ထိုင်း နိုင်ငံ အစိုးရ နှင့် အတိုက်အခံ သက်ဆင် ထောက်ခံသူများ အကြား တင်းမာမှု များ ဆက်တိုက် ဖြစ်လာခဲ့ ရာ ယမန်နေ့  ညနေပိုင်းက ထိုင်းအစိုးရစစ်တပ်မှ ရာဘာကျည်ဆံများ၊ မျက်ရည်ယိုဗုန်းများ ဖြင့် ဖြို ခွင်းရာ။ ဆန္ဒပြ အနီရောင်ဝတ်များမှ ပြန်လည် ခုခံ ကြ ရာ။ လူ ၁၂ဦး သေဆုံးကြောင်း သတင်းရရှိပါသည်။ အဆိုပါ သေဆုံးသူ ၁၂ ဦးတွင် စစ် သား ၃ဦး အပြင် အသက် ၄၃ နှစ်ရှိ ဂျပန် တီဗွီ ကင်မရာမန်း တဦး လည်းပါရှိသည်။ ၁၈နှစ်တာ ကာလအတွင်း ယမန်နေ့  လူသေဆုံးမှု အပြင်းထန်ဆုံး အဆိုးရွားဆုံး နိုင်ငံရေး အုံကြွ ဆူပူမှု ဖြစ်ကြောင်း သိရပါသည်။


အနီရောင် ဝတ် ဆန္ဒပြသူများ တပ်စွဲသည့် အစိုးရ အဆောက်အဦး နှင့် ကုလသမဂ္ဂ အဆောက်အဦး များရှိသည့် ဘန်ကောက် old quarter ရှိ Phan Fah တံတား နှင့် Rajdumnoen လမ်း အနီး တွင် လုံခြုံရေးစစ်သား နှင့် ရဲ ၆၄ ဦးအပါအဝင် အားလုံး ၅၂၁ ဦး ဒဏ်ရာရရှိ ကြောင်းသိရသည်။

လူဦးရေ ၁၅သန်းနေထိုင်တဲ့ ဘန်ကောက်မြို့ ဟာ မသေချာတဲ့  စိုးရိမ်တင်းမာမှုတွေ လွမ်းခြုံနေပြီး၊ ဆန္ဒပြသူများဟာ လမ်းပေါ်မှာ ဆက်လက်ရှိနေပါသေးတယ်။ သူတို့ တောင်းဆိုတဲ့ ဝန်ကြီးချုပ် Abhisit တိုင်းပြည်က ထွက်သွားဖို့ ကိစ္စ အရိပ်အယောင် မမြင်ရသေးပါတဲ့။
ထိုင်းနိုင်ငံတွင်း တီဗွီ သတင်းများတွင် ဝန်ကြီးချုပ် Abhisit က သေဆုံးသူ မိသားစုများအတွက်ဝမ်းနည်းကြောင်း၊ စစ်တပ်မှာ ကျည်ဆန်ကို မိုးပေါ်ထောင်ဖေါက်ရန်သာ (လေထဲသို့ ဖောက်ရန်သာ၊ မိမိကိုယ်ကိုကာကွယ်ရန်၊ ဆန္ဒပြများအား ခြောက်လှန့် ယုံ သာ) ခွင့်ပြု ထားပါကြောင်း တင်းထုတ်ပြန်သည်။
No comments:
Post a Comment