Thursday 1 April 2010

သူတို့ ဒေသ၊ သူတို့ ပွဲတော်


Easter ဆိုရင် ဆေးရောင် ချယ်ထားတဲ့ ၊ ကြက်ဥ လေးတွေ ရယ်၊ ယုံပုံ ချောကလက် လေးတွေရယ် လောက်သာ အကြမ်းဖျင်း တွေးမိပါတယ်။

ခရစ်ယာန် သာသနာ မထွန်းကာမီ တချိန်တုန်း အခါက အင်္ဂလန်ရဲ့  ကိုးကွယ် ယုံကြည်မှု့ ပုံသေနည်း ကျ မရှိခဲ့ပါဘူး။ မြေကြီးကို ကိုးကွယ်သူ၊ ရေကို ကိုးကွယ်သူ၊ နေ၊လ၊ ကြယ် စသည် တို့ ကို (God) နတ်ဘုရား နဲ့ (Goddess) နတ်ဘုရား မ များ အနေနဲ့  ကိုးကွယ်သူ စသဖြင့် ရှိခဲ့ ကြပါတယ်။


AD 64 (After Jesus borned) မှာ အင်္ဂလန်ကို Roman တွေရောက်လာပြီး ခရစ်ယာန် ဘာသာကို သက်သွင်း ခဲ့ပါတယ်။ Easter ဆိုတဲ့ စကားဟာ Eostre ဆိုတဲ့  စကားက ဆင်းသက် လာတာပါ။ Eostre ဆိုတာ နတ်ဘုရားမ (Goddess) တစ်ပါးရဲ့ အမည်ပါ။
လူသိများတဲ့  ဂရိ၊ ရိုမန်၊ အီဂျစ် နတ်ဘုရား/မ များကတော့
-Venus (ချစ်ခြင်း မေတ္တာနဲ့  အလှအပ) ဗီးနစ် ရုပ်ထု ကတော့ တော်တော် ကြော်ကြား ပါတယ်။
Eostre (မျိုးဆက် ပြန့် ပွားတာ fertility ကို ကောင်းချီး ပေးပါတယ်။ နွေဦးရာသီရဲ့ နတ်ဘုရားမပါ)
-Juno (ထိမ်မြား လက်ထပ်ခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ ကလေးမွေးခြင်း တွေမှာ ကောင်းချီး ပေးပါတယ်။)
- Nike (အောင်မြင်ခြင်း) အားကစား ဝတ်စုံတွေမှာ အမှန်ခြစ် တံဆိပ်ကလေးနဲ Nike ဟာလဲ အောင်မြင်ခြင်းကို ကိုယ်စားပြုတဲ့  အမှတ်အသား ဖြစ်မယ်ထင်ပါတယ်။
- Panoma (သစ်ပင်၊ပန်းမန်များကို စောင့်ရှောက်သော နတ်ဘုရားမ)
စတာတို့ ဖြစ်ကြပါတယ်။ Goddess တွေကတော့ အများကြီးပါ။

Easter ပွဲဆင်းသက်လာတဲ့ Eostre နတ်ဘုရားမ အထိန်းအမှတ်နဲ့  fertility ကိုကိုယ်စားပြုတဲ့  (ယုန် = easter bunny,) နဲ့  ၊ ဥ (symbol of new life = easter egg) တို့  ဟာလဲ Easter ပွဲမှာ မပါမနေတဲ့အရာတွေပေါ့။ ချောကလက် ကတော့ ဘာ့ကြောင့် ပါ မှန်းမသိဘူး။ ချောကလက် ထွက်တဲ့  ကိုးကိုး ပင် ဟာ North America မှ စတင်ထွက်ရှိပြီး အင်္ဂလန်ကို ချောကလက် စပြီးတင်သွင်းတာ ရောက်တာ နှစ်ပေါင်း ၁၅၀ လောက်သာ ရှိပါဦးမယ်။ Easter ပွဲ ကျင်းပတဲ့ အစဉ်အလာကတော့ ဟိုးရှေးရှေး တုန်းကတည်းကပါ။

ရိုမန် ကက်သလစ် ဘာသာဝင်များ ဟာ Easter ပွဲ တော် ကို Christmas ထက်တောင် မှ ပိုပြီး အလေး အနက် ထား ကျင်းပ ကြပါတယ်။ ပွဲတော် မတိုင်မီ သီတင်း သီလ ဆောက်တည် ကြပါတယ်။ Jesus ဟာ သဲကန္တရထဲမှာ ရက်ပေါင်း ၄၀ကြာ သွား နေပါခဲ့တယ်။ အစာမစား ရေမသောက်ပေါ့။ အဲဒီအချိန်မှာ Devil (မာရ်နတ်) က Jesus ကို ၃ကြိမ်တိုင်တိုင် သွားပြီး စကားပြော သွေးဆောင် ပါတယ် အစားစားအောင် ပါ။ အဲဒီ ရက် ၄၀ ကို အထိန်း အမှတ်ပြု ပြီး အစား ရှောင်ခြင်း သီတင်းသီလ ဆောက်ခြင်းကို (fasting) လုပ်ကြပါတယ်။ Jesus ကားစင်တင် အသတ်ခံရတဲ့ နေ ကိုတော့ Good Friday လို့ ခေါ်ပြီး ၊ ပြန်လည် ရှင်သန်ထမြောက်တဲ့ နေ့  ကိုတော့ (Easter day) လို့ ခေါ်ပါတယ်။

Easter egg မှာ ဆေးရောင် ခြယ်တဲ့ ယဉ်ကျေးမှု ကတော့ 1970 ခုနှစ်လောက် ကမှ တရုတ် ပြည်ဘက်က စခဲ့တာဖြစ်ပါတယ်။
ကလေးတွေ ကတော့ ဖွက်ထားတဲ့  ဆေးရောင်စုံ ကြက်ဥ လေးတွေကို အပျော် အဖြစ် ရှာဖွေကြပါတယ်။ စူပါမားကတ် တွေမှာ တော့ ယုံ ပုံ ချောကလက် တွေ၊ ကြက်ဥပုံ ချောကလက်တွေ၊ cross bun အပေါင်း လက္ခဏာ ပုံပါတဲ့  ပေါင်မုန်လုံးတွေ တော်တော် ရောင်းရပါတယ်။ ကျောင်းပိတ်ပြီး၊ bank holiday ဖြစ်တာမို့  အလုပ်များတဲ့  လူတွေ အတွက် တော့ အားပါးတရ အနားယူရမဲ့ အချိန် ကောင်းဖြစ်ပါတယ်။

ref: discussion with lecturers Rachel and Peter NEARUS

No comments:

Post a Comment