဆုံးလ
ဖြစ်တဲ့ ဧပြီလမှာ သကြန်ရေသဘင်ပွဲကို နွှဲတယ်ဆိုတာပါပဲ။
ရာသီဥတုပူပြင်းတဲ့ အချိန်မှာ လူတွေ ရေကစားကြတာ လက်ခံနိုင်တဲ့ ဓလေ့ပါ။
ဒါကြောင့်မြန်မာပြည်အနေနဲ့
ဘာသာရေးအရ၊ လူမှုရေးအရ ကြည့်ရင် သင်္ကြန်ဆိုတာ ကောင်းပါဧ။်ဗျား။
သတိထားမိသလောက် ကျွန်တော်တို့ကြီးပြင်းလာခဲ့တဲ့ ဆယ်စုနှစ် ၂
ခုကျော်ကာလမှာ သင်္ကြန်ဆိုတာ ပြောင်းလဲလာသလိုခံစားရတယ်။အမှန်တကယ်လည်း
အချိန်ကာလများအကြားပြောင်းလဲခဲ့ပါတယ်။
ပြောင်းလဲပေးတဲ့ factors တွေက လူတွေကိုယ်တိုင်ပါ။ သင်္ကြန်ဆိုတဲ့သဘောတရားအရ
အပျော်နဲ့ ကုသိုလ် ဆိုပြီး
ပူးတွဲပါဝင်ပါတယ်။ အပျော်ဆိုတာ လူတိုင်းပျော်တတ်ပါတယ်။ ခံစားတတ်ပါတယ်။
ပျော်ရွှင်မှု ဆိုတာ လူမပြောနဲ့ တိရိစ္ဆာန်တောင်ခံစားတတ်ပါတယ်။
ကောင်းမှုကုသိုလ်ပြုခြင်း ဆိုတဲ့ သဘောက လူသားဆန်ပါတယ်။ လူပီသစေတဲ့ အချက်၊
တိရိစ္ဆာန်နဲ့ လူဆိုတဲ့သဘော
ကွဲပြားခြားနားမှု အဓိကအချက်ဖြစ်ပါတယ်။ ဗုဒ္ဒဘာသာမြန်မာလူမျိုးတွေရဲ့
နှစ်သစ် မှာ ကောင်းမှုကုသိုလ်နဲ့ အစပြုခြင်းဟာ လုံးဝမဖြစ်မနေလုပ်ရမယ့်
အလုပ်ပါ။
လူတွေရဲ့ဓလေ့စရိုက်ကို လူတွေကပဲပြောင်းလဲပါတယ်။ ချက်ချင်း ၉၀
ဒီဂရီတစ်ဆစ်ချိုးပြောင်းလဲသွား တာမျိုးမဟုတ်ပါဘူး။ ဆယ်စုနှစ်တခု သမိုင်း၊
ရာစုနှစ်သမိုင်း..ဒီလိုအချိန်ကာလ ခပ်ကြာကြာအကြား
တဖြည်းဖြည်းနဲ့ပြောင်းလဲတတ်တာပါ။
ဥပမာတစ်ခုလောက်ပြောရရင်.. သင်္ကြန်မိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို
မြန်မာတိုင်းကြည့်ဖူးမှာပါ။
မြန်မာပြည်တစ်ပြည်လုံးရဲ့ စိတ်နှလုံးကိုညှို့ယူသွားတဲ့ ဇာတ်ကားပါ။ မိဘ၊
သားသမီးအစဉ်အဆက်
သင်္ကြန်ပွဲတော်ကို ဆင်နွှဲတယ်၊ အနုပညာ သီချင်းတွေကောင်းတယ်။ ဇာတ်လမ်းဇာတ်ကွက်က
သင်္ကြန်မှာ ပျော်ရွှင်ရတာ တန်ဖိုးရှိတယ်။ မပျော်ရွှင်လိုက်ရဘူး။
မပါဝင်လိုက်ရဘူးဆိုရင်အချိန်တွေ
နှမျောစရာကောင်းတယ်။ ဒီလိုမျိုး message တွေပေးတဲ့ ဇာတ်ကားပါ။
ကျွန်တော့်အနေနဲ့ဆိုရင်လုံးဝအကျိုးရှိတဲ့ ရုပ်ရှင်ကားမဟုတ် ပါဘူး။
အပျော်သက်သက်ကလွဲပြီး
ရင်ဘတ်ထဲကို ဘာတခုမှ ၀င်မလာခဲ့လို့ပါ။ ကြိုက်သလိုငြင်းကြဗျာ။
မြန်မာ့အသံနဲ့ အခြားရုပ်သံတွေက
အခါခါလွှင့်ဖြစ်ပါတယ်။ လူတိုင်းရဲ့ နှုတ်ဖျားမှာ မရိုးနိုင်တဲ့ရုပ်ရှင်ပါ။
ဇာတ်ကားက အနုပညာအမြင်
လောက်နဲ့ဆိုရင် အတော်ကောင်းမှာပါ။ မြန်မာတွေရဲ့ ချစ်စရာကောင်း တဲ့ဓလေ့နဲ့
ပျော်ရွှင်မှု
ကိုဖော်ပြထားပေမယ့် တကယ်တမ်းလူတွေ စိတ်ထဲမှာနေရာယူသွားတာ အပျော်သက်သက်ပါ။
ဒီဥပမာနဲ့ အဓိကပြောချင်တာက လူတွေရဲ့စိတ်ခံစားမှုကို ဖမ်းယူနိုင်တဲ့
မီဒီယာ လိုမျိုး များလေလေ
လူအများရဲ့ ခံစားသိမှု trend က ပြောင်းလဲသွားနိုင်လေလေပါပဲ။ နောက်ဆက်တွဲက
အချိန်ကြာလာတာနဲ့
