အောက်က ဓါတ်ပုံကတော့ မီးသတ်သမားတွေ လေယာဉ်ပျက်ကို မီးငြိမ်းသတ်နေတာပါ။

လေယာဉ်ပျက်ကျမှုမှာ စီနင်းလိုက်ပါသူ ၉၆ ဦးလုံး သေဆုံးခဲ့ပါတယ်။ အောက်မေ့ လွမ်းဆွတ်ဖွယ် ကာလကို ရက်သတ္တတပတ် သတ်မှတ်ပြီး၊ ဘုရင်မကြီးအပြင်၊ ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်များမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ ကြပါတယ်။
ဝါဆော အလည်မှာ သောင်းချီတဲ့ ပိုလန်များဟာလဲ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ပန်းစည်းချခြင်း ၊ ဖယောင်းတိုင်ထွန်းခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ပိုလန် နိုင်ငံ အတွက် အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှု လို့ ဆိုကြပါတယ်။
သမ္မတ သစ်ရွေးကောက်ပွဲ နေ့ ရက် ကို ကို ရက်သတ္တ ၂ ပတ်အတွင်းကြေငြာ ရမှာဖြစ်ပြီး၊ ရွေးကောက်ပွဲ ကိုတော့ နောက်လာမဲ့  ၂လအတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
သေဆုံးသူ ပိုလန်သမ္မတဟာ အသက် ၆၀ ကျော်ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ ၂၀၀၅ မှ သေဆုံးချိန် ဧပြီ ၂၀၁၀ အထိ သမ္မတ တာဝန် ၅ နှစ်တာ ထမ်းဆောင်ခဲ့ ပြီး သူ ရဲ့ အမွှာညီအကို (idenitical twin brother) Jaroslaw Kaczyński ကတော့ ယခင်ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ယခု Law and justice ပါတီမှာ လက်ရှိ လူကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ref: Wiki
No comments:
Post a Comment