Thursday 15 April 2010

Federal ပြည်ထောင်စု post from ဒုတိယ blog

http://dutiya.blogspot.com/2010/04/federal.html
ဒုတိယ blog မှ ဖတ်မိတဲ့ စိတ်ဝင်စား စရာ (Federal ပြည်ထောင်စု) အကြောင်းကို ကူးယူ မျှဝေလိုက်ပါတယ်
Tuesday, 13 April 2010
Federal ပြည်ထောင်စု

Federal Government ဆိုတာ အစိုးရ အဖွဲ့ ငယ် များ ပေါင်းစပ် ဖွဲ့ စည်းထားတဲ့ အစိုးရအဖွဲ့ ကြီးပါ ။ Federal Government မှာ ဗဟို အစိုးရ ၊ ပြည်နယ်အစိုးရ နဲ့  အခြားသော အစိုးရအဖွဲ့ ငယ်တွေ ပါဝင်ပါတယ် ။ ဖွဲ့ စည်း ပုံ ဟာ နိုင်ငံအလိုက် တစ်နိုင်ငံ နဲ့  တစ်နိုင်ငံ မတူကြဘူး ။ အခြေခံ တူညီတဲ့ Federal Government ဖွဲ့ စည်းပုံ တွေကတော့ ၊ နိုင်ငံ အတွင်းမှာ အစိုးရအဖွဲ့  အဆင့်ဆင့် ရှိပြီး ၊ အဲဒီအစိုးရ အဖွဲ့ တွေဟာ အတူတကွ သော်၎င်း ၊ အာဏာခွဲဝေ၍ သော်၎င်း အုပ်ချုပ်ကြတယ် ။

ဗဟိုအစိုးရ မှာ တစ်နိုင်ငံ လုံး နှင့်ဆိုင်သော ဥပဒေ များ ထုတ်ပြန် ခွင့်ရှိတယ် ။ ဥပမာ -တစ်နိုင်ငံလုံး ကို ကိုယ်စား ပြုပြီး နိုင်ငံတကာနဲ့ ဆက်ဆံ ရသော စစ်ရေး ၊ ကုန်သွယ်ရေး ၊ မဟာမိတ် နိုင်ငံဖွဲ့ ရေး ၊ နိုင်ငံတော် ကာကွယ်ရေး အစရှိတဲ့ တစ်နိုင်ငံလုံး ကို ကိုယ်စားပြု တဲ့အချုပ်အခြာ အာဏာဟာ ဗဟို အစိုးရမှာပဲ ရှိတယ် ။

ပြည်နယ် အစိုးရ အဖွဲ့ တွေမှာ တစ်နိုင်ငံလုံးနဲ့  သက်ဆိုင် တဲ့ ဥပဒေ ထုတ်ပြန်ခွင့် မရှိပေမဲ့ ၊ လွှတ်တော်မှာ တင်ပြ ပိုင်ခွင့် ၊ ဆွေးနွေးခွင့် တွေရှိတယ် ။ အုပ်ချုပ်ရာ နယ်မြေ တွင်းမှာ သူ့ ရဲ့ အချုပ်အခြာ အာဏာ ဟာ နိုင်ငံတစ်နိုင်ငံ ၏ အချုပ်အခြာ အာဏာ ကဲ့သို့  တည်မြဲ ပြီး ၊ အခြားသော အစိုးရ အဖွဲ့ တွေက ၀င်ရောက် စွက်ဖက် ပိုင်ခွင့်မရှိဘူး ။ ဗဟိုအစိုးရ ကထုတ်ပြန်တာမဟုတ်ပဲ ပြည်နယ်အစိုးရ တစ်ခုကထုတ်ပြန်တဲ့ ဥပဒေ ဟာ တစ်ခြား ပြည်နယ်တစ်ခု မှာ သက်ရောက် မှုမရှိဘူး ။