အမျှ အတွေးအမြင် ဓလေ့စရိုက်တွေပါ ပြောင်းလဲသွားခဲ့ပါတယ်။
ဒီလိုရုပ်ရှင်ကား တွေက လူတွေရဲ့
mindset ကိုပြောင်းတယ်။ ဓလေ့စရိုက်ကို ဖြည်းဖြည်းချင်းပြောင်းလဲသွားစေတဲ့
အခြေခံ factors
တွေထဲက အချက်တွေဖြစ်လာပါတယ်။ သင်္ကြန်ဆိုတာအပျော်သက်သက်ပါပဲ၊
ကုသိုလ်ကောင်းမှုပြုခြင်းတွေက သိပ်အရေးမပါလှပါဘူး။ ဘီယာအရက်သောက်သုံးခြင်းကို
လူမှုပတ် ၀န်းကျင်က တရားဝင်ခွင့်ပြုထားသလို သင်္ကြန်မှာ
ပျော်ဖို့ပါးဖို့အဓိကပါပဲ ဆိုတဲ့
စိတ်ကူးမျိုးတွေ ဖြစ်လာပါတယ်။
ဒီနှစ်သင်္ကြန်မှာ သီချင်းအသစ်အဆန်းတွေများများကြားရတယ်ပါတယ်။ အနုပညာအရတန်ဖိုးဖြတ်
ရင် တန်ဖိုးတစ်ပြားမှမရှိသော၊ လူတွေအတွက် တန်ဖိုးရှိတဲ့ message
တခုမျှမပေးနိုင်သော သီချင်းတွေ၊
အရုပ်တွေ အသံတွေ အများကြီး ထွက်ပါတယ်။ အရက်မူးပြီးကရင် အဆင်ပြေနိုင်တဲ့
သီချင်းမျိုး၊ ဘာအဓိပ္ပါယ်မှမထွက်ရင်လည်းဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေကလည်း ရိုးရာပျက်မှာ
အလွန်ကြောက်ရွံ့ပါတယ်။ သင်္ကြန်မှာ ရေပက်ခံထွက်ခြင်း၊
ရေပက်ရန်မဏ္ဍပ်ဆောက်ခြင်း၊ အရက်၊ ဘီယာ ဆေးလိပ် ကုမ္မဏီများ အတွက်
အမြတ်ဝင်ငွေရအောင်
တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းခြင်းတွေနဲ့ သင်္ကြန်မှာ ပါဝင်ဆင်နွဲကြပါတယ်။
မိန်းမပျိုများ၊ ကလေးသူငယ်များပါ
မကျန် သင်္ကြန်မှာ အရက်သောက်ကြခြင်းဆိုတာတရားဝင်သတ် မှတ်တဲ့ ရိုးရာဓလေ့ ဖြစ်လာပါပြီ။
မြန်မာပြည်ကလူများ အားသန်တဲ့ အလုပ်ဆိုတာ ရိုးရာမပျက်တဲ့
အလုပ်များဖြစ်မယ်လို့ထင် ပါတယ်။
စာဖတ်ခြင်း နိုင်ငံရေးဆိုတဲ့စကားလုံးကို နားလည်အောင်လုပ်ခြင်း စသည့်
တို့ကို ဝေရာမဏိ လုပ်ထားတာ ရိုးရာပါ။
သင်္ကြန်ဆိုရင်တော့ မပျက်မကွက်ပျော်မယ်ပါးမယ်။ ငွေကုန်မယ်၊ အားအင်ကုန်မယ်။
သင်္ကြန်ရဲ့ တစ်ဝက်လောက်ပဲ တခြားအကျိုးရှိတဲ့နေရာမှာ စိတ်ဓါတ်ခွန်အားတွေ
စိုက်ထုတ်ခဲ့ဖြစ်မယ်ဆိုရင်ဗျာ……………………………………..။
ရုပ်သံတွေကလည်း သင်္ကြန်ကစားတဲ့လူတွေကို အင်တာဗျူးတယ်။ သင်္ကြန်မှာ လူတွေကို
ဘာပြောချင်ပါသလဲ..။ ဘယ်လိုခံစားရပါသလဲ..ဆိုပြီး အထွေအထူးမေးခွန်းတွေ
မေးကြတယ်။ ဖြေတဲ့လူကလည်း ထူးထူးခြားခြား
ဖြေစရာဘာမှမရှိပါဘူး။ ပျော်ရွှင်ပါစေ ဆိုပြီးပဲဖြေကြပါတယ်။
စိတ်ခံစားမှုအနေနဲ့ ပျော်ရွှင်တယ်ဆိုတာ
ခွေးတောင် ပျော်တဲ့ ခံစားမှုကို သိပါတယ်။
ဘာမှလည်းမဟုတ်ပါဘူး။နားလည်တတ်ရင် သနားဖို့ကောင်းပါကြောင်း...
လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း
SOE HTET
01:56AM, April 15th
Friday, 15 April 2011
(((Definately not for wounded Burma!!!))))
ငါ ငါ ငါ နှင့် ဆေးလိပ်တို
Sunday, 3 April 2011
Mother's Day

