Wednesday 21 April 2010

မှတ်ဥာဏ် ပျောက်သွားခဲ့ရင်

မှတ်ဥာဏ်တွေ တဖြေးဖြေး လျှော့ လာခဲ့ရင် ဘာလုပ်မလဲ ဆိုတဲ့ အတွေး ခဏ ခဏ ဝင်ေ နမိတယ်။ ခုအသက်အရွယ် ရလာတဲ့အချိန်မှာ ပိုပို မေ့တတ်လာတယ်။ အပြင်ကိုသွားတိုင်း အိမ်ကနေမထွက်ခင် သော့၊ ဖုန်း၊ ငွေအကြွေထည့်တဲ့ အိပ်သေးသေးလေးရယ် နောက် အရေးကြီးတဲ့ train ticket, ID cards စတဲ့ ကာဒ်ပြားတွေ ထည့်တဲ့ ခေါက်အိပ်ပိစိလေးရယ် ကို သေချာရေပြီး စစ်မိတယ်။ ပါးစပ်ကပါ တစ်နှစ်သုံးလေး ဆိုပြီး ရေရွတ်ပြီး စစ် လိုက်ရမှ စိတ်က ကျေနပ်မိသလို ပါဘဲ။

စာထဲမှာ ဖတ်ဖူးတာက ဦးနှောက်က ဆဲလ်တွေဟာ မိနစ်တိုင်း စက္ကန့် တိုင်း မှာ ပျက်စီးလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ ဆိုဘဲ။ အသက်ကြီးလာရင် ဆဲလ်တွေ ၊ ကလပ်စီးတွေ အသစ်တိုးတာထက် ပျက်တာက များများလာပါတယ်တဲ့ ။

တခါတလေလဲ မထင်ထားတာတွေ ပြန်ပြန် မှတ်မိနေတယ်။ အငယ်မ (တစ်ဦးတည်းသော ညီမ) နဲ့ အသက်ချင်း ၂နှစ် ကွာတယ်။ သူ့ ကိုမွေးတော့ ကျမ အသက် ၂နှစ်သမီးပေါ့။ သူ့ ကို အိမ်ကိုခေါ်လာတာ ကို အဲဒီအရွယ်ထဲက မှတ်မိတယ်။ အမေပိုက်ပွေ့ လာတဲ့ နီနီရဲရဲ ကလေးမ ပေါက်စကို လေ့လာစူးစမ်းစိတ်နဲ့ တချက်ကြည့်ပြီး တပြိုင်ထဲမှာဘဲ ငါကိုလူတွေ မချစ်ကြတော့ဘူး ဆိုပြီး အတွေးပေါက်တယ်။ ယုံကြည့်လိုက်ပါဦး .... အသက် ၂နှစ်သမီးထဲက ဒီလို ခံစားခဲ့ရဖူးတာကို ခုထိ မှတ်မိနေတယ်။ ငယ်ငယ်က နေခဲ့တဲ့အိမ်အနေအထား၊ ထပ်ပြင်ဆောက်တဲ့ အိမ်အနေအထား အဲဒါတွေက အစ အကုန်မှတ်မိနေတယ်။


လွန်ခဲ့တဲ့နှစ်တုန်း က စိတ်ရှုပ်ထွေး စရာ ကြုံခဲ့ရတာကတော့ ဓါတ်မှန် result ထဲမှာတွေ့ တဲ့  ရင်ညွှန့် ရိုးနား က metal အစကိုပါ။ ဘာ့ကြောင့်ဒီနေရာမှာ ကလန့် ခံရှိနေတာလဲ။ ဒါဟာ ဘာ့ကြောင်ဖြစ်တာလဲ။ ဘယ်တုန်းကဖြစ်တာလဲ။ ဆိုတာ ဘယ်လို မှ အထပ်ထပ် စဉ်းစားလို့ မရဘူး။ တခါတလေ ပြန်မှတ်မိမလားလို့  တွေးကြည့် နေပေမဲ့ ဘယ်လို မှ မသိတော့ ။ အကန့် ဖျက်ထားလိုက်ပါတယ်။ ဆရာဝန် က MRI မလုပ်ရဘူး အန္တရာယ် ရှိတယ် လို့  ဆေးမှတ်တမ်း စာအုပ်ထဲမှာ ရေးပေးထားတယ်။ အင်း ကြာတော့လဲ့ ပေလေယက်ကန် ထားလိုက်နိုင်ပါပြီ။

Demensia အဖြစ်များတဲ့ Age Group ထဲမှာလဲ မပါတော့ ဘာမှန်းကိုယ့် ကို ကိုယ်မသိဘူး။ စိတ်ဓါတ်ကျတာတို့ ဘာတို့ တော့ လောလောဆယ် မခံစားနေရပါဘူး။ သို့ သော် ခုတစ်လော ဝါဒီတွေ နည်းနည်းများပြီး ၊ လောကကြီးကို နည်းနည်း စိတ်ပျက်နေတယ်။

1 comment:

  1. စိတ်မလျှော့ပါနဲ့ လေ။ ငါဆိုရင် တခါက အလုပ်လုပ်ရင်းနဲ့ computer က key board က ဂဏန်းရိုက်ထဲ့ ၇မှာကို ဘေးမှာရှိနေတဲ့ calculator က ဂဏန်းတွေနှိပ်နေတယ်။ တော်တော် အကြိမ်များ၂ ထဲ့လို့် မရတော့မှ သေချာကြည့်လိုက်တော့ ငါမှားနေတာလေ

    ReplyDelete