ဥပမာအနေနဲ့  -

• ပညာရေးပိုင်းမှာ - ပြည်နယ်တစ်ခုမှာ အထက်တန်း ကျောင်းသား များကို သိပ္ပံ / ၀ိဇ္ဇာ ကျောင်းသား လို့  ခွဲခြား သတ်မှတ်ပြီး ၊ သိပ္ပံကျောင်းသားက ဘယ် ဘာသာရပ်တွေ ၊ ၀ိဇ္ဇာ ကျောင်းသား က ဘယ် ဘာသာ ရပ် တွေ ကိုသင်ကြား ရမယ်လို့  ပုံသေ သတ်မှတ် ထားပေမဲ့ ၊ အခြား ပြည်နယ် တစ်ခုမှာ မြန်မာစာ ၊ အင်္ဂလိပ်စာ နဲ့  သချာင်္ ဘာသာရပ်များ ကသာ မသင်မနေရ ဘာသာရပ်တွေ ဖြစ်ပြီး အောင်မြင် ရမဲ့  ဘာသာရပ် အရည်အတွက် ပြည့်အောင် ကျန်ရှိတဲ့ ဘာသာရပ်တွေထဲက မိမိ စိတ်ကြိုက်ဘာသာရပ် တွေကို ရွေးချယ် သင်ယူ ပိုင်ခွင့်ရှိတာမျိုး

• ပြည်နယ်တွင်းဥပဒေပိုင်းမှာ - ပြည်နယ် တစ်ခုမှာ ယာဉ်စည်းကမ်း ဖောက်ဖျက်ရင် ဒဏ်ငွေ ဘယ်လောက် ပေးဆောင်ရ မယ် လို့  သတ်မှတ် ထားပေမဲ့ ၊ အခြားပြည်နယ် တစ်ခုမှာ ဒဏ်ငွေ အပြင် ထောင်ဒဏ်ကိုပါ ပူးတွဲ ကျခံ ရမယ်လို့  သတ်မှတ် ထားတာမျိုး

• ပြည်နယ် တစ်ခုမှာ ရဲဝန်ထမ်း ၀တ်စုံကို အသား ရောင် လို့  သတ်မှတ်ထား ပေမဲ့ ၊ အခြားပြည်နယ် တစ်ခုမှာ အပြာရောင် လို့  သတ်မှတ်ထား တာမျိုး

• ပြည်နယ်တစ်ခုမှာ ကုန်ပစ္စည်းအချို့ ကို ( ဥပမာ-အချိုမှုန့်  ၊ ကျွဲရိုင်း ) တရားဝင် ရောင်းချခွင့် မရှိလို့  သတ်မှတ်ထား ပေမဲ့ ၊ အခြား ပြည်နယ် တစ်ခုမှာ တရားဝင် ရောင်းချခွင့် ပြုထား တာမျိုး

ပြည်နယ် (သီးခြားအုပ်ချုပ်ခွင့်ရနယ်မြေ) တစ်ခု နဲ့  တစ်ခု ပြဋ္ဌာန်း ထားတဲ့ ဥပဒေ တွေကွဲ ပြားနိုင်တယ် ။ ပြည်နယ် အတွင်း နေထိုင် ကြတဲ့ ပြည်သူ တွေဟာ ကိုယ့်ပြည်နယ် အစိုးရကို ကိုယ့်စိတ်ကြိုက် ရွေးချယ် တင်မြှောက်ခွင့် ရှိတယ် ။ ပြည်နယ်အစိုးရ လက်အောက်မှာ အခြား အစိုးရ အဖွဲ့ ငယ်တွေရှိတယ် ။ မြို့ တော်ဝန်တို့  ၊ ကျေးရွာ သူကြီး တို့ ဟာ ပြည်နယ် အစိုးရ လက်အောက်က အစိုးရအဖွဲ့ ငယ်တွေ ဖြစ်တယ် ။

ပြည်နယ်အစိုးရရဲ့  အချုပ်အခြာအာဏာဟာ အုပ်ချုပ်ရာ နယ်မြေ အတွင်းမှာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ကဲ့သို့  တည်မြဲ တယ်ဆို ပေမဲ့ ၊ ပြည်နယ် အစိုးရတွေဟာ စစ်တပ်ဖွဲ့ စည်းပိုင်ခွင့် ၊ အခြားသော နိုင်ငံ များကို စစ်ကြေညာခွင့် ၊ အခြားသော နိုင်ငံများနဲ့  မဟာမိတ်ဖွဲ့ ခွင့် ၊ ကုန်သွယ်ခွင့် စာချုပ် ချုပ်ဆို ခွင့် လိုမျိုး အချုပ်အခြာ အာဏာ တွေမှာ အကန့် အသတ် တွေရှိပါတယ် ။ ပြည်နယ် အစိုးရရဲ့  လုပ်ပိုင်ခွင့်တွေဟာ နိုင်ငံရဲ့ အခြေခံ ဥပဒေ ပေါ် မူတည်ပြီး တစ်နိုင်ငံ နဲ့  တစ်နိုင်ငံ မတူကြပါဘူး ။ အချို့ သော နိုင်ငံတွေမှာ ပြည်နယ် အစိုးရက ပြည်နယ်အတွင်း အခွန် အတိုး အလျှော့ လုပ်ပိုင်ခွင့်ရှိ ပေမဲ့ ၊ အချို့ သော နိုင်ငံတွေမှာ လုပ်ပိုင် ခွင့် မရှိပါဘူး ။

