Monday 7 September 2009

(67) HOW TO LOOK FABULOUS AT 40 PLUS

AUGUST လ 31 ရက်နေ့  ထုတ် DAILY MIRROR မှာ ရေးထားတဲ့ ကော်လံ အပိုင်းလေးကို စိတ်ဝင်စားလို့  ဘာသာပြန် ရေးလိုက်ပါတယ်။


HOW TO LOOK FABULOUS AT 40 PLUS?
အသက် ၄၀ကျော် တွင်နု ပျိုအောင်နိုင်မည့် နည်းလမ်းများ။

ဆောင်စရာ အစား (၅)မျိုး
- 1 >EGGS ကြက်ဥ၊ ဘဲဥ တို့ တွင် ဗီတာမင် E အပြည့်အ၀ပါဝင်သည့်အပြင် သွားနှင့် အရိုးများကို ခိုင်မာစေသည့် CALCIUM ကိုခန္ဓာကိုယ်မှု စုတ်ယူမှု့  ကို အားပေးသည့်အတွက် စားသင့်ပါတယ်။

- 2> DATES သည်အစာကြေလွယ်ပြီး ဗီတာမင် A B C ပါဝင်ပြီး အစာခြေမှု ကို အကူအညီပေးသည့် တွက် စားသုံးသင့်ပါတယ်။

- 3 >ALMONDS အစေ့သည့် ပါးရည်တွန့် ခြင်းကို ဟန့် တားသည့် ဗီတာမင် E ပါဝင်သဖြင့် တနေ့  နည်းနည်း စားသုံးသင့်ပါတယ် ။ (မှတ်ချက်။ CALORIES ပမာဏများသောကြောင့် ကိုးစေ့ ၊ဆယ်စေ့ခန့် 
သာစားသင့်ပါတယ်။ )

-4> BERRIES - ရောင်စုံဘယ်ရီ သီးများဖြစ်ကြတဲ့၊ STRAW BARRIES, RUSPBARRIES, BLUE BARREIS, BLACKBARRIES တွေမှာ POWERFUL ANTI OXIDANTS တွေပါတဲ့ အတွက် နုပျိုစေပါတယ်။

-5> AVOCADOS - ထောပတ်သီးမှာ ဗီတာမင် C, E ပြည့်ဝတဲ့ အတွက် အသားအရည်ကို စိုပြေစေပါတယ်


ရှောင်စရာများမှာ အချက် (၅)ချက်

-1> SMOOKING ဆေးလိပ်သောက်ခြင်း
ဆေးလိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ကွမ်းစားဆေးငုံခြင်း၊ ဘိန်းရှုငြင်း၊ မူးရစ်ဆေးဝါး သွေးကြောထဲ သွင်းငြင်းများဟာ နဂို မူရင်းအသက်ကို မြန်မြန်အို စေပါတယ်။


_2> ALCOHOL အရက်သောက်ခြင်း
အရက်သောက်ခြင်းဟာ အသားအရည်ကိုခြောက်ခန်းစေပါတယ်။ ဇီဝရုပ် ဖြစ်ပျက်မှု (METABOLISM) ကိုနှေးစေသဖြင့် ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့  အဆီစုဆောင်းခြင်းများ ဖြစ်စေပါတယ်။

(ရက်သတ္တပတ်မှာ ၄ရက်လောက်ကို လုံးဝမသောက်ဘဲရှောင်နိုင်ရင် အကောင်းဆုံးပါဘဲ)


-3> SUGAR သကြားပမာဏများစွာ စားသောက်ခြင်း
သကြားအဖြူဟာ အရည်ပြားပေါ်က COLLAGEN BREAKDOWN ဖြစ်စေတာကြောင့် အရည်တွန့် ခြင်း ခြင်းနဲ့  အဆီ စုဆောင်းခြင်းဖြစ်လို့  ပမာဏများစွာ စားသုံးခြင်းမျိုးကို ရှောင်သင့်ပါတယ်။

-4> STRESS စိတ်ဖိစီးမှု များခြင်း
AMERICAN STUDY အရ စိတ်ဖိစီးမှု နဲ့  စိတ်သောက ရောက်မှု များဟာ အသက်အရွယ် ကို ပို မို ရင့် ရော်စေပါတယ်တဲ၊ စိတ်ဖိစီးမှု သောကကင်းတဲ့  အမျိုးသမီးများဟာ မူရင်းအသက်ထက် ၁၀နှစ်လောက်ပိုပြီး အရွယ်တင်ပါတယ်။

-5> FIZZY DRINKS - ALCOHOL မပါတဲ့ အချိုရည်များ သောက်ခြင်း

BRISTOL UNIVERSITY STUDY အရ အချို့  FIZZY DRINKS များဟာ အရိုးထဲမှာပါတဲ့  CALCIUM ကို ဆုံးရှုံး မှု ကို ဖြစ်စေပြီး အရွယ်မတိုင်မှီ အိုမင်းခြင်းကို ဖြစ်စေတာကြောင့် ရေရိုးရိုး ၊ အဆီ ထုတ်ထားတဲ့ နွားနို့. စသည်တို့ ကို သာ အစားထိုးအဖြစ် သောက်သုံးသင့်ပါတယ်။

2 comments: