ဒီနှစ် မေ လ ရွှေးကောက်ပွဲပြီးကတည်း က ယူကေ အာဏာရ ညွန့် ပေါင်းအစိုးရ ဟာ လက်ရှိ University ကျောင်းအပ်ခ (tuition fee) ၃၂၉၀ စတာလင် ပေါင် ကို ၃ဆ နီးပါးဖြစ်တဲ့ ပေါင် ၉၀၀၀ အထိတိုးမြင့် ဖို့ လုပ်တယ်။
ညွှန့် ပေါင်းအစိုးရမှာ ဒုတိယဝန်ကြီးချုပ် (Nick Clegg) ဟာ သူအာဏာမရခင် မဲဆွယ်တုန်းကတော့ ဒီလို ကျောင်းလခ တိုးဖို့  အကြောင်းအရာကို ကန့် ကွက်မဲပေးခဲ့ပါတယ်။ ဒါပေမဲ့  အခုတော့ ပါတီ၂ခုတွဲပြီး အုပ်ချုပ်တဲ့ အချိန်မှာတော့ ဒီကျောင်းလခ တိုးမြင့်ရေးအတွက် သူ သဘောတူလိုက်ပါတယ်။ ညွှန့် ပေါင်းအစိုးရဆိုတော့ ဟိုဘက် က ပထမ ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် (David Cameron) ဘက်က မဲနဲ့ သဘောထားကို လဲ ထောက်ဆပြီး နှစ်ပါတီညီညွှတ်ရေးအတွက် ကျားကွက် ကစားတာများလား လို့ ထင်ရပါတယ်။
ယူကေ က နိုင်ငံ (၄) နိုင်ငံစလုံးဖြစ်တဲ့ ဝေးလ်၊ အင်္ဂလန်၊ မြောက်ပိုင်း အိုင်ယာလန်၊ စကော့တလန် စတဲ့ နိုင်ငံအသီးသီး က University students တွေဟာ နိုဝင်ဘာလ (၁၀) ရက်နေ့ ကစပြီး အင်အား ၃သောင်းမှ - ၅သောင်းခွဲခန့်  စုပေါင်းကာ သပိတ်မှောက်ခဲ့ကြပါတယ်။
အစမှာ ငြိမ်းငြိမ်းချမ်းချမ်း သပိတ်မှောက်ခဲ့ကြပေမဲ့ ဒေါသမထိန်းနိုင်တဲ့ လူအုပ်ကြီးဟာ (စာလုံးမဲကြီးနဲ့ ) အစိုးရရုံးတစ်ချို့ ကိုဖျက်စီးခဲ့ကြပါတယ်။ ဒီက ရဲတွေကလဲ မြင်းတွေ အတင်းမောင်းပြီး လူစုခွဲခဲ့ကြတတယ်။

9.12.2010 ကြာသာပတေးနေ့ က အိမ်ရှေ့ မင်းသား ချားလ်စ် နဲ့  ကြင်ယာတော် ကင်မီလာ တို့ စီးလာတဲ့ Rolls Royce ကားကို Regent street မှာ ဝိုင်းပြီး တစ်ချို့  က ခဲနဲ့ ထုကြတယ်။ ကားပေါ်က လူတွေ တော့ အထိအခိုက်မရှိပေမဲ့  ။ ဒီလို အတိုက်အခိုက်ခံရမယ်လို့  သူတို့ မျှော်လင့်မထားခဲ့တော့ တော်တော် ရှော့ခ် ဖြစ်သွားဆိုဘဲ။ လုံခြုံရေးတာဝန် ယူထားတဲ့ ရဲကလဲ ရာထူးက နှုတ်ထွက်ပါရစေလို့ ဆိုသတဲ့။ သူတာဝန်မကျေပွန်ခဲ့လို့ ပါတဲ့။

ခုတော့ CCTV နဲ့ ဓါတ်ပုံတွေမှာ ရှိတဲ့ ကျောင်းသားတွေရဲ့  ပုံရိပ်ကိုယူပြီးကျောင်းသားခေါင်းဆောင်တစ်ချို့  ကို စုံစမ်းမေးမြန်းဖို့  လိုက်ရှာနေပါသတဲ့။