အမေရိကန် နိုင်ငံဟာ ပထမဆုံး Federal Government စနစ်ကို စတင် ကျင့်သုံး ခဲ့ တဲ့ နိုင်ငံ ဖြစ်ပြီး ၊ အင်္ဂလိပ် လက်အောက်က လွတ်လပ်ရေး ရပြီးနောက်ပိုင်း ( ၁၇၈၁ ) က စပြီး Federalism ကို စတင်ကျင့် သုံးခဲ့တယ် ။ Wikipedia အရ လက်ရှိ Federal Government စနစ်ဖြင့် အုပ်ချုပ်နေတဲ့ နိုင်ငံတွေကတော့ -

• Argentina (23 provinces and 1 autonomous city)
• Australia (6 states and 3 territories)
• Austria (9 states)
• Belgium (3 regions and 3 linguistic communities)
• Bosnia and Herzegovina (Federation of Bosnia and Herzegovina, Republika Srpska and Brčko District)
• Brazil (26 states and 1 federal district)
• Canada (10 provinces and 3 territories)
• Comoros (Anjouan, Grande Comore, Mohéli)
• Ethiopia (9 regions and 3 chartered cities)
• Germany (16 states)
• India (28 states and 7 union territories)
• Iraq (Currently 18 governates and 1 region)
• Malaysia (13 states and 3 federal territories)
• Mexico (31 states and 1 federal district)
• Micronesia (Chuuk, Kosrae, Pohnpei and Yap)
• Nigeria (36 states and 1 federal capital territory)
• Palau (16 states)
• Russia (46 oblasts, 21 republics, 9 krais, 4 autonomous okrugs, 2 federal cities, 1 autonomous oblast)
• Switzerland (26 cantons)
• United Arab Emirates (7 emirates)
• United States (50 states and 1 federal district)
• Venezuela (23 states, 1 capital district and 1 federal dependency)

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာလဲ တိုင်းရင်သားခေါင်းဆောင်များနဲ့  ပင်လုံစာချုပ် ချုပ်ဆိုပြီး ၊မြန်မာ နိုင်ငံမှာ Federal Government စနစ် တည်ထောင် နိုင်ရန် ကြိုးစားခဲ့သူ ဖြစ်တယ် ။

တိုင်းရင်းသား ခေါင်းဆောင် တွေက ပြည်နယ် အတွင်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရှိရမယ်လို့ပြောရင် ၊ ပြည်ထောင်စု ကြီး မှ သီခြားနိုင်ငံ အဖြစ် ခွဲထွက်လိုသူဟုတလွဲ နားလည် သဘောပေါက် နေသူများ လည်းရှိတယ် ။ ပြည်နယ် များမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိရေး နဲ့  သီခြား နိုင်ငံ အဖြစ် ခွဲထွက် တည်ထောင် ခြင်းဟာ အဓိပ္ပါယ် ချင်း လုံးဝ ကွဲလွဲ ပါတယ် ။

တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုပေါင်း နေထိုင် ကြတဲ့ ကျွန်တော် တို့ ရဲ့မြန်မာနိုင်ငံမှာ တိုင်းရင်းသားများ အတူတကွ ချစ်ခင် ရင်းနှီး စွာနေထိုင် နိုင်ဖို့ နဲ့  သက်တမ်း ကြာရှည်စွာ အဆုံးမသတ် နိုင်သေးတဲ့ ပြည်တွင်းစစ် တွေ ရပ်တန့် နိုင်ဖို့ အတွက် Federal ပြည်ထောင်စု စနစ်ဟာ တစ်ခုတည်း သော နည်းလမ်းသာ ဖြစ်တယ် ။ ။

ကျွန်တော်သည် နိုင်ငံရေး သမားတစ်ဦး မဟုတ်သလို ဥပဒေ ရေးရာ များကို နားလည်သူလဲ မဟုတ်ပါ ။ ကျွန်တော် ဖတ်မိသော စာများအား နားလည်သမျှ နဲ့  ဆက်စပ်တွေးမိသမျှ များကို ရေးသားထားခြင်းသာ ဖြစ်သည် ။



Posted by MTM at 10:48

No comments:

Post a Comment